Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


"ဆုဆွေ" ရေရှည်တည်တံ့စိုက်ပျိုးရေးဖောင်ဒေးရှင်း မိတ်ဆက်

Unicode

လယ်ယာကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်မည့် "ဆုဆွေ" ရေရှည်တည်တံ့စိုက်ပျိုးရေး ဖောင်ဒေးရှင်း မိတ်ဆက်ပွဲအခမ်းအနားကို  ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကန်တော်ကြီးဥယျာဉ်၊ မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးပြတိုက်တွင် ကျင်းပခဲ့ပါတယ်။

 

တောင်သူလယ်သမားများအတွက် ရေရှည်တည်တံ့ အထွက်တိုးပြီး လူထုကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို မထိခိုက်စေသည့် စိုက်ပျိုးရေးနည်းစနစ်များကို စဉ်ဆက်မပြတ် ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ဖောင်ဒေးရှင်းကို တည်ထောင်ခြင်းဖြစ်ကြောင်း ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ ဦးသိန်းဆုက မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။

 

ဖောင်ဒေးရှင်းအနေဖြင့် ရေရှည်တည်တံ့စိုက်ပျိုးစနစ်များကို တောင်သူလယ်သမားများအား စဉ်ဆက်မပြတ် ပို့ချနိုင်ရန်အတွက် ဆရာဖြစ်သင်တန်းများပေးခြင်း၊ စံပြကွက်များ ပြုလုပ်ခြင်း၊ သုတေသနများလုပ်ဆောင်ခြင်း၊ ပညာပေးစာအုပ်စာစောင်များ ထုတ်ဝေဖြန့်ချိခြင်း၊ ပညာပေးဗီဒီယိုများ ထုတ်လုပ်ဖြန့်ချိခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြည်တွင်း ပြည်ပလေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးခြင်း စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌမှ ရှင်းပြခဲ့ပါတယ်။

 

Read More >>>>>   စေတာ္ဘယ္ရီ ကီဝီေဖ်ာ္ရည္

 

"ဆုဆွေ"ရေရှည်တည်တံ့စိုက်ပျိုးရေးဖောင်ဒေးရှင်း အနေဖြင့် ဇန်နဝါရီ‌လနောက်ဆုံးပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့၌ ရေရှည်တည်တံ့စိုက်ပျိုးစနစ် တောင်သူလယ်သမား ဆရာဖြစ်သင်တန်းကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းမှတစ်ဆင့် ဆင့်ပွား သင်တန်းများကိုလည်း ဆက်လက်ပို့ချပေးသွားမည် ဖြစ်ကြောင်း "ဆုဆွေ" ရေရှည်တည်တံ့စိုက်ပျိုးရေးဖောင်ဒေးရှင်းထံမှ သိရပါတယ်။

 

#Myanmar Food Industry Directory

 

 

လယ္ယာက႑ကို တစ္ဖက္တစ္လမ္းမွ အက်ိဳးျပဳႏိုင္မည့္ "ဆုေဆြ" ေရရွည္တည္တံ့စိုက္ပ်ိဳးေရး ေဖာင္ေဒးရွင္း မိတ္ဆက္ပြဲအခမ္းအနားကို  ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီ ၆ ရက္ မြန္းလြဲပိုင္းတြင္ ရန္ကုန္ၿမိဳ႕၊ ကန္ေတာ္ႀကီးဥယ်ာဥ္၊ ေျမပေဒသာကြၽန္းရွိ စိုက္ပ်ိဳးေရးျပတိုက္တြင္ က်င္းပခဲ့ပါတယ္။

 

ေတာင္သူလယ္သမားမ်ားအတြက္ ေရရွည္တည္တံ့ အထြက္တိုးၿပီး လူထုက်န္းမာေရးႏွင့္ ပတ္ဝန္းက်င္ကို မထိခိုက္ေစသည့္ စိုက္ပ်ိဳးေရးနည္းစနစ္မ်ားကို စဥ္ဆက္မျပတ္ ျဖန႔္ေဝေပးႏိုင္ရန္ရည္႐ြယ္၍ ေဖာင္ေဒးရွင္းကို တည္ေထာင္ျခင္းျဖစ္ေၾကာင္း ေဖာင္ေဒးရွင္းဥကၠ႒ျဖစ္သူ ဦးသိန္းဆုက မိတ္ဆက္ပြဲအခမ္းအနားတြင္ ေျပာၾကားခဲ့ပါတယ္။

 

Read More >>>>>   စေတာ္ဘယ္ရီ ကီဝီေဖ်ာ္ရည္

 

ေဖာင္ေဒးရွင္းအေနျဖင့္ ေရရွည္တည္တံ့စိုက္ပ်ိဳးစနစ္မ်ားကို ေတာင္သူလယ္သမားမ်ားအား စဥ္ဆက္မျပတ္ ပို႔ခ်ႏိုင္ရန္အတြက္ ဆရာျဖစ္သင္တန္းမ်ားေပးျခင္း၊ စံျပကြက္မ်ား ျပဳလုပ္ျခင္း၊ သုေတသနမ်ားလုပ္ေဆာင္ျခင္း၊ ပညာေပးစာအုပ္စာေစာင္မ်ား ထုတ္ေဝျဖန႔္ခ်ိျခင္း၊ ပညာေပးဗီဒီယိုမ်ား ထုတ္လုပ္ျဖန႔္ခ်ိျခင္း၊ အလုပ္႐ုံေဆြးေႏြးပြဲမ်ား က်င္းပျခင္းႏွင့္ ျပည္တြင္း ျပည္ပေလ့လာေရးခရီးစဥ္မ်ား ပို႔ေဆာင္ေပးျခင္း စသည့္လုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ဥကၠ႒မွ ရွင္းျပခဲ့ပါတယ္။

 

"ဆုေဆြ"ေရရွည္တည္တံ့စိုက္ပ်ိဳးေရးေဖာင္ေဒးရွင္း အေနျဖင့္ ဇန္နဝါရီ‌လေနာက္ဆုံးပတ္အတြင္း စစ္ကိုင္းတိုင္းေဒသႀကီး တန႔္ဆည္ၿမိဳ႕၌ ေရရွည္တည္တံ့စိုက္ပ်ိဳးစနစ္ ေတာင္သူလယ္သမား ဆရာျဖစ္သင္တန္းကို သင္ၾကားပို႔ခ် ေပးသြားမည္ျဖစ္ၿပီး အဆိုပါသင္တန္းမွတစ္ဆင့္ ဆင့္ပြား သင္တန္းမ်ားကိုလည္း ဆက္လက္ပို႔ခ်ေပးသြားမည္ ျဖစ္ေၾကာင္း "ဆုေဆြ" ေရရွည္တည္တံ့စိုက္ပ်ိဳးေရးေဖာင္ေဒးရွင္းထံမွ သိရပါတယ္။

 

#Myanmar Food Industry Directory

Read times Last modified on Thursday, 30 January 2020 15:33
Rate this item
(0 votes)