Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သရက်သီးဈေးကွက် ကျယ်ပြန့်လာ

မြန်မာ့သရက် ပြည်ပ တင်ပို့မှုဟာ တစ်နှစ်ထက်တစ်နှစ် ပမာဏ ပိုမိုများပြားလာသလို ပြည်တွင်းစားသုံးသူ

ဈေးကွက်ကလည်း တစ်နှစ်ထက်တစ်နှစ် စားသုံးမှု ပိုမိုလာတာတွေ့ရတယ်လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းက တာဝန်ရှိသူတစ် ဦးက ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

မြန်မာ့သရက်က ပြည်တွင်းဈေးကွက်မှာသာမက ပြည်ပဈေးကွက်အချို့မှာပါ ထိုးဖောက်အောင်မြင်နေတယ်။ အထူးသဖြင့် အရည်အသွေးမြင့် သရက်မျိုးတွေ ဖြစ်တဲ့ ဟင်္သာ၊ စိန်တလုံးစတဲ့ သရက်သီးကို လက်ရှိမှာ ထိုင်း၊ စင်ကာပူ၊ တရုတ်နိုင်ငံတွေကို တင်ပို့နေပြီး ကိုရီး ယားနိုင်ငံကို တင်ပို့နိုင်ရေးအတွက် အရည် အသွေးဆိုင်ရာ စမ်းသပ်မှုတွေ စတင်လုပ် ဆောင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

 

“သရက်သီးနဲ့ပတ်သက်ပြီး အဓိက ဈေးကွက်က တရုတ်ဈေးကွက်၊ ဖောက်နေတဲ့နိုင်ငံတကာဈေးကွက်က သူ့လိုင်းနဲ့ သူ သွားနေတာရှိတယ်၊ ပြည်တွင်းဈေးကွက်လဲ မပျောက်စေချင်ဘူး၊ ပြည်တွင်း ဈေးကွက်လဲ အဓိကထားသင့်တယ်၊ ထွက်ရှိနှုန်းရဲ့၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့် လောက်က ပြည်တွင်းစားသုံးမှုရှိတယ်”လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်း ပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်း ရေးမှူး ဦးကျော်စိုးနိုင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

ဥပမာ ယခင် သရက်ရာသီကဆိုရင် ရန်ကုန်ဈေးကွက်မှာ သရက်ဈေးမြင့်မားနေချိန်မှာ တရုတ်ကို အဓိကတင်ပို့ရာ မူ ဆယ်ဈေးကွက်မှာတော့ သရက်ဈေးကျ ဆင်းနေတဲ့အတွက် မူဆယ်ရောက်ပြီး သားသရက်တွေကို ရန်ကုန်သို့ ပြန်ချ ရောင်းခဲ့တယ်လို့ သိရပါတယ်။

 

ပြည်တွင်းပြည်ပ သရက်တင်ပို့မှု စား သုံးမှုမြင့်တက်လာတာနဲ့အမျှ သရက်စိုက် ပျိုးထုတ်လုပ်တဲ့လုပ်ငန်းမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုဟာလည်း နှစ်စဉ်တိုးတက် လာနေတယ်လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရပါတယ်။

 

ပြည်ပဈေးကွက်ဝင် သရက်အမျိုးအစားတွေ စိုက်ပျိုးကြသလို အကြမ်းသီး စိုက်ပျိုးမှုတွေလည်း တိုးတက်တယ်။

 

ခိုင်မာတဲ့ ဈေးကွက်အပေါ် မျှော်မှန်းပြီး ရင်းနှီးမြှုပ်နှံမှုတွေကြောင့် သရက် စိုက်ဧက ပိုမိုများပြားလာသလို ဒေသခံ တောင်သူတွေကြား စိုက်ပျိုးမှုများလာလို့လည်း သရက်ဧက ယခုလို နှစ်စဉ်တိုးပွားနေတာလို့ သိရပါတယ်။

 

မန္တလေးတိုင်းအတွင်းမှာ သရက်စိုက်ခြံဧက နှစ်သိန်းကျော်ရှိပြီး ကျောက်ဆည် မြို့နယ်ဟာ စိန်တလုံးသရက် အဓိကစိုက်ပျိုးရာဒေသ ဖြစ်ပါတယ်။

 

သရက်စိုက်ပျိုးထုတ်လုပ်မှုအတွက် ကုန်ကျစရိတ် မြေတန်ဖိုးမပါ စစချင်း ကုန်ကျစရိတ်က ကျပ်ငါးသိန်းခန့် ကုန်ကျတယ်။ လေးနှစ်သားမှာ ဈေးကွက်ကို အသီး စတင်ရောင်းချလို့ရမှာဖြစ်ပြီး စစ ချင်းမှာ သရက်တစ်ပင်ကို ကျပ် ၂၀,ဝ၀ဝ မှ ၃၀,ဝ၀ဝ ခန့်အထိ ရလေ့ရှိတယ်။ အဲ သည်ကနေမှ အရည်အသွေးပေါ် မူတည် ပြီး တစ်ပင်ကို ကျပ်လေးငါးသောင်းခန့် ရတယ်လို့ သိရပါတယ်။

Source: Kumudra

Read times Last modified on Wednesday, 19 September 2018 11:22
Rate this item
(1 Vote)