Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါး၊ ပုစွန်စက်ရုံများသို့ ပြောင်းတင်ပို့မည်

Unicode>>>>

ငါး၊ ပုစွန်စက်ရုံများသို့  ပြောင်းတင်ပို့မည်


တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှုရပ်ဆိုင်းနေချိန်တွင် ပြောင်းစိုက်ပျိုးသူများအနေဖြင့် ငါး၊ ပုစွန်အစာစက်ရုံများသို့ တစ်ပတ်လျှင် ပြောင်းသီးနှံတန်ချိန် ၁၀၀၀ ခန့်တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာထုတ်လုပ်ရောင်းသူများအသင်း ဥက္ကဋ္ဌဒေါက်တာသက်မှူး၏ ပြောဆိုချက်အရ သိရပါတယ်။


Food Flavours အစားအစာသုံး အနံ့အရသာလုပ်ငန်းများ (၈၈) ခုကိုရှာရန်နှိပ်ပါ။


ဒီလိုရာသီမှာ ဧရာဝတီတိုင်းဒေသကြီးကလည်း ပြောင်းထွက်နေတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာလည်း ပြောင်းတွေပုံနေတယ်။ ပြောင်းက ခြောက်လကျော်သွားရင် ပိုးထိုးတယ်။ အဲဒီတော့ ပြောင်းစိုက်ပျိုးသူတွေ တွက်ခြေမကိုက်ဘူး။ ဒီအချိန်မှာ အစာစက်ရုံတွေကလည်း လိုချင်တဲ့အတွက် တစ်ပတ်တန်ချိန် ၁၀၀၀ ခန့်ကို စက်ရုံတွေ၊ ကုမ္ပဏီတွေကို အသင်းက ပြောင်းစိုက်ပျိုးသူတွေနဲ့ ချိတ်ဆက်ပေးတော့ အဆင်ပြေပါတယ်ဟု ဒေါက်တာသက်မှူးက ပြောကြားခဲ့ပါတယ်။


လက်ရှိတွင် တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှုမရှိတဲ့အတွက် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရန် MoU လက်မှတ်ရေးထိုးပြီးသော်လည်း ထိုင်းနိုင်ငံသို့ တင်ပို့ရန် သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများရှိနေကြောင်း၊ ထို့ပြင် ကိုရိုနာဗိုင်းရပ်ကြောင့် ယာဉ်များ မထွက်ကြသည့်အတွက်လည်း သယ်ယူရန် ခက်ခဲနေကြောင်း သိရပါတယ်။


Read More >>>>>   Top Thai Brands 2020 ကုန်စည်ပြပွဲကျင်းပ


ပြောင်းဈေးသည် ပြီးခဲ့တဲ့နှစ်ကာလတူက တစ်ပိဿာလျှင် ငွေကျပ် ၅၅၀ အထိ ဖြစ်ခဲ့ပြီး ယခုနှစ်တွင် ငွေကျပ် ၃၈၀ သာရှိကြောင်း သိရပါတယ်။


#MFID

 

 

Home Page Food

 




 




 


 


 


 

#MFID

 

 

Read times Last modified on Friday, 13 March 2020 17:41
Rate this item
(0 votes)