Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ တင်ပို့ရန် ဆန်ကွဲတန်ချိန် ၅ဝဝဝ ခန့် ကျန်ရှိနေ

မြန်မာနိုင်ငံမှ ထွက်ရှိသော  ဆန်ကွဲကို  တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့လျက်ရှိရာ နှစ်နိုင်ငံကြား သဘောတူထားသော ဆန် Protocol  အရ  ဆန်၊ ဆန်ကွဲ အယူအဆ ခွဲမှုကြောင့်  ၂ဝ၁၉ ခုနှစ်  ဧပြီလမှစ၍ တင်ပို့မှု ရပ်ဆိုင်းခဲ့ရကာ  လက်ရှိတွင် မူဆယ်နယ်စပ်သို့   

  ရောက်ရှိနေသော ဆန်ကွဲတန်ချိန် ၅ဝဝဝ ခန့် ဂိုဒေါင်၌ ကျန်ရှိနေကြောင်း ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့်    စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကိုကိုကြီး၏ ပြောဆိုချက်အရ သိရပါတယ်။

 

Dried Tea Leaves လက်ဖက်ခြောက်လုပ်ငန်းပေါင်း ၂၉၆ ခုကို ရှာရန်နှိပ်ပါ။


''နှစ်နိုင်ငံ ညှိနှိုင်းပြီး ဆန်ကွဲ Protocol ပြင်ဆင်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရင် လက်ရှိ နယ်စပ်မှာ သောင်တင်နေတဲ့ ဆန်ကွဲတွေ ရောင်းချနိုင်မယ့်အပြင် လက်ရှိ ပြည်တွင်းဈေးကွက်အတွင်းဈေးနှုန်းနိမ့်ကျနေတဲ့ ဆန်ကွဲတွေ ကိုပါ တရုတ်နိုင်ငံ ကို တင်ပို့ရောင်းချနိုင်မှာပါ'' ဟု ဦးကိုကိုကြီး ကပြောကြားခဲ့ပါတယ်။

 


လက်ရှိတွင်   ယင်းဆန်ကွဲများသည် ကုန်လှောင်ရုံထဲ၌   လေးလခန့်ကြာမြင့် လာသည့်အတွက်    ပျက်စီးသည့် အခြေအနေ ရှိနေနိုင်ကြောင်း သိရပါတယ်။

 

 

Read More >>>>>  ချဉ်သော အစားအစာများ၏ အကျိုးကျေးဇူးများ

 


မူဆယ် မှ ပြည်တွင်းသို့  ပြန်လည်သယ်ဆောင်ပါကလည်း  သယ်ယူစရိတ်  နှစ်ဆခန့် မြင့်တက်မည့်အပြင် ဒေသတွင်း၌ ရောင်းချပါက  ဆန်ကွဲသုံးစွဲမှု နည်းပြီး  စက်မှုကုန် ကြမ်းအဖြစ် အသုံးပြုမှုမရှိသည့်အတွက် အခက်အခဲများ ရှိပါတယ်။

 

Drinking Water  သောက်ရေသန့်လုပ်ငန်းပေါင်း ၉၆၉ ခုကိုရှာရန်နှိပ်ပါ။

 

 
ထို့ကြောင့် နှစ်နိုင်ငံ သက်ဆိုင်ရာ ဌာနများအနေဖြင့်  ဆန်ကွဲ Protocolူ ပြင်ဆင်မှု စာချွန်လွှာကို အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရန် လိုအပ်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။

 


Source: Myawady

Read times Last modified on Wednesday, 28 August 2019 10:40
Rate this item
(1 Vote)