Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရုရှားမှာ McDonald ဆိုင်းဘုတ်များ ဖြုတ်ချပြီ

ရုရှားမှာ McDonald ဆိုင်းဘုတ်များ ဖြုတ်ချပြီ

 

တနင်္ဂနွေ (ဇွန် ၁၂ ရက်) ဟာ မက်ဒေါ်နယ် စားသောက်ဆိုင်ဟောင်းများကို အမှတ်တံဆိပ်အသစ်ဖြင့် ပိုင်ရှင်အသစ်က  ပြန်လည်ဖွင့်လှစ်တော့မယ့်နေ့ ဖြစ်ပါတယ်။ ခုမှာ ခုရ စားစရာ ကြိုက်နှစ်သက်သူတွေ  မက်ဒေါနယ်အစားအသွင်သစ်ဖြင့် အသစ်တဖန်ပြန်စမယ့်ဆိုင်ကို တွေ့ကြုံကြရမှာ ဖြစ်ပါတယ်။

 

2022-06-10t074559z_2_lynxmpei5907u_rtroptp_3_ukraine-crisis-russia-mcdonald-s.jpg

 

မက်ဒေါနယ်က ရုရှားမှာ စားစရာရောင်းချခဲ့တာ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်ပြီး လူကြိုက်လည်း အလွန်များပါတယ်။

ဆိုင်သစ်ကို ရုရှား လွတ်လပ်ရေးရတဲ့နေ့ ဖြစ်တဲ့ 'ရုရှားနေ့' Russia Day မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

McDonald က  ၁၉၉၀ ခုနှစ် ဇန်နဝါရီလမှာ ရုရှားနိုင်ငံအတွက် ပထမဆုံးဖွင့်လှစ်ခဲ့တဲ့ဆိုင်ကို စတင်ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ မော်စကိုမြို့တော်ရဲ့ အထင်ကရနေရာ Pushkin Square မှာ တည်ရှိတဲ့ဆိုင် ဖြစ်ပါတယ်။

 

 2022-06-10t074559z_2_lynxmpei5907v_rtroptp_3_ukraine-crisis-russia-mcdonald-s.jpg

 

 

McDonald's က  ရုရှားနိုင်ငံရှိ ၎င်းရဲ့စားသောက်ဆိုင်များ အားလုံးကို ၎င်းရဲ့ ဒေသခံလိုင်စင်ရယူထားသူ အလက်ဇန်းဒါး ဂိုဗာထံ ရောင်းချခဲ့ကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့ပါတယ်။

အဆိုပါ အရောင်းအဝယ် သဘောတူညီချက်ဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းသို့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ရုရှားစေလွှတ်ပြီးနောက်ပိုင်း ထိပ်တန်းစီးပွားရေးလုပ်ငန်း တစ်ခု ရုရှားမှ ထွက်ခွာတဲ့ စာချုပ်ဖြစ်ပါတယ်။

 

McDonald ရဲ့ အထင်ကရ ရွှေအခုံး"Golden Arches" ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်ကြပါပြီ။ မော်စကိုမြို့နှင့် စိန့်ပီတာဘတ် (လီနင်ဂရက်) မြို့တို့မှာ ရှိတဲ့ဆိုင်တွေ အားလုံးမှာ ဆိုင်းဘုတ် အဟောင်းကို ဖြုတ်ချပြီး အားလူးအချောင်းကြော် နှစ်ချောင်းနှင့် ဟမ်ဘာဂါတစ်ခုပါတဲ့ အစိမ်းရောင် နောက်ခံလိုဂို ဆိုင်းဘုတ်အသစ်တွေကို အစားထိုး တပ်ဆင်ပါတယ်။

 

285657526_5229756930395857_8117031644544754482_n.jpg

 

မော်စကိုနှင့် မော်စကိုတစ်ဝိုက်မှာ တည်ရှိတဲ့ ဆိုင် ၁၅ ခုကို စတင် ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

 

brand အသစ်ဖြင့် လုပ်ငန်းပြန်စမယ့် ပိုင်ရှင်သစ် ဂိုဗာ က ဆိုင်အတွက် လိုဂို ရပြီဖြစ်ပေမဲ့ အမည်အသစ် အတည်မပြုရသေးဘူး။ ရုရှားနိုင်ငံတသ်လွှား နေရာပေါင်း ၁,၀၀၀ မှာ နှစ်လအတွင်း ဆိုင်တွေပြန်ဖွင့်ဖို့ အစီအစဉ် ရှိပါတယ်။

 

 

ကမ္ဘာ့အကြီးဆုံး ဘာဂါဆိုင်ခွဲများလုပ်ငန်းကြီး မက်ဒေါနယ်က ရုရှားမှာ ဖွင့်ထားတဲ့ ဆိုင်ပေါင်း ၈၅၀ နီးပါးမှာ ရှယ်ယာ ၈၄% ပိုင်ဆိုင်ပါတယ်။

လိုင်စင်ယူပြီး ဖွင့်ထားတဲ့ ဆိုင်များအနေဖြင့် brand အသစ်အောက်မှာ ဆန္ဒရှိရင် ဆက်လက် လုပ်ကိုင်နိုင်ပြီး မက်ဒေါနယ် ကုန်အမှတ်တံဆိပ်ဖြင့် ဆက်လက်လုပ်ကိုင်ခွင့်ကိုတော့ မရနိုင်ပါဘူး။ မက်ဒေါနယ်က ၎င်းရဲ့ ကုန်အမှတ်တံဆိပ်များ အကုန်လုံးကို ရုရှားမှ ရုပ်သိမ်းမှာ ဖြစ်ပါတယ်။

ပိုင်ရှင်သစ် ဂိုဗာရဲ့ GiD LLC လုပ်ငန်းမှာ ၂၅ ဆိုင် ရှိပါတယ်။

 

2022-06-10t074559z_2_lynxmpei5907t_rtroptp_3_ukraine-crisis-russia-mcdonald-s.jpg

 

McDonald က ပြီးခဲ့တဲ့နှစ်မှာ ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရရှိခဲ့ပါတယ်။ 

အရောင်းအဝယ်စာချုပ်မှာ ထည့်သွင်းချုပ်ဆို ထားတဲ့ အချက်တစ်ချက်အရ ၁၅ နှစ်အတွင်း ရုရှားမှ မက်ဒေါနယ်စားသောက်ဆိုင်များကို မက်ဒေါနယ်က ပြန်ဝယ်ယူခွင့် ရှိပါတယ်။

 

#MyanmarFoodGuide

 

2022-06-10t074559z_2_lynxmpei5907w_rtroptp_3_ukraine-crisis-russia-mcdonald-s.jpg




Source: Reuters

 

 

 

Read times Last modified on Sunday, 12 June 2022 15:29
Rate this item
(0 votes)