Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယူနန် ကုမ္ပဏီတစ်ခုက မြန်မာဆန်တန်ချိန် တစ်သန်း တရားဝင်ဝယ်ယူရန် ကမ်းလှမ်း

မြန်မာနိုင်ငံမှ ပြည်ပသို့ တင် ပို့နေသော စုစုပေါင်း ဆန်တန်ချိန် ပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော် ဈေးကွက်ဝေစု ရယူထားသော လူဦးရေ သန်း ၅၀ ကျော်နေထိုင်

သည့် ယူနန်ပြည်နယ်မှ တရားဝင် ဆန်ဝယ်ယူရန် ကမ်းလှမ်းခြင်းဖြစ် သည်။

 

‘‘တရားဝင်ပို့ဖို့က အရည်အ သွေး၊ ဈေးနှုန်းတွေကို ညှိနေပါ တယ်’’ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့ခဲ့ သည့် ဆန်တန်ချိန် လေးသန်းခန့် တွင် နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဆန်တန်ချိန် နှစ်သန်းခန့် တင်ပို့ ထားသည်။

 

တရုတ်အစိုးရသည် နယ်စပ် ကုန်သွယ်ရေးဖြင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို တင်သွင်းရာ တွင် ကုန်ပစ္စည်း အများစုကို တရားဝင်တင်သွင်းခွင့် ပေးမထား ပေ။ မြန်မာနိုင်ငံမှ နယ်စပ်ပို့ကုန် များကို တရားဝင်လိုင်စင်ဖြင့် ခွင့် ပြုထားသော်လည်း တရုတ်အစိုးရက တရားဝင်ခွင့်မပြုသဖြင့် မြန်မာနိုင်ငံမှ ကုန်သည်များသည် ငွေ ကြေး ဆုံးရှုံးနစ်နာမှုများ ရှိနေ ကြောင်း မူဆယ်မြို့ရှိ ဆန်ကုန် သည်အချို့က ဆိုသည်။

 

နှစ်နိုင်ငံ တရားဝင်ကုန်သွယ် ရေးမရှိခြင်းကြောင့် ကုန်ပစ္စည်း များ ရောင်းဝယ်ရာတွင် ငွေလွှဲပေး ပို့ရန် ယူနန်ပြည်နယ်ရှိ ဘဏ်အချို့၌ မြန်မာကုန်သည်များက ငွေစာရင်းဖွင့်လှစ်ဆောင်ရွက်နေ ရသည်။ မတ်လကုန်ပိုင်းက အ ကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ မြန်မာနိုင်ငံသား ဆန်၊ ပြောင်းဖူးစေ့နှင့် သကြားကုန်သည်များ၏ ငွေစာရင်း ၂၀၀ ကျော်ကို တရုတ်အစိုးရက ပိတ်သိမ်း၍ စစ်ဆေးခဲ့သည်။ ထိုအခြေအနေမျိုးတွင် နှစ် နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တုံ့ နှေးခဲ့ပြီး ကုန်ပစ္စည်း၏ ဈေးနှုန်း များအား တရုတ်ကုန်သည်များ က လျှော့ချဝယ်ယူသည်ကို မြန်မာကုန်သည်များ ကြုံတွေ့နေရ ကြောင်း မူဆယ်မြို့မှ ကုန်သည် အချို့က ပြောသည်။

 

တရုတ်နိုင်ငံသို့ နယ်စပ်ကုန် သွယ်ရေးဖြင့် ကုန်ပစ္စည်းများ တင်ပို့ရာတွင် ဆန်တစ်မျိုးတည်း သာမက ပြောင်းဖူးစေ့၊ သကြား တို့ကို တရားဝင် တင်ပို့နိုင်မည့် အစီအစဉ်များ နှစ်နိုင်ငံ အစိုးရ ချင်း ညှိနှိုင်းဆောင်ရွက်ရန် ကုန် သည်အချို့က တောင်းဆိုသည်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ပြောင်း ဖူးစေ့ တန်ချိန်တစ်သန်းကျော် တင်ပို့နိုင်ပြီး အများစုကို နယ်စပ် ကုန်သွယ်ရေးဖြင့် တရုတ်ကုန် သည်များက ဝယ်ယူသည်။ ထို့အ ပြင် မြန်မာနိုင်ငံမှ သကြားတန် ချိန်တစ်သန်းကျော်ကို တရုတ် နိုင်ငံသို့ တင်ပို့ထားသည်။

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် (ဧပြီ ၁ ရက်မှ မတ်လ ၂၃ ရက်) အထိ မူဆယ်နယ်စပ် ကုန်သွယ် ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ခြောက်ဘီလီယံခန့် တင်ပို့ထားပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ သန်း ၄၂၀ ကျော် ပိုမိုတင်ပို့ထား ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စာ ရင်းများတွင် ဖော်ပြထားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:34
Rate this item
(1 Vote)