Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယက အဝယ်လျှော့၍ ပြည်တွင်းဈေးကွက်၌ ပဲဈေးနှုန်း မတည်ငြိမ်ဖြစ်

အိန္ဒိယက အဝယ်လျှော့၍ ပြည်တွင်းဈေးကွက်၌ ပဲဈေးနှုန်း မတည်ငြိမ်ဖြစ် google.com

အိန္ဒိယနိုင်ငံမှအဝယ် လျှော့ချမှုကြောင့် ပြည်တွင်းဈေး ကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေး နှုန်း

တည်ငြိမ်မှု မရှိသဖြင့် အ ရောင်းအဝယ်အခက်အခဲဖြစ်နေ ကြောင်း ပြည်ပသို့ပဲတင်ပို့နေသည့် လုပ်ငန်းရှင်များကပြောသည်။

 

ရာသီဥတုပုံမှန်ရှိနိုင်မည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းသဖြင့် ယခုရက်သတ္တပတ်တွင် အိန္ဒိယ ကုန်သည်များက မြန်မာနိုင်ငံမှ မတ်ပဲနှင့်ပဲစင်းငုံအဝယ်ကို ရပ်ဆိုင်းကြောင်း ၎င်းတို့က ပြောသည်။

 

ထိုသို့အိန္ဒိယကုန်သည်များ က အဝယ်ရပ်ခြင်းကြောင့် ပြည် တွင်း၌ ပဲဈေးနှုန်းသည် တည်ငြိမ်မှုမရှိဘဲ ကျဆင်းလာ၍အရောင်း အဝယ်ပြုလုပ်ရန် အခက်အခဲဖြစ်လာသည်။

 

‘‘ဒီနေ့ဆိုရင် မတ်ပဲကတစ် ရက်တည်းကို တစ်တန်ကျပ် နှစ် သောင်းလောက် အပြောင်းအလဲ ဖြစ်လာတယ်’’ ဟု မြန်မာနိုင်ငံပဲ မျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

မေလ ၂၃ရက်တွင် ပြည်တွင်း ဈေးကွက်၌ မတ်ပဲသည် တစ်တန်လျှင် ကျပ်ကိုးသိန်းနှစ် သောင်းမှ ကျပ်ကိုးသိန်းလေး သောင်းခန့် အပြောင်းအလဲဖြစ်ခဲ့ ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြော သည်။

 

ပဲစင်းငုံက တစ်တန်လျှင် ကျပ်ခြောက်သိန်းလေးသောင်း ငါးထောင်ခန့်ရှိသည်။

 

ပြီးခဲ့သည့် တစ်ပတ်က ပြည် တွင်းဈေးကွက်တွင် မတ်ပဲတစ် တန်လျှင်  ကျပ်ဆယ်သိန်းနှစ်သောင်း ဈေးရှိခဲ့၍ ပဲစင်းငုံတစ်တန်လျှင် ကျပ်ခြောက်သိန်းရှစ်သောင်းခန့်ရှိခဲ့ရာ ဈေးနှုန်းများကျဆင်းလာခြင်းဖြစ်ကြောင်း ဘုရင့်နောင်ပဲကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးကပြောကြားသည်။

 

မတ်ပဲနှင့်ပဲစင်းငုံ အသစ်ပေါ်ချိန် မတ်လတွင် အိန္ဒိယ နိုင်ငံစိုက် ပျိုးရေး ဝန်ကြီးဌာနက ယခုနှစ်မိုး ရာသီ၌ ပုံမှန်မုတ်သုံ ဝင်မည်ဟု ကြေညာခဲ့သည်။

 

ထိုကြေညာချက်ကြောင့် အိန္ဒိယကုန်သည်များက မြန်မာနိုင်ငံမှ ဝယ်ယူမှုကို လျှော့ချခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဈေးကျဆင်းကာ တောင်သူလယ်သမားများ အကျပ်အတည်းဖြစ်စေသည်ဟု ပြည်ပသို့ ပဲတင်ပို့နေသည့် ကုန်သည်များကပြောကြားသည်။

ယခုနှစ်မတ်ပဲအထွက်နှုန်း သည် တန်ချိန်ငါးသိန်းခန့်၊ ပဲစင်း ငုံအထွက်နှုန်းသည် တန်ချိန်နှစ် သိန်းခန့်ရှိမည်ဟု ခန့်မှန်းကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်းမှ သိရသည်။

 

Source: 7 Day News

Read times Last modified on Wednesday, 19 September 2018 13:45
Rate this item
(1 Vote)