Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နဂါးမောက်သီး အထွက်နှုန်းလျော့ကျပြီး ဒေသစုံမှ ထွက်ရှိချိန်ဖြစ်၍ ဈေးနှုန်းများကျဆင်း

ယခုနှစ် နဂါးမောက်သီးရာသီချိန်တွင် အထွက်နှုန်း လေးပုံတစ်ပုံလျော့ကျပြီး လတ်တလောတွင် ဒေသအသီးသီးမှ ထွက်ရှိချိန်ဖြစ်၍ ဈေးနှုန်းကျဆင်းနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် ရွှေသရဖူနဂါး မောက်ခြံပိုင်ရှင် ဦးတင်အောင်မိုး၏ပြောကြားချက်အရ သိရပါတယ်။

 

ပြီးခဲ့သည့် နဂါးမောက်သီးထွက်ရှိချိန်က တစ်ဧကလျှင် ကီလိုနှစ်သောင်းခွဲဝန်းကျင် ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ကီလိုတစ်သောင်းခွဲဝန်းကျင်သာ ထွက်ရှိသော်လည်း ယခုအခါဒေသအသီးသီးမှ နဂါးမောက်သီးထွက်ရှိချိန် ဖြစ်သောကြောင့် ဈေးနှုန်းရရှိမှုနည်းပါးခြင်းဖြစ်ကြောင်း သိရပါတယ်။

 

''ဒီလက နဂါးမောက်သီးလှိုင်လှိုင်ထွက်တယ်။ ဈေးကတော့ ကျသွားတယ်။ တစ်ပတ်လောက်အတွင်း တစ်နိုင်ငံလုံးမှာရှိတဲ့ခြံတွေက နဂါးမောက်သီးတွေ မှည့်ကြတယ်။

 

တစ်ပတ်လောက်မှည့်ပြီး ၁ဝ ရက်လောက်နားတယ်။ အဲဒီအချိန်မှာ နဂါးမောက်သီးထွက်ရင်တော့ ဈေးကောင်းရတယ်။ အခုရက်က တစ်နိုင်ငံလုံး နဂါးမောက်သီးမှည့်တဲ့ရက်ဆိုတော့ ဈေးကျသွားတယ်။ ဒီရက်တွေကျော်သွားရင် ဈေးကတဖြည်းဖြည်း ပြန်တက်လာတယ်'' ဟု ဦးတင်အောင်မိုးက ပြောကြားခဲ့ပါတယ်။

 

ဈေးနှုန်းရရှိမှုနည်းပါးချိန်တွင် အဖြူသီး တစ်ကီလိုလျှင် ငွေကျပ် ၅ဝဝ အထိသာရရှိပြီး ဈေးကောင်းချိန်တွင် တစ်ကီလိုလျှင်ငွေကျပ် ၁၂ဝဝ အထိ ဈေးနှုန်းရရှိကြောင်းနှင့် ဈေးနှုန်းရရှိမှုနည်းပါးချိန်တွင် အနီသီးတစ်ကီလိုလျှင် ငွေကျပ် ၈ဝဝ သာရရှိပြီး ဈေးကောင်းချိန်တွင် တစ်ကီလိုလျှင် ငွေကျပ် ၁၅ဝဝ ဈေးနှုန်းရရှိကြောင်း သိရပါတယ်။

 

''စားသုံးသူတွေကနှစ်သက်တော့ ဈေးကျပေမယ့် ဆိုးဆိုးရွားရွားမဖြစ်ပါဘူး။ ဈေးကွက်မှာ နဂါးမောက်သီးလှိုင်လှိုင်ပေါ်လေ ဈေးကျလေပါ'' ဟု ဦးတင်အောင်မိုးကပြောကြားခဲ့ပါတယ်။

 

Read More >>>>>>   မြန်မာ့နာနတ်သီးများ တရုတ်သို့ အမြန်ဆုံး ပြန်လည်တင်ပို့နိုင်ရေး ညှိနှိုင်းနေ

 

ပုပ္ပားဒေသမှထွက်ရှိသည့် နဂါးမောက်သီးကို ရန်ကုန်နှင့် မန္တလေးဈေးကွက်တို့သို့ အဓိကထားတင်ပို့လျက်ရှိကာ တင်ပို့သမျှ ရောင်းကုန်လေ့ရှိသော်လည်း အဝင်များသည့် ရက်တို့တွင် ဈေးနှုန်းကျဆင်းလေ့ရှိကြောင်း သိရပါတယ်။

 

# Myanmar Food Industry Directory (WWH)

Read times Last modified on Monday, 29 July 2019 09:43
Rate this item
(0 votes)