Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးဈေးရောင်းပွဲတော်တွင်စိန်တစ်လုံးသရက်သီး တစ်လုံး (၅၀) နဲ့ ရောင်းချမယ်

မနှစ်ကပြုလုပ်တဲ့ ပထမအကြိမ်ဈေးရောင်းပွဲတော်တုန်းက သရက်သီးတစ်လုံး ၁၀ ကျပ်နဲ့ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။ မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအနီးကျင်းပလျက်ရှိတဲ့

ဒုတိယအကြိမ် မြန်မာ့သရက်သီးနှင့်သရက်သီးတန်ဖိုးမြင့်ထုတ်ကုန်များဈေးရောင်းပွဲတော်မှာ စိန်တစ်လုံးသရက်သီး တစ်လုံးကို မြန်မာငွေကျပ်ငါးဆယ်တန်တစ်ရွက်နှုန်းနဲ့ အထူးရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

“အထူးအစီအစဉ်တစ်ရပ်အနေနဲ့ စိန်တစ်လုံးသရက်သီးတစ်လုံးကို မြန်မာငွေငါးဆယ်ကျပ်တန်တစ်ရွက်နဲ့ရောင်းပေးသွားမှာပါ၊ မနှစ်ကတော့ တစ်ဆယ်ကျပ်နဲ့ရောင်းတာပါ၊ ဒီနှစ်တော့ အခြေအနေအရ တစ်လုံးကိုငါးဆယ်ကျပ်တန်နဲ့ရောင်းပေးသွားပါမယ်၊ ငါးဆယ်ကျပ်တန်ပဲဖြစ်ရပါတယ်။

 

မနှစ်ကဒီပွဲဆင်နွှဲဖူးသူတွေတော့ သိကြပြီးသားပါ၊ ကျွန်တော်တို့က ရောင်းချလို့ရသမျှပိုက်ဆံတွေကို ဘုရားဆီပဲလှူတာပါ၊ ဒီနှစ်လည်းဘုရားဆီပဲလှူမှာပါ” လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူး ဦးကျော်စိုးနိုင်က Duwun ကိုပြောပါတယ်။

 

Read More >>>>>  ရန်ကုန်ဈေးကွက်သို့ သရက်သီးမှည့်များ စတင်ဝင်ရောက်လာပြီး ရာသီဥတု ပူပြင်းမှုကြောင့် ဈေးကွက် အေးနေ

 

ဒီကနေ့မေလ (၁၆) ရက်နေ့ကနေ (၁၈) ရက်နေ့အထိ ၃ ရက်ကျင်းပမယ့်ပွဲတော်မှာ ပွဲတော်ရဲ့နောက်ဆုံးရက် (မေလ ၁၈ ရက်) မနက်ပိုင်းကစလို့ စိန်တစ်လုံးသရက်သီးအလုံးရေ ၄၀၀၀ ကျော်အား မြန် မာငွေကျပ်ငါးဆယ်တန်တစ်ရွက်နှုန်းနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး အဲဒီနေ့မှာပဲ သရက်သီးစတုဒီတာအဖြစ် သရက်သီးအလုံးရေတစ်ထောင်ကျော်ကျွေးမွေးဧည့်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

“ အလုံးရေလေးထောင်ကျော်လောက်ရောင်းပေးဖို့ပြင်ဆင်ထားပါတယ်။ နောက်တစ်ခုက အဲဒီနေ့က ကဆုန်လပြည့်နေ့လည်းကျတော့ စတုဒီတာကျွေးမယ့်အစီအစဉ်တစ်ခုပါ။ ကျွန်တော်တို့က ထည့်သွင်းလိုက်ပါတယ်၊ သရက်သီးအလုံးတစ်ထောင်လောက်ရှိမယ်။ တစ်ထောင်ကျော်သွားရင်လည်းကျော်သွားမှာပေါ့ အလှူရှင်တွေထွက်လာတဲ့အလျှောက် လှူဒါန်းသွားမှာပါ” လို့လည်း ဦးကျော်စိုးနိုင်ကပြောပါတယ်။

 

ဒုတိယအကြိမ် မြန်မာ့သရက်သီးနှင့်သရက်သီးတန်ဖိုးမြင့်ထုတ်ကုန်များဈေးရောင်းပွဲတော်မှာ သရက်သီးအမျိုးပေါင်း ၈၀ ကျော်အား ဆိုင်ခန်းပေါင်း ၅၀ ခန့်နဲ့ခင်းကျင်းပြသရောင်းချပေးသွားမှာဖြစ်ပြီး မြန်မာ့သရက်သီးဈေးကွက် ပိုမိုကျယ်ပြန့်ဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။

 

Credit : Real New

Read times Last modified on Friday, 17 May 2019 09:48
Rate this item
(1 Vote)