Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများ နယ်စပ်မှ တင်ပို့ခြင်းနှင့် စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်

ဆန်၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများ နယ်စပ်မှ တင်ပို့ခြင်းနှင့် စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်

 

ဆန်၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများအား ပြည်ပသို့ နယ်စပ်မှတစ်ဆင့် တင်ပို့ခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


 

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၂၇/၂၀၂၂) ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၁-၇-၂ဝ၂၂ ရက်နေ့မှစ၍ ဆန်၊ ပဲ ၊ပြောင်းနှင့် ဆီထွက်သီးနှံများအား ပြည်ပသို့ နယ်စပ်မှ တစ်ဆင့်တင်ပို့မှုနှင့် ပတ်သက်၍ အမေရိကန်ဒေါ်လာဖြင့်သာ တင်ပို့ခွင့်ပြုရေး ဆောင်ရွက်သွားရန်နှင့် ပို့ကုန် ဈေးနှုန်းသတ်မှတ်နှုန်းထားများကို ပင်လယ်ရေကြောင်းကုန်သွယ်မှု သတ်မှတ်သည့် နှုန်းထားများနှင့် တစ်ပြေးညီ ဖြစ်စေရေးဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ပါသည်။

 

ပို့ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ပို့ကုန်ရငွေသည် (၄၅) ရက်အတွင်း မဖြစ်မနေဝင်ရောက်ရမည် ဖြစ်ပြီး ပို့ကုန်လိုင်စင်သက်တမ်းကို (၁) လခွင့်ပြုပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီ ၏ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၂မှ ဆုံးဖြတ်ခဲ့ပါသည်။

 

ဆီထွက်သီးနှံတင်ပို့မှုအား (၈-၅-၂၀၂၂) ရက်နေ့မှစ၍ ယာယီရပ်ဆိုင်းထားခဲ့သည့် အတွက် ပြန်လည်ခွင့်ပြုနိုင်ရေးအပေါ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ တင်ပြထားဆဲ ဖြစ်၍ ဝန်ကြီးရုံး၏ ခွင့်ပြုချက်ရရှိမှသာ ခွင့်ပြုသွားမည် ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ OSS ဌာနတာဝန်ခံများ ၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်နှင့် ပဲ၊ ပြောင်း၊ နှမ်း လယ်ယာထွက်ကုန်စည်ဒိုင်များ အနေဖြင့် ဆန်ပဲ၊ ပြောင်း နှင့် ဆီထွက်သီးနှံများအား ပြည်ပသို့ နယ်စပ်မှ တစ်ဆင့်တင်ပို့မှုနှင့် ပတ်သက်သည့် ညွှန်ကြားချက်အား သိရှိ လိုက်နာဆောင်ရွက်သွားရန် အကြောင်းကြား ပါသည်။

#MyanmarFoodIndustryGuide

 Telegram Channel
https://t.me/Guid4U

Additional Info

  • Sidebar Banner: 4656-export
Read times Last modified on Wednesday, 06 July 2022 11:40
Rate this item
(0 votes)