Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အင်ဒိုနီးရှား အေးခဲကြက်သား စင်ကာပူသို့ ပထမဆုံးအသုတ် စတင် တင်ပို့

အင်ဒိုနီးရှား အေးခဲကြက်သား စင်ကာပူသို့ ပထမဆုံးအသုတ် စတင် တင်ပို့

 

Annotation_2022-07-14_134344.jpg

 

ကြက်ကောင်ရေ ၃.၆ သန်း လစဉ် တင်ပို့နေတဲ့ မလေးရှားနိုင်ငံက ၂၀၂၂ မေလ ၂၃ ရက်မှာ ပြည့်တွင်း ကြက်သားဈေးနှုန်း မြင့်တက်နေတာကို ထိန်းကျောင်းရန်နှင့် ပြည်တွင်း ဖူလုံစေရန် ကြက်သားပြည်ပတင်ပို့မှုကို ပိတ်ပင်ကြောင်း ကြေညာခဲ့ပြီးနောက် မလေးရှားကြက်သား တင်သွင်းနေတဲ့ စင်ကာပူအနေဖြင့် မလေးရှားနိုင်ငံအစား အင်ဒိုနီးရှားနိုင်ငံထံမှ ကြက်သားများ တင်သွင်းဖို့် ဆောင်ရွက်ခဲ့ပါတယ်။ 

 

အင်ဒိုနီးရှား အေးခဲကြက်သားများကို စင်ကာပူနိုင်ငံသို့  ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၃ ရက်) တွင် စတင်ပို့ဆောင်ခဲ့ပါတယ်။ 

 

ကီလိုဂရမ် ငါးသောင်း၊ တန်ဖိုး ရူပီယာ ၂ ဘီလီယံ (စင်ဒေါ်လာ ၁၈၇◌,၇၄၉) ရှိတဲ့ အေးခဲကြက်သားများကို အင်ဒိုနီးရှားမှ ကြက်မွေးမြူထုတ်လုပ်ရေး လုပ်ငန်း Charoen Pokphand Indonesia (CPI) က စင်ကာပူသို ရေကြောင်းဖြင့် ပေးပို့ရန် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ မြောက်ဂျာကာတာရှိ Tanjung Priok ဆိပ်ကမ်းမှာ သင်္ဘောတင်ခဲ့ပါတယ်။ 

စင်ကာပူသို့ စနေနေ့မှာ ဆိုက်ရောက်မယ်လို့ ခန့်မှန်းပါတယ်။ စင်ကာပူမှာ Charoen Pokphand Indonesia (CPI)  ရဲ့ ကုန်သွယ်ဖက် Crown Pacific Beverage  တာဝန်ယူ လုပ်ကိုင်ပေးမှာ ဖြစ်ပါတယ်။ 

 

Annotation_2022-07-14_134309.jpg

 

စင်ကာပူသို့ ပထမဆုံးအသုတ် တင်ပို့တာဖြစ်လို့ တင်ပို့တဲ့ အခမ်းအနား'ကို ဗုဒ္ဓဟူးနေ့  မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်၊ 

စင်ကာပူသို့ အင်ဒိုနီးရှားကြက်များ တင်သွင်းခွင့်ကို ဇွန်လ ၃၀ ရက်မှာ Singapore Food Agency (SFA) က အတည်ပြု ခွင့်ပြုပေးခဲ့ပါတယ်။ CPI  မှ လုပ်ကိုင်တဲ့ လုပ်ငန်း ၃ ခု ၊ Japfa Comfeed Indonesia ရဲ့ လက်အောက်ခံ လုပ်ငန်း Ciomas Adisatwa တို့ စင်ကာပူသို့ အင်ဒိုနီးရှား ကြက်သားများ တင်သွင်းခွင့် ရရှိထားပါတယ်။ 

 

CPI က ယခုနှစ်မှာ အေးခဲကြက်သား တန်ချိန် ၁,၀၀၀ ကို စင်ကာပူသို့ တင်သွင်းရန် ရည်မှန်းထားပါတယ်။ 

#MyanmarFoodIndustryGuide

https://t.me/Guid4U

Source: Straitstimes

Read times
Rate this item
(0 votes)