Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စည်သွတ်ဘူးပုံစံဖြင့် ကောက်ရိုးမှိုများကို ပြည်ပသို့ တင်ပို့ရန်ကမ်းလှမ်း

စည်သွတ်ဘူးပုံစံဖြင့် ကောက်ရိုးမှိုများကို ပြည်ပသို့ တင်ပို့ရန်ကမ်းလှမ်း google.com

ပြည်တွင်းဈေးကွက်အတွင်းရှိ စိုက်ပျိုးရောင်းချနေသော ကောက်ရိုးမှိုများကို

စည်သွတ်ဘူးပုံစံထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရန် ကမ်းလှမ်းမှုများရှိကြောင်း သိရပါတယ်။

 

ပြည်တွင်း၌သာ မှိုကိုစားသုံးရန် စိုက်ပျိုးခြင်းပုံစံဖြစ်သော်လည်း ကောက်ရိုးမှိုကို စည်သွတ်ဘူးပုံစံဖြင့် ထုတ်လုပ်၍ တင်ပို့ရန်အတွက် တရုတ်(တိုင်ပေ) ကုမဏီကတစ်ဆင့် အမေရိကန်နိုင်ငံမှ ကမ်းလှမ်းမှုများရှိကြောင်း မြန်မာနိုင်ငံ မှိုမွေးမြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌ ၏ ပြောကြားချက်အရ သိရပါတယ်။

 

စားသုံးသူများအနေဖြင့် သဘာဝအတိုင်းပေါက်သော ကောက်ရိုးမှို၊ သစ်တောအတွင်းရရှိသည့် ဖက်ဆွတ်မှိုနှင့် တောင်ပို့မှိုများကိုသာ စားသုံးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ငွေပိုးမှိုနှင့် ကြွက်နားရွက်မှိုများကို စိုက်ပျိုးထုတ်လုပ်စားသုံးလာကြောင်းလည်း သိရပါတယ်။

 

ယခုဈေးကွက်အတွင်းတွင် ကောက်ရိုးမှိုတစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိရှိပြီး ငွေပိုးမှို၊ ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှိုများ တစ်ပိဿာလျှင် ၅၀၀၀ ၀န်းကျင်ရှိကြောင်းသိရပါတယ်။

 

မှိုစိုက်ပျိုးကြသည့်တောင်သူများနှင့် မှိုစတင်စိုက်ပျိုးလိုသူများအနေဖြင့် မှိုစိုက်နည်းပညာအကြောင်း သိလိုပါက မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှတစ်ဆင့် မှိုအစုအဖွဲ့သို့ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

 

Source: မြ၀တီ

Read times Last modified on Tuesday, 25 September 2018 09:04
Rate this item
(1 Vote)