Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိမ်သာသုံးရေ သန့်စင်ပြန်သုံးထားသည့် စင်ကာပူဘီယာ NEWBrew

အိမ်သာသုံးရေ သန့်စင်ပြန်သုံးထားသည့် စင်ကာပူဘီယာ NEWBrew 

 

NEWBrew ဘီယာက စင်ကာပူနိုင်ငံတွင်  မိလ္လာစွန့်ပစ်‌ရေဆိုးကို သန့်စင်ပြီး ပြန်လည်အသုံးပြုထုတ်လုပ်ထားတဲ့ သောက်ရေသန့်အမှတ်တံဆိပ် NEWater ကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ဘီယာ ဖြစ်ပါတယ်။ ရေဆိုးမှ ရေသန့်ရယူတဲ့ စိတ်ကူးစိတ်သန်းက လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း ထောက်ခံမှုရရှိနေတဲ့ စိတ်ကူးစိတ်သန်းတစ်ခုဖြစ်ပါတယ်။ 

 

အရက်ပါ ယာမကာကို ထုတ်လုပ်ဖို့ အမျိုးသား ရေဌာန PUB နှင့် ပြည်တွင်း ဘီယာချက်လုပ်ငန်း Brewerkz တို့ ပူးပေါင်း လုပ်ကိုင်ခဲ့ကြပါတယ်။

 

Brewerkz က စူပါမားကက်များနှင့် Brewerkz ရဲ့ အရောင်းဆိုင်များမှာ ၂၀၂၂ ဧပြီလမှာ စတင်ရောင်းချခဲ့ပါတယ်။ 

 

NEWBrew က စင်ကာပူမှ သောက်ရေသန့် brand  တစ်ခုဖြစ်တဲ့ NEWater ကို အသုံးပြုပါတယ်။ မိလ္လာရေဆိုးမှ သောက်ရေသန့် ထုတ်လုပ်ခြင်းကို ၂၀၀၃ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

ရှေးယခင်က ရွံစရာ မသတီစရာအဖြစ် သဘောထားခဲ့ကြပေမဲ့ ယခုအခါ ထောက်ခံအားပေးမှု ပိုများလာနေပါတယ်။

 စင်ကာပူနှင့် အစ္စရေး နိုင်ငံတို့ဟာ ရေသန့် အရင်းအမြစ် အကန့်အသတ် ရှိနေတဲ့အတွက် ရေဆိုးကို တစ်ဖန်ပြန်လည် သုံးစွဲကြပါတယ်။

NEWater သောက်ရေသန့် ရဖို့ ရေဆိုးကို ခေတ်ပေါ်ရေစစ်အမှေးပါးများဖြင့် စစ်ယူပါတယ်။ ခရမ်းလွန်ရောင်ခြည်ဖြင့်  ပိုးသတ်ခြင်းကိုလည်း လုပ်ဆောင်ပါတယ်။ 

ယခု ရောင်းချတဲ့ NEWBrew ဘီယာကို ပထမအသုတ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဈေးကွက် တုံ့ပြန်မှုကို လေ့လာဆန်းစစ်ပြီးမှ ဒုတိယအသုတ် ထုတ်သင့်မထုတ်သင့် စဉ်းစား ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ 

#MyanmarFoodGuide
Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 07 July 2022 16:00
Rate this item
(0 votes)