Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း ရော်ဘာဈေးနှုန်းငြိမ်သက်နေသော်လည်း နိုင်ငံတကာ ရော်ဘာဈေးနှုန်း ကျဆင်း

ပြည်တွင်း ရော်ဘာဈေးနှုန်းငြိမ်သက်နေသော်လည်း နိုင်ငံတကာ ရော်ဘာဈေးနှုန်း ကျဆင်း google.com

ဖေဖော်ဝါရီလမှ မတ်လအထိ သုံးပတ်အတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ

အမေရိကန်ဒေါ်လာ ၃.၉၂၄ သန်းဖိုးရှိ ရော်ဘာတန် ၂၀၁၃ တန်ခန့် တင်ပို့ခဲ့သည့်အနက် RSS1 ၁၁၆ တန်ကျော်၊ RSS3  ၁၅၄၈ တန်ကျော်၊ MSR 20 ၃၃၂ တန်နှင့် MSR 50 ၁၆ တန် ဖြစ်ကြောင်း သိရပါတယ်။

 

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၀.၆၉၆ သန်းဖိုးရှိ RSS1 ၄၃၄ တန်ခန့်၊ RSS3 ၁၇ တန်ကျော်၊ မြိတ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၀.၂၀၆ သန်းဖိုးရှိ MSR 20 ၁၂၅ တန်ကျော် တင်ပို့ခဲ့ရာ စခန်းအားလုံး စုစုပေါင်း တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄.၈၂၆ သန်းဖိုးနှင့် တန်ချိန်၂၅၈၉ ကျော်ဖြစ်ကြောင်း သိရပါတယ်။

 

ယခင်တစ်ပတ်တွင် ၄၃၈၂ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်အပတ်တွင် ၈၉၃ တန်လျော့နည်း တင်ပို့ခဲ့ကြောင်းသိရပါတယ်။

 

ယခင်လ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁၉. ၀၈၇ သန်းဖိုးရှိ ရော်ဘာ အမျိုးအစားစုံ ၁၁၇၅၂ တန် တင်ပို့ခဲ့ကြောင်း သိရပါတယ်။

 

အနီးစပ်ဆုံး ကာလဖြစ်တဲ့ ဇန်န၀ါရီလတွင် ရော်ဘာ ၁၃၅၀၀ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုလမှာ ၁၇၄၉ တန် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရပါတယ်။

 

ယခုလမှာ ရော်ဘာတင်ပို့မှု လျော့နည်းသလို ဖေဖော်ဝါရီလဆန်းပိုင်းက တက်ခဲ့တဲ့ ရော်ဘာဈေးကလည်း ယခုတစ်ပတ်မှာ ပြန်ကျသွားကြောင်း သိရပါတယ်။

 

မူဆယ် ကုန်စည်ဒိုင်ရဲ့RSS3 ဈေးမှာ တစ်တန်ကို ကျပ် ၂၇.၁၆ သိန်း၊ RSS 5  မှာ တစ်တန်ကို ကျပ် ၂၆.၁၉၇ သိန်းဖြစ်ကြောင်း သိရပါတယ်။

 

ယခင်တစ်ပတ်ဈေးထက် တစ်တန်ကို ကျပ် ၁၄၀၀၀ ဈေးကျပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၄ ရက်အထိ အမေရိကန်ဒေါ်လာ ၁.၄၇၂ သန်းဖိုးရှိ ရော်ဘာ ၇၇၄ တန် တင်ပို့ခဲ့တဲ့အနက် မလေးရှားနိုင်ငံသို့ RSS 3 ၅၀၅ တန်၊ ဂျပန်နိုင်ငံသို့ MSR 20 TSR ၉၈ တန်၊ စင်ကာပူနိုင်ငံသို့  MSR 20 TSR  တန်ကျော်၊ သြစတြေးလျနိုင်ငံသို့ RSS 3 တန် ၄၀ တင်ပို့ခဲ့ကြောင်း သိရပါတယ်။

 

ယခင်တစ်ပတ်က ၈၈၇ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်တင်ပို့မှုတွင် ၁၁၃ တန်လျော့ကျခဲ့ပြီး ဖေဖော် ၀ါရီ တစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၆.၅၄၃ သန်းဖိုးရှိ ရော်ဘာ ၃၇၀၁ တန်ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။

အနီး စပ်ဆုံး ဇန်န၀ါရီလက ရော်ဘာ ၄၁၄၇ တန် တင်ပို့ခဲ့တဲ့အတွက် ယခုလမှာ ၄၄၆ တန် လျော့နည်းတင်ပို့ခဲ့ကြောင်း သိရပါတယ်။

 

ထိုင်းနိုင်ငံမှာ ရော်ဘာတန်ချိန် တစ်သိန်းကျော်ကို လေလံပစ်ခဲ့တဲ့အတွက် နိုင်ငံတကာ ရော်ဘာဈေး ကျဆင်း ခဲ့ပေမယ့် မြန်မာ့ရော်ဘာဈေးကိုတော့ ယခင်တစ်ပတ်က ဈေးအတိုင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းက ထုတ်ပြန်ထားကြောင်း သိရပါတယ်။

 

Source: Commerce

Read times Last modified on Wednesday, 19 September 2018 13:43
Rate this item
(1 Vote)