Food & Livestock
လေးလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု ကန်ဒေါ်လာသန်း ၄၂၀ ကျော်ရှိလာ
ယခုဘဏ္ဍာနှစ် လေးလတာ ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ငါးသိန်းခွဲကျော် တင်ပို့ထားပြီး နိုင်ငံခြားဝင်ငွေ
အမေရိကန်ဒေါ်လာ သန်း ၄၂၀ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ယခုဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ ဇူလိုင် ၂၉ ရက်အထိ မြန်မာပဲမျိုးစုံကို တရုတ်၊ အိန္ဒိယ၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံတို့ အပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ထားကြောင်းသိရသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၃၃၂ ဒသမ ၄၁၁ သန်း တန်ဖိုးရှိပဲမျိုးစုံတန်ချိန် လေးသိန်းကျော်နှင့် နယ်စပ်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၉၄ သန်းတန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် တစ်သိန်းကျော် တင်ပို့ထားကြောင်း သိရသည်။
ပြည်ပသို့တင်ပို့သည် ပဲမျိုးစုံများတွင် ပဲတီစိမ်းတန်ချိန် နှစ်သိန်းခုနှစ်သောင်းကျော် အများဆုံးတင်ပို့ခဲ့ပြီး၊ မတ်ပဲတန်ချိန် တစ်သိန်းကျော်၊ မြေထောက်ပဲ တန်ချိန်သုံးသောင်းကျော် အသီးသီးတင်ပို့ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေး ကဏ္ဍတွင် ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး လယ်ယာထွက်ပစ္စည်းများ ထွက်ရှိမှု၏ ၃၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
Source: MDN
#MyanmarFoodGuide




