Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထန်းလျက် လှိုင်လှိုင်ပေါ်နေသော်လည်း ဈေးကောင်းမရ

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံချောင်းမြို့နှင့် ချောက်မြို့နယ်တို့တွင် ထန်းလျက် လှိုင်လှိုင်ပေါ်ချိန်  ဈေးကောင်းမရဘဲ ဈေးကျနေကြောင်း ဒေသခံ ထန်းတောင်သူများထံမှ သိရသည်။

 

ယခုတစ်ပတ် ထန်းလျက် တစ်ပိဿာကို ငွေကျပ် ၁ဝဝဝ ပေါက်ဈေး ရှိကြောင်း၊လောင်စာက ပဲစင်းငုံ အပင်အမြစ်နဲ့ ဆီးသီးခွဲခြမ်းကို အသုံးပြုကြောင်း၊ ပဲစင်းငုံ အမြစ်မှာလည်း ငွေကျပ် ၁၅ဝဝဝ ကနေ ငွေကျပ် ၂ဝဝဝဝ၊ ဆီးသီးခွဲခြမ်း တင်းလေးဆယ်ခန့် ပါဝင်တဲ့ ထော်လာဂျီတစ်စီးကို ငွေကျပ် ၃၅ဝဝဝ၊ ထန်းတက်ခ၊ အလုပ်သမားခ၊ မြေအိုးအတွက် ကုန်ကျသည့်စရိတ်များ ဈေးမြင့်လာခြင်းကြောင့်  တွက်ခြေမကိုက်ကြောင်း  ရေနံချောင်းမြို့နယ် စိန်ပန်းပင် ကျေးရွာအုပ်စုမှ တောင်သူတစ်ဦး ကပြောသည်။

 

Read More >>>>>  မြန်မာ့ကော်ဖီဈေးကွက် အေးနေသည့်အပြင် အရှေ့ဈေးကွက်သို့ ဦးစားပေး ရောင်းချနေရ

 

ယခင်ထန်းလျက်ပေါ်စ ဖေဖော်ဝါရီလဆန်းတွင် ထန်းလျက်တစ်ပိဿာ ငွေကျပ် ၁၆ဝဝ ဈေးရှိပြီး လက်ရှိဈေးတစ်ပိဿာ ငွေကျပ် ၁ဝဝဝ ဖြင့်သာ ရောင်းရပြီး နယ်ဘက်မှ အဝယ်အေးနေသောကြောင့် ဈေးကျခြင်းဖြစ်သည်။ ယခင်နှစ်က ကုန်ချိန် ၅ဝဝ လှောင်ထားသည့် အနေအထားမှ ယခုကုန်ချိန် ၂၅ဝ ကနေ ၃ဝဝ သာ ဝယ်သည့်အတွက် ဈေးကျနေခြင်းဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ထန်းလျက်ပွဲစား တစ်ဦးထံမှ သိရသည်။

 

Source: Myawaddy

Read times Last modified on Thursday, 02 May 2019 17:22
Rate this item
(1 Vote)