Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီမျိုးစေ့ ဈေးနှုန်းကျဆင်း

Unicode

ကြက်သွန်နီမျိုးစေ့ ဈေးနှုန်းကျဆင်း


မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်၌ ကြက်သွန်နီပျိုးထောင်ကာ  မျိုးစေ့ ရောင်းချသူများ ငါးနှစ်အတွင်း အနိမ့်ဆုံး ဈေးနှုန်းဖြင့် ရောင်းချနေရပြီး မကြုံဖူးသည့် ဈေးနှုန်းအထိ ကြက်သွန်နီမျိုးစေ့ ဈေးနှုန်းကျဆင်းနေကြောင်း ကြက်သွန်နီမျိုးစေ့ ရောင်းချသူများထံမှ သိရသည်။

 

ဆောင်းကြက်သွန်နီ စိုက်ပျိုးချိန်ဖြစ်သည့် သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလတို့တွင် ကြက်သွန်နီမျိုးစေ့များ   အရောင်းအဝယ်ဖြစ်ပြီး ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင်   ငွေကျပ် ၆၀၀၀၀ မှ ၁၃၀၀၀၀ အတွင်းသာ ရောင်းချရသည်။

 

ယခုနှစ် ဆောင်းကြက်သွန်ပျိုးထောင်ချိန် ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင် ငွေကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ အထိသာ ရောင်းချရခြင်းကြောင့် ကြက်သွန်နီပျိုးထောင်ကာ မျိုးစေ့ရောင်းချသူများ ငါးနှစ်အတွင်း ကြက်သွန်မျိုးစေ့ အနိမ့်ဆုံးဈေးနှုန်း ဖြစ်နေကြောင်း  ကျောက်ပန်းတောင်း မြို့နယ် မုန့်ကုန်းကျေးရွာ ကြက်သွန်နီမျိုးစေ့ ရောင်းချသည့် ဦးနေမျိုးထွန်း ကပြောသည်။

 

Read More >>>>>  ျပည္တြင္း ေဈးကြက္တြင္ မတ္ပဲေဈးမၿငိမ္

 

ကြက်သွန်နီမျိုးစေ့ ပျိုးထောင်စိုက်ပျိုးပြီး ရက် ၂၀ ကျော်လျှင် စိန်ဖူးတိုင် ခေါ် ကြက်သွန်ပန်းပွင့်တိုင်    ထွက်လာကာ ကြက်သွန်နီ တစ်လုံးစိုက်လျှင် ကြက်သွန်ပန်းပွင့် တစ်ပွင့်မှ ငါးပွင့်အထိ ခွဲထွက်ကာ ပွင့်သည်။

 

ကြက်သွန်မျိုးစေ့များ အစေ့အောင်ချိန်တွင် ကြက်သွန်ပန်းပွင့်များခူးကာ နေလှန်း အခြောက်ခံရပြီး ကြက်သွန်နီမျိုးစေ့များ ထုတ်ယူကြောင်း၊ ကြက်သွန်နီ ပျိုးထောင်ချိန်ပြီး စိုက်ပျိုးချိန်တွင် မျိုးစေ့ဈေးကြီးမြင့်လေ့ရှိပြီး ကြက်သွန်မျိုး နို့ဆီဘူးနှစ်ဘူးထောင် တစ်ပေါင်လျှင် ပျိုးပင်ပေါက် ပေါက်အားကောင်းပါက   ငွေကျပ်  ၈၀၀၀၀  မှ ၁၂၀၀၀၀ အထိ   ရောင်းချကြောင်း သိရသည်။

 

Source: Myawaddy

 

 

 

ၾကက္သြန္နီမ်ဳိးေစ့ ေစ်းႏႈန္းက်ဆင္း

 

မႏၱေလးတိုင္းေဒသႀကီး ေညာင္ဦးခ႐ိုင္ ေက်ာက္ပန္းေတာင္း ၿမိဳ႕နယ္၌ ၾကက္သြန္နီပ်ဳိးေထာင္ကာ  မ်ဳိးေစ့ ေရာင္းခ်သူမ်ား ငါးႏွစ္အတြင္း အနိမ့္ဆံုး ေစ်းႏႈန္းျဖင့္ ေရာင္းခ်ေနရၿပီး မႀကံဳဖူးသည့္ ေစ်းႏႈန္းအထိ ၾကက္သြန္နီမ်ဳိးေစ့ ေစ်းႏႈန္းက်ဆင္းေနေၾကာင္း ၾကက္သြန္နီမ်ဳိးေစ့ ေရာင္းခ်သူမ်ားထံမွ သိရသည္။

