Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်း၌သကြားများ စုပုံနေသောကြောင့် ယမန်နှစ်ကထက် ဈေးနှုန်း ကျဆင်း

လတ်တလောတွင် ပြည်တွင်း၌ သကြားများ စုပုံနေသောကြောင့် ယမန်နှစ်ကထက် ဈေးနှုန်းကျဆင်းနေသည့်အပြင် သိုလှောင်ထားရှိမည့် ဂိုဒေါင်အခက်အခဲများ တွေ့ကြုံနေသောကြောင့်  ကြံကြိတ်ခွဲ

ရာသီအတွင်း တရားမဝင် ဝင်ရောက်နေမှုများနှင့်  သကြားတင်သွင်းမှုများ  ရပ်ဆိုင်းထားရန် လိုအပ်နေကြောင်း  မြန်မာနိုင်ငံ ကြံနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးထံမှ သိရပါတယ်။

 

ပြီးခဲ့သည့်နှစ်မှ စတင်ခဲ့သည့်  တရုတ်နယ်စပ်မှ အတားအဆီးများကြောင့် ယခုနှစ်အတွင်း သကြားဝယ်ယူမှု နည်းပါးခဲ့ရာ ကြံကြိတ်ခွဲရာသီမတိုင်မီ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် Re-export လိုင်စင်ဖြင့် တင်သွင်းထားသည့် သကြားအားလုံး တင်ပို့နိုင်ခြင်းမရှိဘဲ လက်ကျန်ရှိနေသည့်အပြင် လုပ်ငန်းသုံး Import သကြားများ၊ မြဝတီနယ်စပ်မှ ဝင်သော မှောင်ခိုသကြားများမှာလည်း ပြည်တွင်း၌ စုပုံနေခြင်းကြောင့် ကြံကြိတ်ခွဲရာသီ အတွင်း ရပ်ဆိုင်း ထားနိုင်ရန် လိုအပ်ကြောင်း သိရပါတယ်။

 

''လောလောဆယ် မြဝတီကနေ သကြားတွေ မှောင်ခိုဝင်နေတာ ရှိတယ်။ လုပ်ငန်းသုံးဆိုပြီးတော့ တင်သွင်းနေတာတွေ ရှိပါတယ်။

 

သကြားတင်သွင်းမှုကို   ကာလတစ်ခုအထိ  ရပ်ထားဖို့လိုပါတယ်။ ဒါဆိုရင်  သကြားတွေပုံနေတာ ရပ်သွားလိမ့်မယ်။ အခုက ပြည်တွင်းမှာ ပိုလျှံနေတော့ ဈေးကျနေတာပေါ့။ အဲဒီတော့ နည်းနည်းလျော့သွားတာကို စောင့်ပြီးမှ သွင်းရင် ဈေးနည်းနည်းပြန်မာလာမှာပါ'' ဟုဦးဝင်းဌေး ကပြောကြားခဲ့ပါတယ်။

 

ထို့ကြောင့်  သကြားတင်သွင်းမှု အားလုံး အနည်းဆုံးခြောက်လခန့် ရပ်ဆိုင်းထားကာ စက်ရုံများ၏ အခက်အခဲများကို အကူအညီပေးရန်၊ တရုတ်နိုင်ငံအစိုးရသို့  တရားဝင်ကိုတာ ရောင်းချခွင့်ရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် တရားမဝင် တင်သွင်းနေသော သကြားများကို တားဆီးပေးရန် လိုအပ်ခြင်းဖြစ်ပါတယ်။

 

လတ်တလောတွင် ပြည်တွင်းသကြား ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၁ဝဝဝ မှ ၁ဝ၄ဝ ဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ပြည်တွင်းသကြားစက်များမှာလည်း သကြားဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် ယခင် နှစ်က ကြံတစ်တန်လျှင် ငွေကျပ် ၅ဝဝဝဝ အထိပေး၍   ဝယ်ယူခဲ့ရာမှ ယခုနှစ်တွင် ငွေကျပ် ၄၅ဝဝဝ ဝန်းကျင်အထိ ငွေကျပ် ၅ဝဝဝ ဝန်းကျင် လျှော့ချဝယ်ယူနေကြသည့် အတွက်  တောင်သူများ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း၊ ထို့ပြင် ပြည်တွင်းစက်ရုံ သကြားများ ဈေးကွက်ဝယ်လိုအား မရှိသောကြောင့် ဂိုဒေါင်များ၌ စုပုံလာရာ ငွေကြေး အကျပ်အတည်းဖြစ်ခြင်းနှင့် သိုလှောင်ရန် ဂိုဒေါင်မလုံလောက်ခြင်းများဖြင့် ရင်ဆိုင်နေရကြောင်း သိရပါတယ်။

 

ပြီးခဲ့သည့်နှစ်က သကြားဈေး ကောင်းခဲ့သည့်အတွက် ကြံတိုးချဲ့စိုက်ပျိုးခဲ့ရာ အထွက်နှုန်း ကောင်းနိုင်မည့်အပြင်  ၂ဝ၁၈ ခုနှစ် သြဂုတ်လ အတွင်းကလည်း  မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့လည်း သကြားတင်ပို့မှု ရပ်ဆိုင်းထားရသဖြင့်  တရုတ်နိုင်ငံသို့  တင်ပို့မည့် သကြားများအား ပြည်တွင်း၌ရောင်းချမှုများ ရှိနေသောကြောင့် ပြည်တွင်းသကြားဈေးများ ကျဆင်းနေကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times
Rate this item
(1 Vote)