Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သီရိလင်္ကာအစိုးရပြည်ပဆန်တင်သွင်းမှု သက်တမ်းတိုးခြင်းက မြန်မာ့ဆန်ဈေးကွက် အခွင့်အလမ်းကောင်းဟုဆို

သီရိလင်္ကာအစိုးရက ပြည်ပမှ လစဉ်ဆန်တန်ချိန်တစ် သိန်းကို ၂၀၁၈ မတ်လကုန်အထိ တင်သွင်းမည့်အစီအစဉ်သည်

မြန်မာ့ဆန် ဈေးကွက်အတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်တာဝန်ရှိသူများက ပြော ကြားသည်။ 

 

သီရိလင်္ကာ အစိုးရက ယခင်က ၂၀၁၇ ဒီဇင်ဘာအထိ ပြည်ပမှ ဆန်တင်သွင်းမည်ဟု ကြေညာထားသော်လည်း ပြည် တွင်းလိုအပ်ချက်ကြောင့် နောက် ထပ်သုံးလထပ်မံတိုးမြှင့်ပေးခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

 

‘‘ကျွန်တော်တို့နိုင်ငံအတွက် တော့ ဒါ အခွင့်အရေးပဲ’’ ဟု မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ စာရင်းစစ် ဦးမျိုးသူရအေးက ပြော သည်။ 

 

အစိုးရချင်း သဘောတူညီမှု ဖြင့် ဆန်တင်ပို့မှုမရှိသော်လည်း ပုဂ္ဂလိကကဏ္ဍမှ တန်ချိန်များစွာ ပို့နေရပြီး သီရိလင်္ကာအစိုးရ၏ ပြည်ပမှ ဆန်ဝယ်ယူရန် အချိန် တိုးမြှင့်ခြင်းက မြန်မာနိုင်ငံအ တွက် အခွင့်အလမ်းကောင်းတစ် ခုဟု ဦးမျိုးသူရအေးကပြောကြား သည်။ 

 

‘‘မြန်မာ့ဆန်ပြည်ပတင်ပို့မှု က ဒီနှစ်မှာ အလားအလာအ ကောင်းဆုံး လုပ်ငန်းတစ်ခုပဲ’’ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်း ဇင်က ပြောသည်။ 

 

မြန်မာနိုင်ငံမှ ပြည်သို့ ၂၀၂၀ပြည့်နှစ်တွင် ဆန်တန်ချိန် လေး သန်းအထိ တိုးမြှင့်တင်ပို့ရန် မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ် နှစ်ပတ်လည် အထွေထွေအစည်း အဝေး၊ အထွေထွေညီလာခံနှင့် ရွေးချယ်တင်မြှောက်ပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး အောင်ထူးက ပြောသည်။ 

 

ယခုဘဏ္ဍာနှစ် ဒီဇင်ဘာအ ထိ ပြည်ပသို့ ဆန်တန်ချိန်နှစ်သိန်း ကျော်တင်ပို့နိုင်ပြီး ကန်ဒေါ်လာ သန်း ၆၀၀ ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။ 

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:22
Rate this item
(0 votes)