Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အခါလွန်မိုးကြောင့် ကြက်သွန်နီပျိုးပင်များ ပျက်စီးခဲ့၍ မျိုးစေ့ဈေး နှစ်ဆမြင့်တက်

အခါလွန်မိုးကြောင့် ကြက်သွန်နီပျိုးပင်များ ပျက်စီးခဲ့၍ မျိုးစေ့ဈေး နှစ်ဆမြင့်တက် google.com

ဆောင်းကြက်သွန်နီစိုက် ရန် ပျိုးသည့်ပျိုးပင်များ မိုးကြောင့် ပျက်စီးကုန်သဖြင့် ကြက်သွန်နီ မျိုးစေ့ဈေးနှုန်းများ

ယခင်နှစ်ထက် နှစ်ဆမြင့်တက်နေကြောင်း ကြက်သွန်စိုက် တောင်သူများက ပြောသည်။ ကြက်သွန်နီမျိုးစေ့မှာ ပြီးခဲ့သည့်နှစ်က မျိုးစေ့အရည်အသွေးပေါ်မူတည်၍ တစ်ပြည်လျှင်ကျပ်သုံးသောင်းခွဲမှ ငါးသောင်းအထိသာရှိပြီး ယခုနှစ်တွင် တစ်ပြည်လျှင် ကျပ်ရှစ်သောင်းမှ တစ်သိန်းခန့် အထိ ပေါက်ဈေးရှိနေကြောင်း ကြက်သွန်စိုက်တောင်သူများက ပြောသည်။

 

‘‘ကြက်သွန်နီ ပျိုးပင်တွေ အကုန်ပျက်ကုန်တော့ ကြက်သွန် နီစိုက်ဖို့အတွက် သူများဆီက မျိုး စေ့တွေပြန်ဝယ်ရတယ်။  အဲဒီလို နဲ့ ကြက်သွန်နီမျိုးစေ့တွေ ဈေး ကောင်းကုန်တာပါ’’ဟု မုံရွာမြို့မှ တောင်သူ ကိုဝင်းကျော်လတ်က ပြောသည်။

 

ယခုနှစ်တွင် ကြက်သွန်နီ ဈေးကောင်းရခဲ့ပြီး တောင်သူများ ကြက်သွန်နီကို ပိုစိုက်လာခြင်း သည် မျိုးစေ့ဈေးကောင်းရခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်နိုင် ကြောင်း ကျောက်ပန်းတောင်းမြို့ မှ ကြက်သွန်နီစိုက်တောင်သူ ဦးဘရှိန်က ပြောသည်။

 

‘‘ပျိုးပင်တွေက ပိုးကျပြီးခါး တွေသိမ်ကုန်တယ်။ ရတဲ့ပျိုးပင် တွေလည်း ပြန်ရတယ်။ မရတာ တော့ များတယ်။ အဲဒါကြောင့် မျိုးစေ့ဈေးတွေလည်း တက်ကုန် တာပါ’’ဟု ၎င်းကပြောသည်။

 

ကြက်သွန်နီ မျိုးစေ့များကို စက်တင်ဘာနှင့် အောက်တိုဘာ တွင် ပျိုးပင်ရရှိရန် စိုက်ပျိုးပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ကြက် သွန်နီဥရရှိစေရန် ၄၅ ရက်သား ပျိုးပင်များကို နေရာရွှေ့ပြောင်း စိုက်ပျိုးသည်။

 

တစ်ဧကလျှင် ကြက်သွန်နီ မျိုးစေ့ နှစ်ပြည်ကျော်မှ လေးပြည် အထိ စိုက်ပျိုးရသည်။ ဆောင်း ကြက်သွန်များကို ဧပြီတွင် တူး ဖော်ရောင်းချပြီး ရာသီဥတုမှန် ပါက နေရာဒေသအပေါ်မူတည်၍ တစ်ဧကလျှင် ပိဿာချိန် ၃,၅၀၀ မှ ၄,၀၀၀ အထိ ထွက်ရှိသည်။

 

လက်ရှိ ဈေးကွက်ရှိ ကြက် သွန်နီအသစ်များသည် ဥသေးကို စိုက်ပျိုးရာမှ ရရှိလာသည့် မိုး ကြက်သွန်နီဥကြီးများဖြစ်သည် ဟု ကိုဝင်းကျော်လတ်က ပြော သည်။ကြက်သွန်နီဈေး မြင့်တက် လာသဖြင့် ပြည်ပကြက်သွန်နီ တရားဝင်တင်သွင်းခွင့်ကို အစိုးရ က နိုဝင်ဘာ ၂၇ ရက်က ခွင့်ပြု ပေးခဲ့သည်။

 

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီ ပေါက်ဈေးသည် ထွက်ရှိရာ ဒေသနှင့် အရွယ် အစားပေါ်မူတည်၍ တစ်ပိဿာ လျှင် ကျပ် ၂,၀၀၀ မှ ကျပ်၃,၀၅၀ အထိရှိပြီး လက်လီဈေးကွက် အတွင်း ကြက်သွန်နီ တစ်ပိဿာ ဈေးမှာ ကျပ်၂,၅၀၀ မှ ကျပ် ၃,၇၀၀ အထိရှိသည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:33
Rate this item
(1 Vote)