Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယခုနှစ် ၁၀ လအတွင်း ပေါ်ဆန်းဆန်ချောဈေး ထက်ဝက်ကျော်တက်

ပြည်တွင်းဆန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းအပါအဝင်ဆန်ချောဈေး မူလတန်ဖိုးထက် ထက်ဝက်ကျော်မြင့်တက်ကြောင်း ဆန်ကုန်သည်အချို့က ပြောသည်။

ပြည်တွင်းစားသုံးသည့်ဆန် ချောဈေးသည် လက်ကားဈေးကွက်တွင် ဇန်နဝါရီက ရွှေဘိုပေါ် ဆန်းတစ်အိတ်ကျပ်  ၄၆,၀၀၀ ဈေးရှိသော်လည်း လက်ရှိ၌ ကျပ် ၆၅,၀၀၀၊ ဧရာဝတီတိုင်းမှစိုက်ပျိုးထုတ်လုပ်သည့် ပေါ်ဆန်းတစ်အိတ်လျှင် ဇန်န၀ါရီက ကျပ် ၃၃,၀၀၀ မှ လက်ရှိတွင် ကျပ် ၅၃,၀၀၀ သို့ဈေးမြင့်တက်လာကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်စာရင်းများ၌ ဖော်ပြထားသည်။

 

မြန်မာနိုင်ငံ၌ ဆန်ချောစိုက် ဧကသည် မိုးစပါးစိုက်ပျိုးမှုစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာ ခိုင်နှုန်းခန့်သာရှိသည်။ ပေါ်ဆန်း ကဲ့သို့ ဆန်ချောစပါးများကို ဧရာဝတီတိုင်း ဖျာပုံ၊ လပွတ္တာ၊မြောင်း မြ၊ ပုသိမ်မြို့နယ်တို့တွင် အဓိက စိုက်ပျိုးသကဲ့သို့ မြန်မာပြည်အလယ်ပိုင်း ရွှေဘိုမြို့နယ်၌လည်း စိုက်ပျိုးသည်ဟု ပြည်တွင်းဆန်ကုန်သည် အချို့က ပြောကြားသည်။

 

‘‘အသစ်ပေါ်လာရင်တော့ ဆန်ချောဈေးက ကျသွားမှာပါ’’ ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်အတွင်းရေးမှူးဦးသန်းဦးက ပြောသည်။

 

မြန်မာနိုင်ငံတွင် ဆန်ချောစားသုံးမှုသည် ပျမ်းမျှတစ်နိုင်ငံ လုံးရှိလူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်ရှိပြီး တစ်နှစ်လျှင်ဆန်ချော တန်ချိန်တစ်သန်းခွဲမှ နှစ်သန်းကြား စားသုံးမှုရှိကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်း အတွင်းရေးမှူး ဦးအောင်မြင့်က ပြောသည်။

 

လက်ရှိတွင် ဧရာဝတီနှင့် ပဲခူးတိုင်းမှ သက်တမ်းတိုသည့် ဆန်ကြမ်း အမျိုးအစား စပါးအသစ်များထွက်နေသော်လည်း နိုင်ငံသားများ အဓိကစားသုံးသည့် ဆန်ချောစပါးများ ရိတ်သိမ်းရန် အချိန်လိုသေး၍ ပြည်တွင်းဈေးကွက်၌ ဆန်ချောဈေး အမြင့်ဆုံး ရောက်ရှိလာကြောင်း ဆန်ကုန်သည်အချို့က ပြောသည်။

 

မြန်မာနိုင်ငံ၏ တစ်နှစ်ဆန် ထုတ်လုပ်သည့် ပမာဏသည် တန်ချိန် ၁၄ သန်းခန့်ရှိပြီး ပြည်တွင်းစားသုံးမှု တန်ချိန် ရှစ်သန်းခွဲ၊ စက်မှုထုတ်ကုန်အတွက် တန်ချိန် တစ်သန်းခွဲရှိပြီး ပိုလျှံဆန်များကို ပြည်ပသို့တင်ပို့ခဲ့သည်။

 

လက်ရှိတွင် ပေါ်ဆန်းကဲ့သို့ ဆန်ချောဈေး မြင့်တက်သော်လည်း ပြည်ပတင်ပို့နေသည့် ဆန်ကြမ်းဈေးနှုန်းများ ကျဆင်းနေသည်။ မိုးစပါးအသစ် ပေါ်ချိန်တွင် တရုတ်နိုင်ငံက အဝယ်နည်းခြင်းကြောင့် ဆန်ကြမ်းဈေးကျဆင်းခြင်းဖြစ်သည်ဟု ဆန်ကုန်သည်အချို့က ပြောသည်။

Source: 7 days new

Read times
Rate this item
(2 votes)