Food & Livestock
အင်ဒိုနီးရှား အေးခဲကြက်သား ပထမအသုတ် စင်ကာပူ ရောက်ရှိ
အင်ဒိုနီးရှား အေးခဲကြက်သား ပထမအသုတ် စင်ကာပူ ရောက်ရှိ
အင်ဒိုနှီးရှားမှ ပထမဆုံးအသုတ် တင်ပို့သော ကြက်သားများ စင်ကာပူသို့ ရောက်ရှိလာသည်ကို စင်ကာပူရှိ အင်ဒိုနီးရှားသံအမတ် Suryo Pratomo က သွားရောက် ကြည့်ရှုစဉ် ၎င်းက လာမယ့်နှစ်မှာ ဝယ်လိုအားကောင်းပါက စင်ကာပူအနီးရှိ အင်ဒိုနီးရှားပိုင် ဘာတန် Batam ကျွန်းတွင် ကြက်မွေးမြူပြီး စင်ကာပူသို့ အင်ဒိုနီးရှားမှ လတ်ဆတ်ကြက်သားများတင်သွင်းနိုင်ကြောင်း ပြောကြားသည်။
နှစ်ကုန်အထိ အင်ဒိုနီးရှား ကြက်သား တန်ချိန် စုစုပေါင်း ၁,၀၀၀ အထိ စင်ကာပူသို့ တင်ပို့နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သံအမတ်က ပြောကြားသည်။
"ဟောဒီ ပထမအသုတ်က ဂျာကာတာကနေ လာတာ၊ စင်ကာပူက ဝယ်လိုအား ပမာဏကို ကြည့်ရဦးမယ်"ဟု ၎င်းက ပြောကြားသည်။
ဘာတန်တွင် ကြက်မွေးမြူရေး ထူထောင်ရန် စိတ်ကူးရှိသည့် အင်ဒိုနီးရှားမှ ကြက်မွေးမြူရေး လုပ်ငန်းရှင်များနှင့် သူ ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်များက လာမယ့်နှစ် ဝယ်လိုအားကို သိမှ ထူထောင်မည့် ကြက်မွေးမြူးရေးလုပ်ငန်း အရွယ်အစားကို ဆုံးဖြတ်နိုင်မည်ဟု ပြောကြသည်ဟု ၎င်းက ပြောကြားသည်။
ဘာတန်နှင့် စင်ကာပူအကြား ဖယ်ရီပြေးဆွဲနေရာ၌ ဘာတန်-စင်ကာပူ ခရီးစဉ်သည် ပျမ်းမျှ ၅၆ မိနစ်သာ ကြာသည်။
"Batam မှာ မွေးမြူရေးခြံကို တည်ထောင်နိုင်ရင် စင်ကာပူကို ကြက်အရှင်တွေ ယူလာဖို့ အချိန်ကြာမှာ မဟုတ်ပါဘူး" ဟု သံအမတ်က ပြောကြားသည်။
ယခင်က စင်ကာပူသည် မလေးရှားမှ ကြက်သား တင်သွင်းခဲ့သည်။ စင်ကာပူတွင် စားသုံးသည့် ကြက်သားစုစုပေါင်း ပမာဏ၏ ၄၃% ဝန်းကျင်ကို မလေးရှားမှ နေ့စဉ် တင်သွင်းသည်။
ဇွန်လ ၁ ရက်တွင် မလေးရှားက ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်တွင်းကြက်သားဈေးနှုန်း ထိန်းရန်အတွက် ကြက်သား ပြည်ပတင်ပို့မှုကို ပိတ်ပင်ခဲ့သည်။
သို့ဖြစ်ရာ စင်ကာပူက ကြက်သားကို အင်ဒိုနီးရှားမှ စတင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
မလေးရှား ကြက်သားအစား အင်ဒိုနီးရှားမှ အအေးပေးကြက်သားများ ၊ အေးခဲကြက်သားများ တင်သွင်းသွားေတာ့မည် ဖြစ်သည်။
ယခင်က အင်ဒိုနှီးရှားသည် စင်ကာပူသို့ ကြက်ဉဆားစိမ်များကိုသာ တင်ပို့ခဲ့သည်။ လစဉ် ကြက်ဉဆားစိမ် လုံးရေ ၅၀,၀၀၀ ဝန်းကျင် တင်ပို့သည်။
အင်ဒိုနီးရှားမှ ပထမအသုတ် တင်သွင်းသော ကြက်သားများကို ကြက်ဆီထမင်းဆိုင်များက ကြက်သားများ စင်ကာပူသို့ မရောက်ခင်ကတည်းက ကြိုဝယ်ထားကြပြီးပြီ ဖြစ်သည်။
အင်ဒိုနီးရှားမှ အေးခဲကြက်သားသည် အမေရိကန်၊ ထိုင်း၊ ဘရာဇီးနှင့် အာဂျင်တီးနားတို့မှ တင်သွင်းသည့် အေးခဲကြက်သားနှင့် ကွာခြားသည်။
အင်ဒိုနီးရှားမှ အေးခဲကြက်သားသည် ကြက်တစ်ကောင် အလေးချိန် ၂ မှ ၂.၃ ကီလိုဂရမ်အထိ ရှိသည်။ အခြားနိုင်ငံများမှာ အေးခဲကြက်သားများသည် ကြက်တစ်ကောင် အလေးချိန် ၁.၅ မှ ၁.၆ ကီလိုဂရမ်အထိ ရှိသည်။
ထြိ့ပြင် အမေရိကန်၊ ဘရာဇီးနှင့် အာဂျင်တီးနားတို့မှ တင်ပို့သော အေးခဲကြက်သားများသည် လမ်းခရီး ရက်ပေါင်း ၃၀ မှ ၆၀ အထိ ကြာမြင့်သည်။ အင်ဒိုနှီးရှား အေးခဲကြက်သားများသည် ၄ ရက်မျှသာ ကြာမြင့်သည်။
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U
Source CNA



