Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဆန် ဈေးအမြင့်ဆုံး၊ ထိုင်းဆန် ဈေးကျ၊ ဗီယက်နမ်ဆန် ‌အရောင်းပိတ်ထား

အိန္ဒိယဆန် ဈေးအမြင့်ဆုံး၊ ထိုင်းဆန် ဈေးကျ၊ ဗီယက်နမ်ဆန် ‌အရောင်းပိတ်ထား

.

ဆန်အများဆုံး တင်ပို့သော နိုင်ငံဖြစ်တဲ့ အန္ဒိယ ပို့ကုန်ဆန် ဈေးနှုန်း တစ်နှစ်ကျော်ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိပါတယ်။ အန္ဒိယဆန် အမျိုးအစား တချို့ကို ပြည်တွင်းဖူလုံရေးအတွက် ပြည်ပတင်ပို့မှု ပိတ်ပင်ဖွယ် ရှိတယ်လို့ ထင်ကြေးများကြောင့် အဝယ်များလာပါတဲ့အလျောက် ဆန်ဈေး မြင့်တက်ပါတယ်။

.

အိန္ဒိယဆန် ၅%ဆန်ကွဲပါ ပေါင်းဆန် အမျိုးအစား  <RI-INBKN5-P1>  ယခင်သီတင်းပတ် ခေါ်ဈေး တစ်တန်  $366-$372 ရှိပြီး ယခုသီတင်းပတ်မှာ  $379 ~$387 ဖြစ်လာပါတယ်။ ၂၀၂၁ ဇွန်လနောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်း ဖြစ်ပါတယ်။ အိန္ဒိယဆန် တစ်ပတ်ထက် တစ်ပတ် ဈေးတက်လာတာ ၃ ပတ်ဆက်တိုက် ရှိပါပြီ။

အိမ်နီးနားချင်း ဘင်္ဂလားဒေ့ရှ်မှာ မိုးကြောင့် စပါးခင်းများ ပျက်ထားလို့ အိန္ဒိယ ပေါင်းဆန် တန်ချိန် ၁ သိန်းကို အစိုးရချင်း သဘောတူစာချုပ်ဖြင့် ဝယ်ယူမယ့် ဝယ်လိုအားကလည်း အိန္ဒိယပေါင်းဆန်ဈေးနှုန်းကို ဆွဲတင်ပေးပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ဗီယက်နမ်မှ ပေါင်းဆန် တန်ချိန် ၂ သိန်းနှင့် ဆန်ဖြူ ၃ သောင်း တင်သွင်းပါမယ်။ မြန်မာနိုင်ငံမှ ဆန် တန်ချိန် ၂ သိန်း တင်သွင်းပါမယ်။

.

အိန္ဒိယအစိုးရက ၁၀၀% ဆန်ကွဲ တင်ပို့မှုကို ကန့်သတ်ရန် သို့မဟုတ် ပိတ်ပင်ရန် ချိန်ဆနေပါတယ်။  ဆန်ဖြူကတော့ အမြောက်အမြား လက်ကျန်ရှိနေသေးလို့ ဈေးနှုန်း ငြိမ်နေပါတယ်။

.

ထိုင်းဆန် ၅% ဆန်ကွဲပါ  <RI-THBKN5-P1> အမျိုးအစား ယခင်သီတင်းပတ်မှာ တစ်တန် $416-$420 ခေါ်ဈေးရှိခဲ့ပြီး ယခုသီတင်းပတ်မှာ $415-$416  သို့ ကျဆင်းခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှ အမှာစာများ ရရှိသော်လည်း ပမာဏ မများချေ။ အာဖရိကမှ ပေါင်းဆန်အတွက် အမှာစာများ ရရှိပါတယ် ဆန်ဖြူမှာ ပုံမှန်ရောင်းအားမျှသာ ရှိပါတယ်။

.

ဗီယက်နမ်နိုင်ငံတွင် အမျိုးသားနေ့ အားလပ်ရက်ကာလဖြစ်သဖြင့် ဆန်အရောင်းအဝယ်များ အလုပ်ပိတ်ထားသဖြင့် အရောင်းပိတ်ထားပါတယ်။

Source Reuters 

#MyanmarFoodIndustryGuide

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)