 

ေဆာင္းၾကက္သြန္နီ စိုက္ပ်ဳိးခ်ိန္ျဖစ္သည့္ သီတင္းကၽြတ္ႏွင့္ တန္ေဆာင္မုန္းလတို႔တြင္ ၾကက္သြန္နီမ်ဳိးေစ့မ်ား   အေရာင္းအ၀ယ္ျဖစ္ၿပီး ၾကက္သြန္နီမ်ဳိးေစ့ တစ္ျပည္လွ်င္   ေငြက်ပ္ ၆၀၀၀၀ မွ ၁၃၀၀၀၀ အတြင္းသာ ေရာင္းခ်ရသည္။

 

ယခုႏွစ္ ေဆာင္းၾကက္သြန္ပ်ဳိးေထာင္ခ်ိန္ ၾကက္သြန္နီမ်ဳိးေစ့ တစ္ျပည္လွ်င္ ေငြက်ပ္ ၂၀၀၀၀ မွ ၂၅၀၀၀ အထိသာ ေရာင္းခ်ရျခင္းေၾကာင့္ ၾကက္သြန္နီပ်ဳိးေထာင္ကာ မ်ဳိးေစ့ေရာင္းခ်သူမ်ား ငါးႏွစ္အတြင္း ၾကက္သြန္မ်ဳိးေစ့ အနိမ့္ဆံုးေစ်းႏႈန္း ျဖစ္ေနေၾကာင္း  ေက်ာက္ပန္းေတာင္း ၿမိဳ႕နယ္ မုန္႔ကုန္းေက်းရြာ ၾကက္သြန္နီမ်ဳိးေစ့ ေရာင္းခ်သည့္ ဦးေနမ်ဳိးထြန္း ကေျပာသည္။

 

Read More >>>>>  ျပည္တြင္း ေဈးကြက္တြင္ မတ္ပဲေဈးမၿငိမ္

 

ၾကက္သြန္နီမ်ဳိးေစ့ ပ်ဳိးေထာင္စိုက္ပ်ဳိးၿပီး ရက္ ၂၀ ေက်ာ္လွ်င္ စိန္ဖူးတိုင္ ေခၚ ၾကက္သြန္ပန္းပြင့္တိုင္    ထြက္လာကာ ၾကက္သြန္နီ တစ္လံုးစိုက္လွ်င္ ၾကက္သြန္ပန္းပြင့္ တစ္ပြင့္မွ ငါးပြင့္အထိ ခြဲထြက္ကာ ပြင့္သည္။

 

ၾကက္သြန္မ်ဳိးေစ့မ်ား အေစ့ေအာင္ခ်ိန္တြင္ ၾကက္သြန္ပန္းပြင့္မ်ားခူးကာ ေနလွန္း အေျခာက္ခံရၿပီး ၾကက္သြန္နီမ်ဳိးေစ့မ်ား ထုတ္ယူေၾကာင္း၊ ၾကက္သြန္နီ ပ်ဳိးေထာင္ခ်ိန္ၿပီး စိုက္ပ်ဳိးခ်ိန္တြင္ မ်ဳိးေစ့ေစ်းႀကီးျမင့္ေလ့ရွိၿပီး ၾကက္သြန္မ်ဳိး ႏို႔ဆီဘူးႏွစ္ဘူးေထာင္ တစ္ေပါင္လွ်င္ ပ်ဳိးပင္ေပါက္ ေပါက္အားေကာင္းပါက   ေငြက်ပ္  ၈၀၀၀၀  မွ ၁၂၀၀၀၀ အထိ   ေရာင္းခ်ေၾကာင္း သိရသည္။

 

Source: Myawaddy

Read times Last modified on Tuesday, 04 February 2020 16:59
Rate this item
(0 votes)