Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြင်သစ်နိုင်ငံမှ မျိုးကောင်းမျိုးသန့် ဝက်များ မြန်မာနိုင်ငံသို့ တင်သွင်းထား

ပြင်သစ်နိုင်ငံမှ တစ်ကောင်ကို ယူရိုတစ်ထောင်ခန့် တန်ကြေးရှိတဲ့ မျိုးကောင်းမျိုးသန့်ဝက်များ မြန်မာနိုင်ငံသို့ တင်သွင်းလာပြီဖြစ်ကြောင်း De Heus Myanmar ကုမ္ပဏီက သိရပါတယ်။

 

ဝက်မအကောင်ရေ (၂၅ဝ) နဲ့ ဝက်သိုး (၂၁) ကောင် စုစုပေါင်း (၂၇၁) ကောင် တင်ဆောင်လာတဲ့ လေယာဉ်ဟာ ဩဂုတ် ၂၆ ရက် ည ၈ နာရီခွဲလောက်က နေပြည်တော်လေဆိပ်ကို ရောက်ရှိလာပါတယ်။

 

Wheat ဂျုံလုပ်ငန်းပေါင်း ၃၈ုခုရှာရန်နှိပ်ပါ။

 

ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ တောင်သူများ အကျိုးဖြစ်ထွန်းစေဖို့နဲ့ မျိုးကောင်းမျိုးသန့်ဝက်များကို ရရှိစေနိုင်ဖို့ ရည်ရွယ်ပြီး တင်သွင်းရခြင်းဖြစ်ကြောင်း De Heus Myanmar ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

 

အဆိုပါမျိုးဝက်များမှတစ်ဆင့် မျိုးရင်းဝက်များကို ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ကျေးရွာအုပ်စုမှာ မွေးမြူထုတ်လုပ်ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလခန့်မှာ မြန်မာနိုင်ငံအနှံ့အပြားရှိ ဝက်မွေးမြူရေးလုပ်ငန်းရှင်ကို ဖြန့်ဖြူးပေးနိုင်ဖို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

 

Wheat Mills  ဂျုံစက်ရုံပေါင်း ၅၉ ခုရှာရန်နှိပ်ပါ။

 


မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၃) ဒေါက်တာနေသူရိန်က “ကျွန်တော်ကတော့ ဒီလို တင်သွင်းလာတာကိုကြိုက်တယ်။ ဒီမှာရှိတဲ့ မျိုးတွေက မျိုးမစစ်ဘူး။ ကြီးထွားနှုန်းလည်း မကောင်းဘူး။ အကြမ်းလည်းမခံဘူး။ မျိုးစစ်တွေနဲ့ သေချာထုတ်မယ်ဆိုရင်တော့ ပိုကောင်းလာမယ်ပေါ့” လို့ ပြောပါတယ်။

 

 

Royal De Heus ကုမ္ပဏီဟာ နိုင်ငံတကာစံချိန်မီ အရည်အသွေးမြင့်မားတဲ့ တိရစ္ဆာန်အစာတွေကို ထုတ်လုပ်ဖြန့်ဖြူးပေးတဲ့ ကမ္ဘာ့အဆင့်မီ ကုမ္ပဏီတစ်ခုဖြစ်ပြီး နယ်သာလန်နိုင်ငံရဲ့ အကြီးမားဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။

 

 

Read More >>>>>  မျိုးအခက်အခဲကြောင့် သခွားမွှေး စိုက်ပျိုးမှုလျော့နည်းနိုင်


 

Source: DVB, The Voice

Read times Last modified on Thursday, 29 August 2019 10:49
Rate this item
(0 votes)