Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လာနီညာအခြေအနေကြောင့် လာမည့်သုံးလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်

လာမည့်ဒီဇင်ဘာလ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင်အားကောင်းသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်သည့်အတွက်

မြန်မာနိုင်ငံ၌ အအေးလွန်ကဲမှုနှင့်အချိန်အခါမဟုတ် မိုးရွာသွန်းမှုများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်) မှသိရသည်။

လက်ရှိအီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ လက်ရှိတွင် အားအနည်းငယ်မှ အသင့်အတင့်ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေပြီး နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဆောင်းရာသီကာလများဖြစ်သည့် ဒီဇင်ဘာလ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် အားအသင့်အတင့်မှ အားကောင်းသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

''လာနီညာရာသီဖြစ်စဉ်ကြောင့် မိုးလွန်ကာလနဲ့ဆောင်းရာသီကာလမှာလည်း မိုးရွာသွန်းနိုင်မှုတွေ ရှိနိုင်သေးတယ် လို့မှန်းထားပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာလည်း လေဝဲစနစ်တွေ အားကောင်းလို့ လေဖိအားနည်းရပ်ဝန်းတွေ၊ မုန်တိုင်းတွေ ပုံမှန်ထက် ပိုဖြစ်နိုင်ခြေများတာတွေ့ရပါတယ်''ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာ ဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း အရှေ့မြောက် မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေး ပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

myotaw.new

Read times
Rate this item
(0 votes)