Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြ၀တီကုန်သွယ်ရေးဇုန် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆံ တင်ပို့ခွင့်ကိစ္စနှင့် ပတ်သက်၍ ညွန်ကြားချက် ထုတ်ပြန်

မြ၀တီကုန်သွယ်ရေးဇုန် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆံ တင်ပို့ခွင့်ကိစ္စနှင့် ပတ်သက်၍ ညွန်ကြားချက် ထုတ်ပြန် 

 

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန မြ၀တီကုန်သွယ်ရေးဇုန်မှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆီ တင်ပို့ခွင့်ကိစ္စနှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက် ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


 

 

ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆီ တင်ပို့ခွင့်ကိစ္စနှင့် ပတ်သက်၍ အကြောင်းကြားခြင်း

၁။ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပဲမျိုးစုံ၊ ပြောင်းနှမ်းအမျိုးမျိုးနှင့် မြေပဲဆံ တင်ပို့ခွင့်ကိစ္စနှင့် ပတ်သက်၍ ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)မှ အောက်ပါအတိုင်း ညွှန်ကြားလာခဲ့ပါသည်။

 

(က) နယ်စပ်ဖြတ်ကျော် ပုံမှန်ကုန်သွယ်မှုနည်လမ်းဖြင့် အမေရိကန်ငွေကြေး အသုံးပြု၍သာ ခွင့်ပြုရန်။ 

 

( ခ ) ပို့ကုန်တန်ဖိုးအား ကြိုတင်ငွေလွှဲစနစ် Advanced Telegraphic Transfer (TT) စနစ် ဖြင့်သာ စိစစ်၍ ငွေလွှဲဝင်ရောက်မှသာ လိုင်စင်ခွင့်ပြုထုတ်ပေးရန်။

 

(ဂ ) ခွင့်ပြုထုတ်ပေးထားပြီးသော လိုင်စင်များအတွက် ငွေလွှဲဝင်ရောက်မှု အထောက်အထား (Bank Credit Advice) ရရှိမှသာ ပို့ကုန်ကြေညာလွှာ ED ဖွင့်လှစ်တင်ပို့ ခွင့်ပြုရန်။

 

သို့ဖြစ်ပါ၍ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲဆံ တင်ပို့ခွင့်ကိစ္စနှင့် ပတ်သက်၍ အထက်ပါအချက်များအား လိုက်နာဆောင်ရွက်သွားရန် အကြောင်းကြားပါသည်။

 

#MyanmarFoodIndustryGuide 

Telegram Channel
https://t.me/Guid4U

 

MFIG

Read times Last modified on Sunday, 17 July 2022 18:24
Rate this item
(0 votes)