Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီပြည်ပမှ တင်သွင်းခွင့်ပြုသော်လည်း ကြက်သွန်စိုက်တောင်သူများ မထိခိုက်နိုင်ဟုဆို

 ပြည်ပမှ ကြက်သွန်နီ များ တရားဝင် တင်သွင်းခွင့်ပြု သောကြောင့် ကြက်သွန်နီဈေးအနည်းငယ်

ကျလာနိုင်သော်လည်း ပြည်တွင်းမှ တောင်သူများ၏အကျိုးစီးပွားကို ထိခိုက်မှုမရှိနိုင်ကြောင်း တောင်သူများက ပြော သည်။

 

လက်ရှိအချိန်တွင် ပြည် တွင်း၌ ကြက်သွန်နီတစ်ပိဿာ လျှင် ပေါက်ဈေး ၂,၄၀၀ မှ ၃,၀၀၀ ကျပ်အထိ ရှိပြီး ပြည်ပမှ တင်သွင်းလာသည့် ကြက်သွန်နီဈေးသည် တစ်ပိဿာ ၁,၇၀၀ ကျပ်သာ ပေါက်ဈေးရှိသည်။

 

‘‘သူတို့ကြက်သွန်က အရည် လည်တယ်။ အရည်အသွေးက ကျွန်တော်တို့စိုက်တဲ့ ကြက်သွန်နီ ထက် အရည်အသွေးအများကြီး ညံ့တယ်။ အဲဒါကြောင့် အများ ကြီးတော့ မစိုးရိမ်ဘူး။ အခုထိ တော့ ထိခိုက်မှုမရှိသေးဘူး’’ဟု စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရှိ ကြက်သွန်စိုက်တောင်သူ ကိုတ ရုတ်ကြီးက ပြောသည်။

 

ကြက်သွန်နီ တစ်ပိဿာ လျှင် ကျပ် ၈၀၀ အောက်ရောက်ရှိ မှသာ ကြက်သွန်စိုက်တောင်သူ များ အရှုံးပေါ်နိုင်ပြီး လက်ရှိထွက် ရှိနေသည့် ကြက်သွန်နီများသည် နှင်းကြက်သွန်(သို့)မိုးကြက်သွန် ဟုခေါ်သည့် ကြက်သွန်နီဥသေး များကို ပြန်လည် စိုက်ပျိုးရာမှ ထွက်ရှိသည့် ကြက်သွန်နီဖြစ် သည်။ ‘‘အခုဈေးထက် အရမ်းကို ဈေးကျသွားရင်တော့ အရှုံးပေါ် နိုင်တယ်။ ဒါပေမဲ့ အခုအနေအ ထားထိတော့ အရှုံးပေါ်မယ်လို့ မထင်ဘူး။ အခု ဆောင်းကြက် သွန်ထပ်စိုက်ဖို့ လုပ်နေတယ်။ ဒီ မှာတော့ ပေါက်ဈေး ၂၅၀၀ ကျပ် ဖြစ်နေတယ်။ တရုတ်ကြက်သွန်နီ တွေက မြန်မာကြက်သွန်လောက် လည်း စားမကောင်းဘူး’’ဟု မန္တ လေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့မှ ကြက်သွန်စိုက် တောင်သူ ဦးဘရှိန်က ဆိုသည်။

 

လက်ရှိ  ဖြစ်ပေါ်နေသည့် ကြက်သွန်နီဈေးသည် ပြီးခဲ့သည့် နှစ်များက ရရှိနေသည့် ကြက်သွန် ဈေးထက် များစွာ ပိုကောင်းနေပြီး ပုံမှန်ကြက်သွန်နီဈေးသည် တစ်ပိ ဿာလျှင် တစ်ထောင်အောက် သာဖြစ်သည်ဟု မြန်မာနိုင်ငံကြက် သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖို ချောင်သီးနှံ  စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။

 

ပြည်တွင်းကြက်သွန်နီဈေး မြင့်တက်မှုကြောင့် ပြည်ပမှ ကြက် သွန်နီတရားဝင်တင်သွင်းခွင့်ကို ဒီဇင်ဘာ ၂၇ ရက်က မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက တရားဝင်ခွင့် ပြုခဲ့သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 15:45
Rate this item
(1 Vote)