Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကဏန်းမည်း တင်ပို့ရောင်းချမှု ဈေးကွက်တွင် ပစ္စည်းအဝင်များသော်လည်း ဈေးကောင်းရရှိမှု နည်းပါး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ကဏန်းမည်း တင်ပို့ရောင်းချမှုဈေးကွက်တွင် ပစ္စည်း အဝင်များသော်လည်း မိုးရာသီဖြစ်၍ တရုတ်နိုင်ငံ ဈေးကွက်ဝယ်ယူမှု မရှိသောကြောင့် ထိုင်း ဈေးကွက်တစ်ခုသာ တင်ပို့ရောင်းချနေရသဖြင့် ဈေးကွက်တွင် ဈေးကောင်းရရှိမှု နည်းပါးကြောင်း ကဏန်းမည်း တင်ပို့ရောင်းချသူထံမှ သိရပါတယ်။


ကဏန်းမည်းဈေးကွက်မှာ  ၃ဝဝ ဂရမ် အထက်ကို ယခင်က ၂၉ဝဝဝ ကျပ်၊ ယခု ၂၅ဝဝဝ ကျပ်၊ ၂ဝဝ ဂရမ်အထက်ကို ယခင်က ၂၁ဝဝဝ ကျပ်၊ ယခု ၁၆ဝဝဝ ကျပ်၊ ၂ဝဝ ဂရမ်အောက်ကို ယခင်က ၁၉ဝဝဝ ကျပ်၊ ယခု ၁၃ဝဝဝ ကျပ်၊ ၁ဝဝ ဂရမ်အောက်ကို ၇၅ဝဝ ကျပ် ဝန်းကျင်ခန့် ရှိကြောင်း သိရပါတယ်။

 


''တရုတ်ဈေးကွက်မှာ အကြီးဆိုဒ်တွေက ၂၈ဝဝဝ ကျပ်ခန့်ရှိပြီး  အငယ်ဆိုဒ်တွေကငွေ ၁ဝဝဝဝ ကျော်ရပါတယ်။ တရုတ်က မဝယ်တော့ ထိုင်းဈေးကွက်မှာ ဒီဈေးမပေး ဘူး။ မြိတ်ပေါက်ဈေး အနေနဲ့ တရုတ်ဝယ် တုန်းက ဂရမ် ၃ဝဝ ကျော်ကို ၂၈ဝဝဝ ကျပ် ကျော်ရတယ်။ ထိုင်းမှာ ၂၆ဝဝဝ ကျပ်ခန့်ပဲ ရတယ်။ ဈေးကွက်မတူဘူး။ တရုတ်က ၁ဝဝ ဂရမ်ကစ အပေါ်ဆိုဒ်အကုန်ယူတယ်။ ဈေး ကောင်းတယ်။  ထိုင်းက  ဆိုဒ်အလိုက်ပဲ ယူတယ်။

 


တရုတ်က ပြီးခဲ့တဲ့နှစ်မှာ ၃ဝဝ ဂရမ် အထက် နံပါတ် ၁ ဆိုဒ်ကို ၂၈ဝဝဝ ကျော်၊ ၂ဝဝ ဂရမ်အထက် နံပါတ် ၂ ကို ၂၁ဝဝဝ ထိရှိတယ်။ ၁ဝဝ ဂရမ်အထက်ကို ၁၇ဝဝဝ ထိဝယ်တယ်။ ထိုင်းမှာ ဂရမ် ၁ဝဝ ကျော်ကို ၁၁ဝဝဝ ထိပဲရတယ်။ တရုတ်က အဝယ် ရပ်နားတာ လေးလလောက်ရှိပြီ။ အခုတရုတ် ကို မပို့ရလို့ ထိုင်းတစ်ခုတည်းဆိုတော့ ထိုင်းကပစ္စည်း အဝင်များပြီး သူတို့မနိုင်လို့ ဈေးလျှော့ချတယ်''ဟု ကဏန်းမည်း အဝယ်ဒိုင် ဦးအေးလွင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

Read More >>>>>    တရုတ်ကုမ္ပဏီက နွားမွေးမြူရေးလုပ်ငန်းကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုက်ပြီ

 


မိုးတွင်း၌ ထိုင်းဈေးကွက်တစ်ခုပဲ ရောင်းချရသဖြင့် အရောင်းအဝယ် ပါးကြောင်း၊ နွေ ရာသီတွင် တရုတ်ဈေးကွက် ရောင်းချရာတွင် ကောင်းမွန်ကြောင်း၊ ကဏန်းဖမ်းဆီးရာတွင် ဂရမ် ၆ဝ၊ ၇ဝ တို့  ဖမ်းဆီးလာကြသဖြင့် ရေရှည်တွင်  မျိုးသုဉ်းမည့် အနေအထား ဖြစ်သွားနိုင်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ကဏန်းဖမ်းဆီးရမိမှုလည်း ရှားလာကြောင်း၊ ယခင်က ယခုရာသီတွင် ဗန်း ၅ဝ ကျော် နေ့တိုင်းရပြီး ယခုအခါ ၃ဝ ခန့်ပဲ ရကြောင်း ကဏန်းမည်းအဝယ်ဒိုင်  ဦးခိုင်လင်းက  ပြောကြားခဲ့ပါတယ်။

 


မြိတ်မြို့တွင် ကဏန်းမည်း အဝယ်ဒိုင်ကြီး ၄ ဒိုင်နှင့် ဒိုင်ငယ် ၁ဝ ကျော်ရှိပြီး ကဏန်းမည်းများကို မြိတ်၊ ကျွန်းစု၊ ပင်လယ်ပိုင်းနှင့် ကြိမ်နီတောင်၊ ကြိမ်မဲတောင်၊ ကော့သောင်းဘက်တို့မှလည်း လာရောက်ရောင်း ချလျက်ရှိပါတယ်။ နွေရာသီတွင် တရုတ်ဈေးကွက်၊ ထိုင်းဈေးကွက်ရှိ၍   ဈေးကောင်းရရှိပြီး မိုးရာသီတွင် တရုတ်ဈေးကွက် အဝယ်ရပ်ဆိုင်းသောကြောင့် ထိုင်းဈေးကွက်သာ ပို့ရသဖြင့် ဈေးကောင်းရရှိမှု နည်းပါးကြောင်း သိရပါတယ်။

 

# Myanmar Food Industry Directory

Read times Last modified on Thursday, 11 July 2019 10:19
Rate this item
(1 Vote)