Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ ဆန်ကွဲတရားဝင် တင်ပို့နိုင်ရေး ဆောင်ရွက်

တရုတ်နိုင်ငံသို့  ဆန်တရားဝင် တင်ပို့နိုင်ရေး ခက်ခဲနေသော်လည်း   ဆန်ကွဲကို  အစိုးရ အချင်းချင်း(G to G)  ဖြင့် တရားဝင် တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  ဒုတိယညွှန်ကြားရေးမှူး   ဦးမြင့်ချို ၏ပြောဆိုချက်အရ သိရပါတယ်။

 

"တရုတ်နိုင်ငံကို ဆန်ကွဲတရားဝင် တင်ပို့ဖို့အတွက် MoU  လက်မှတ်ရေးထိုးနိုင်ဖို့  ကြိုးစားနေပါတယ်။ ဆန်ကွဲ တင်ပို့မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ ခွင့်ပြုချက် မရှိသေးဘူး။ ဆန်တင်ပို့မယ်ဆိုရင်   တရုတ်နိုင်ငံရဲ့  အခွန် အရပ်ရပ်က ၆ဝ ရာခိုင်နှုန်းလောက် ကောက်ပါတယ်။

 

ဆန်ကွဲကို ၅ ရာခိုင်နှုန်းပဲ ကောက်တယ်။ နယ်စပ်လမ်းကြောင်းကနေ ကူမင်း အထိသွားရင်   ကုန်ကျစရိတ်များတယ်။  ဆန်ကွဲကို တရားဝင် ခွင့်ပြုချက်ရရင် ကိုတာမလိုဘူး။    လွတ်လွတ်လပ်လပ် တင်ပို့လို့ရတယ်။ ဒါကိုလည်း ကြိုးစားနေပါတယ်" ဟု ဦးမြင့်ချို ကပြောကြားခဲ့ပါတယ်။

 

တရုတ်နိုင်ငံသို့   ဆန်ကွဲတရားဝင် တင်ပို့နိုင်ရေးအတွက် လက်ရှိတွင် စီးပွားရေးရာ ကော်မတီမှ သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ ထပ်မံ၍ ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြပြီး  သဘောတူညီမှုရရှိလျှင်  တရုတ်နိုင်ငံနှင့် ညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။

 

Read More >>>>>>  မြန်မာ-ကိုရီးယားပူးပေါင်း၍ နေပြည်တော်တွင် အဆင့်မြင့်ဆန်စက်ဖွင့်လှစ်

 

လက်ရှိတွင် ပြည်ပပို့ကုန် အနေဖြင့် တရုတ်နိုင်ငံ  နန်နင်းမြို့သို့ ဆန်ကွဲတစ်တန် ကွန်တိန်နာကြေးသည် အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာရှိကြောင်း၊ နယ်စပ်လမ်းကြောင်းမှ ကူမင်းအထိဆိုပါက  ကုန်ကျငွေများမည် ဖြစ်သည့်အတွက် တရားဝင် တင်ပို့ခွင့်ရှိလျှင် ကိုတာမလိုဘဲ လွတ်လပ်စွာ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Friday, 02 August 2019 10:13
Rate this item
(0 votes)