Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်၌ သကြား ဆန်နှင့် ပြောင်းတင်ပို့မှု အခက်အခဲဖြစ်နေ

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ တင်ပို့နေသည့် ကုန်စည်များကို ဖမ်းဆီးမှုများနေသဖြင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်၌ သကြား၊ ဆန်နှင့် ပြောင်း တင်ပို့မှုအခက်အခဲ

ဖြစ်နေကြောင်း Myantrade မောဝ်ရွှေလီကုန်သွယ်မှု ဗဟိုဌာနမှ သိရသည်။

 

မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၌ သြဂုတ်လမှစ၍ တရုတ်နိုင်ငံသို့ သကြားတင်ပို့ရာတွင် တရုတ်နိုင်ငံမှ အဖမ်းအဆီးများ  ပြုလုပ်ခဲ့သဖြင့် သကြားတင်ပို့မှု ရပ်တန့်ခဲ့သည်။

 

ထို့ပြင်  ဆန်နှင့်ပြောင်းကို  အောက်တိုဘာလဆန်းပိုင်းမှ ယခုအချိန်ထိ  တရုတ်နိုင်ငံက အဖမ်းအဆီး ပြုလုပ်နေသဖြင့် တင်ပို့မှု ရပ်ဆိုင်းထားရသည်။ ''သကြား၊ ဆန်၊ ပြောင်းကို အခုဆိုအဝယ် မရှိတော့ဘူး။ တရုတ်နိုင်ငံက အဖမ်းအဆီးများတယ်။  သကြားဆိုရင် မဝယ်တာ နှစ်လကျော်ပြီ။  အခုပြည်တွင်းသကြား ထုတ်လုပ်ချိန်နီးနေတော့  သကြားဈေးသာ ဆက်ပြီးကျရင်  သကြားဈေးကွက်ပျက်မယ့် အခြေအနေကို စိုးရိမ်နေရတယ်'' ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး ကပြောသည်။

 

လက်ရှိ  တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ကုန်ပစ္စည်းများထဲမှ နှမ်းသီးနှံ တစ်ခုသာဈေးကွက်ရရှိကာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံမှ  တရုတ်နိုင်ငံသို့  တင်ပို့နေသော ကုန်ပစ္စည်းများ ရပ်တန့်နေသည့်အပြင်  တရုတ်နိုင်ငံမှ တင်သွင်းနေသော ကုန်ပစ္စည်းများမှာလည်း ယခုရက်ပိုင်းအတွင်း ဝင်ရောက်မှု နည်းပါးနေကြောင်း သိရသည်။

 

လက်ရှိ မူဆယ်မြို့ ကုန်စည်ဒိုင်များမှ သကြား၊ ငစိန်ဆန်၊ ဆန်ကွဲတို့ကို တရုတ်ကုန်သည်များက မှာယူနေသော်လည်း တင်ပို့ရန် ခက်ခဲနေပြီး ပဲတီစိမ်း၊ ပဲယဉ်း၊ပဲကြီး၊ ပဲလွမ်းဖြူ၊ ပဲပုပ်၊ ပဲစင်းငုံ၊ ပဲနီကျား၊ မတ်ပဲ၊ မြေပဲဆန်၊ မြေထောက်ပဲ၊ ရော်ဘာ၊ နှမ်းနက်(စမုန်)၊ နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းအခွံချွတ် စသည့်ကုန်စည်များမှာ အရောင်းအဝယ် မရှိသလောက်ဖြစ်နေကြောင်း သိရသည်။

 

''မန္တလေးဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ပဲ။ ပဲတွေက ဈေးမကျပါဘူး။ ရောင်းဝယ်နေကြတယ်။ တရုတ်နိုင်ငံက ဘယ်လောက်ပိတ်ပိတ် သူ့လမ်းကြောင်းနဲ့သူရှိမှာပါ'' ဟု မန္တလေးမြို့ ပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း (ကုန်စည်ဒိုင်) အထွေထွေအတွင်းရေးမှူး ဦးကျော်သွင် ကပြောသည်။  

 

Source: Myawady

Read times
Rate this item
(1 Vote)