Food & Livestock



အမေရိကန်ပြောင်း တရုတ် အဝယ်ရုပ်သိမ်း

အမေရိကန်ပြောင်း တရုတ် အဝယ်ရုပ်သိမ်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အမေရိကန် ပြောင်းတင်ပို့သူများ အများဆုံး တင်ပို့နိုင်သည့် ကာလတွင် အမေရိကန်ပြောင်း အဓိကဝယ်ယူသူ တရုတ်နိုင်ငံသည် ယခုသီတင်းပတ်အတွင်း အဝယ်များ ဖျက်သိမ်းခဲ့သည်။

 

နှစ်လယ်ပိုင်းတွင် အမေရိကန်ပြောင်းထက် ဈေးသက်သာသည့် ဘရာဇီးပြောင်းများ ယခုနှစ်တွင် အထွက်နှုန်း မြင့်မားမည်ဖြစ်သဖြင့် တရုတ်ဝယ်လက်များသည်  ဈေးပိုပေးရသည့် အမေရိကန်ပြောင်းကို လက်ရှောင်ပြီး ဈေးသက်သာသည့် ဘရာဇီးပြောင်းကို ဝယ်ကြလိမ့်မည်ဟု ယူဆရသည်။

 

အမေရိကန် ပို့ကုန်ပြောင်းသည် ပျမ်းမျှတင်ပို့နေကျပမာဏထက် လျော့နည်းဖွယ်ရှိသည်။ ဈေးနှုန်း ပိုများနေသဖြင့် ဝယ်လိုအား လျော့ကျနေသည်။ တရုတ်ဝာ်လက်များက လက်ရှောင်သည့်အပြင် အခြားနိုင်ငံများထံမှလည်း ဝယ်လိုအား လျော့နည်းနေသည်။ နှစ်ပေါင်း ၂၀ အတွင်း ဒုတိယအနည်းဆုံး ဖြစ်ပါသည်။

 

 photo_2023-05-02_00-47-18.jpg

 

တရုတ်မှအပ အမေရိကန် ပို့ကုန်ပြောင်း အရောင်းပမာဏများ

 အမေရိကန်စိုက်ပျိုးရေးဌာန၏ နောက်ဆုံးခန့်မှန်းချက်အရ ၂၀၂၂-၂၃ ခုနှစ်အတွက် ပြောင်းတင်ပို့မှုသည် တန်ချိန် ၄၇ သန်းမျှသာ ရှိမည်။ ယမန်နှစ်ထက် ၂၅% လျော့နည်းသည်။

 Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 02 May 2023 01:11
Rate this item
(0 votes)