Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နိုင်ငံခြားအရက် သိုလှောင်မှုအပေါ် အခွန်တိုးကောက်မည့် ဥပဒေကြမ်းကို ရန်ကုန်တိုင်းလွှတ်တော် အတည်ပြု

နိုင်ငံခြားအရက်သို လှောင်မှုအပေါ် အခွန် ၁၀ ရာခိုင် နှုန်းကောက်ခံရန်နှင့် ဂုဏ်သတ္တိ ပျက်အရက်ပြန်ရောင်းချခွင့်လိုင် စင်ကြေး ကျပ် ၃၀၀,၀၀၀ ကောက်ခံရန်

အချက်များပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုး ခွန်ဥပဒေပြင်ဆင်သည့် ဥပဒေ ကြမ်းကို တိုင်းဒေသကြီးလွှတ် တော်က အတည်ပြုခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီး ယစ် မျိုးခွန်ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး အောင်စိုးမိုးက မေလ ၁၅ ရက်တွင် ပြုလုပ်သည့် လွှတ် တော် အစည်းအဝေးသို့ တင် သွင်းပြီး မေလ ၂၄ ရက်၌ ယင်း ဥပဒေကြမ်းကို အတည်ပြုခြင်း ဖြစ်သည်။

 

လိုင်စင်အမျိုးအစားအသစ် သတ်မှတ်သည့် ဂုဏ်သတ္တိပျက် အရက်ပြန်ရောင်းချခွင့်လိုင်စင်ကို လိုင်စင်ကြေးနှုန်းထား ကျပ် ၃၀၀,၀၀၀ ဖြင့်လည်းကောင်း၊ နိုင်ငံခြားအရက်ရောင်းချခွင့်လိုင်စင် အမျိုးအစား ငါးမျိုးကို လိုင်စင်ရနေရာမှအပ အခြားနေရာများတွင် သိုလှောင်ပါက လိုင်စင်နှုန်း ၁၀ ရာခိုင်နှုန်းသတ်မှတ်၍ ကောက်ခံခြင်းစသည်တို့ ထည့်သွင်းပြဋ္ဌာန်းထားကြောင်း နယ်လုံဝန်ကြီးက ပြောကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံခြားအရက်လက်ကားရောင်း ချသူများက လိုင်စင်ရယူထား သည့်နေရာမှအပ အခြားနေရာ များတွင် သိုလှောင်ထားမှုအပေါ် ကောက်ယူသည့် လိုင်စင်ကြေးသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ၌ ကောက်ခံ သည့်နှုန်းနှင့် တူညီနေသဖြင့် အ ခွန်နှုန်းထားတိုးမြှင့်ကောက်ယူရန်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ် (နေပြည်တော်)က ရန်ကုန် တိုင်းအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံ အကြောင်းကြားသဖြင့် ယစ်မျိုးဥပဒေကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး ယစ် မျိုးခွန်ဥပဒေကို ၂၀၁၇ တွင် တိုင်းဒေသကြီးလွှတ်တော်၌ အတည်ပြုပြဋ္ဌာန်းခဲ့သည်။

 

ပြည်သူလူထုနှင့် ယင်းဥပဒေ ကို ကိုင်တွယ်ကျင့်သုံးမည့် ဌာန ဆိုင်ရာများ နားလည်အောင် ဥပဒေပါအချက်အလက် အဓိပ္ပာယ်များကို တိတိကျကျရှင်းလင်းဖော် ပြပြီးမှ ဥပဒေတွင်ထည့်သွင်း ပြဋ္ဌာန်းသင့်ကြောင်း အဆိုပါဥပဒေကြမ်းနှင့် ပတ်သက်၍ ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက သုံးသပ်ပြောကြားသည်။

 

‘‘ပြည်သူလူထုနဲ့ ဒီဥပဒေကို ကိုင်တွယ်ကျင့်သုံးမယ့် ဌာနဆိုင် ရာများက ဂုဏ်သတ္တိပျက်အရက် ပြန်ကို ခွဲခွဲခြားခြားသိရှိဖို့ ဆွေးနွေး ရခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ လွန်ခဲ့တဲ့ သုံး၊ လေး၊ ငါး နှစ်က ဆေးဆိုင်တွေမှာ အရက်ပြန် တင်မရောင်းရဲတဲ့ အခြေအနေမျိုး ကြုံခဲ့ဖူးပါတယ်။ အရက်ပြန်လိုင် စင်ကောက်ခံမယ်ဆိုတဲ့နေရာမှာ ဥပဒေကို ကျင့်သုံးကိုင်တွယ်ရတဲ့ ဌာနဆိုင်ရာတွေဘက်က နားလည် မှုလွဲပြီးတော့ ဆေးဆိုင်တွေမှာ ရောင်းတဲ့ အရက်ပြန်ကစပြီး လိုက် လံဖမ်းဆီးတာမျိုးတွေ (သို့မဟုတ်)လိုင်စင်ဆောင်ခိုင်းတာမျိုးတွေရှိ ခဲ့ဖူးပါတယ်’’ဟု ၎င်းက ဆိုသည်။

 

၎င်း၏ ဆွေးနွေးမှုအပေါ် နယ်လုံဝန်ကြီးက ‘‘ဒီအဓိပ္ပာယ်ကို ရှင်းလင်းအောင် အထက်ဝန်ကြီး ဌာနကို ဆက်လက်ညှိနှိုင်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်’’ဟု ပြန် လည်ဖြေကြားသည်။

 

၁၉၂၈ မြန်မာနိုင်ငံ ယစ်မျိုးဥပဒေအရ လုပ်ကိုင်ခွင့်ရှိသော ယစ်မျိုးလိုင်စင်အမျိုးအစား ၄၁ မျိုးရှိပြီး FL 25 သည် ဂုဏ်သတ္တိပျက်အရက်ပြန်လိုင်စင်ရောင်းချခွင့် လိုင်စင်ဖြစ်ခြင်း၊ FL 2D သည် အရက်ပြန်ပါသည့် ဆေးဝါးများကို မြန်မာဆေးဆရာများက ထုတ်လုပ်ခွင့်လိုင်စင်ဖြစ်ကြောင်းကို ယင်းဥပဒေတွင် ဘာသာပြန်ဆိုထားကြောင်း နယ်လုံဝန်ကြီးက ဆိုသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:31
Rate this item
(1 Vote)