Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဆန် ဈေးတက် ထိုင်းဆန် ဗီယက်နမ်ဆန် အရောင်းအေး

အိန္ဒိယမှာ မိုးနည်း စပါးအထွက်နည်းဖွယ် ရှိသဖြင့် အာရှဝယ်လက်များ အိန္ဒိယဆန် ကြိုတင်ဝယ်ယူမှု

များလာသဖြင့် ဈေးတက်ပါသည်။ အာရှဆန် ကြီး ၃ကြီးမှ ထိုင်းနှင့် ဗီယက်နမ် အရောင်းအေးပါသည်။

 

 ATT

 

ဆန်အများဆုံး တင်ပို့နေသည့် အိန္ဒိယဆန် ၅% ဆန်ကွဲပါ ပေါင်းဆန်အမျိုးအစား <RI-INBKN5-P1> ယခင်သီတင်းပတ်တွင် တစ်တန် ခေါ်ဈေး $365-$371 ရှိခဲ့ပြီး ယခု သီတင်းပတ်တွင် $366 ~ $372 ဖြစ်လာသည်။ အိန္ဒိယမှာ မိုးနည်း စပါးအထွက်နည်းဖွယ် ရှိသဖြင့် ဆန်သစ် အရနည်းမည်ဟု မှန်းဆကြသဖြင့် ဆန်အမျိုးအစား အားလုံးတွင် အာရှမှ ဝယ်လက်နိုင်ငံများက ကြိုတင်ဝယ်ယူမှုများ ပေါ်ပေါက်နေပြီး ဈေးတက်ခြင်း ဖြစ်သည်။

 

 

အိန္ဒိယလယ်သမားများ ယခုနှစ် စပါး ဟက်တာ ၃၄.၃၇ သန်း စိုက်ပျိုးကြသည်။ ယမန်နှစ်ထက် ၈.၃% လျော့နည်းသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန္ဒိယဆန် တန်ချိန် ၁ သိန်း တင်သွင်းမည်ဟု အစိုးရချင်း သဘောတူညီချက် ရယူထားသည်။ ပုဂ္ဂလိက ကဏ္ဍမှ ငွေလဲနှုန်း တန်ဖိုးကျနေသဖြင့် တင်သွင်းနိုင်ခြင်း အားနည်းနေသဖြင့် အစိုးရက တင်သွင်းမည် ဖြစ်သည်။ ပြည်တွင်း ဆန်ဈေးမြင့်တက်နေသည်ကို လျှော့ချနိုင်ရန် တင်သွင်းရခြင်း ဖြစ်သည်။

 


ဗီယက်နမ်ဆန် ၅% ဆန်ကွဲပါ <RI-VNBKN5-P1> ဈေးအပြောင်းအလဲ မရှိချေ။ တစ်တန် $390-$393 ဖြင့် ဆက်လက် ရောင်းချပေးနေသည်။ ဗီယက်နမ်ဆန် ဝယ်လိုအား နှေးနေပြီး အားပျော့နေသည်။ ဈေးတင်ဖို့ မဖြစ်နိုင်ဟု ဟိုချီမင်းစီးတီးမှ ကုန်သည်က ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

 

 

ဩဂုတ်လ ပထမ လဝက်တွင် ဗီယက်နမ်ဆန် တန်ချိန် ၃၁၁,၀၀၀ တင်ပို့သည်။ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လလယ်အထိ ဆန်တန်ချိန် ၄.၃၉ သန်း တင်ပို့ခဲ့သည်။ ထိုင်းဆန် ၅% ဆန်ကွဲပါ <RI-THBKN5-P1> ယခင်သီတင်းပတ်က တစ်တန် $416-$420 ခေါ်ဈေးရှိပြီး ယခုသီတင်းပတ်တွင် $415-$422 ခေါ်ဈေးရှိသည်။ အီရတ်သို့ ဆန်တင်ပို့လျက် ရှိသည်။

 

 

Source: Reuters
#MyanmarFoodIndustryGuide

Read times Last modified on Tuesday, 20 September 2022 21:27
Rate this item
(0 votes)