Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပထမဆုံးအကြိမ် အစားအသောက်နည်းပညာဆိုင်ရာ ဘွဲ့ပေးမည်

ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ပထမဦးဆုံးအကြိမ် အစားအသောက်နည်းပညာဘွဲ့ B.E (Food Engineering) ဘွဲ့ သင်တန်းစတင်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်းသိရပါတယ်။

 

ရန်ကုန်နည်းပညာတက္ကသိုလ် Chemical engineering ဌာနမှ သိရခြင်းဖြစ်ပါတယ်။

 

ယင်းဘွဲ့သင်တန်းကို ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်၍ သင်တန်းကာလမှာ (၅) နှစ်တာ ကြာမြင့်မှာဖြစ်ပါတယ်။

 

ရန်ကုန်နည်းပညာတက္ကသိုလ် Chemical Engineering ဌာနမှ ပါမောက္ခ ဒေါက်တာလဲ့လဲ့ထွန်းက " ဒီနှစ်စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။


ဒီနှစ်ဆယ်တန်းအောင်တွေကနေပြီး စတင်လျှောက်ထားလို့ရပါတယ်။ စာသင်နှစ်ကတော့ (၆) နှစ်ဖြစ်ပါတယ်။ ဒီဘွဲ့က အခြားကျောင်းတွေမှာ လည်းမရှိသေးပါဘူး။


ဒီနှစ်ကစပြီး ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ အဓိကကတော့ Food နဲ့ပတ်သက်တဲ့ Specialist ပေးချင်လို့ဖြစ်ပါတယ်။ သတ်မှတ်အရည်အချင်းများနဲ့ ပြည့်မီတဲ့သူတွေအနေနဲ့  လျှောက်ထားနိုင်ပါတယ်" ဟု ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် ပြောကြားခဲ့ပါတယ်။

 

ယင်းဘွဲ့ကြိုသင်တန်းကို ယခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>> ဟိုတယ်ဝန်ဆောင်မှုနှင့် အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းသားခေါ်ယူ

 

ထိုကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်နည်းပညာတက္ကသိုလ် Chemical Engineering ဌာနတွင် ဧည့်ပါမောက္ခအဖြစ်လုပ်ကိုင်နေသူ ဒေါက်တာကျော်ငြိမ်းအေးက " ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ဒီနှစ်စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာ အစားအသောက်ပညာရှင်တွေ လိုအပ်နေပါတယ်။ တက္ကသိုလ်မှာက ဘွဲ့အသီးသီးရှိနေပေမဲ့ အခုလိုအစားအသောက်နဲ့ ပတ်သက်တဲ့ဘွဲ့တော့မရှိသေးပါဘူး။

 

B.E(Food Engineering) ဘာသာရပ်ကို လျှောက်ထားဖို့ တိုက်တွန်းချင်ပါတယ်။ သို့မှသာ ဘေးအန္တရာယ်ကင်းတဲ့ အစားအသောက်တွေ ရရှိလာမယ်။ ပိုပြီးတော့ အစားအသောက်တွေလဲ အဆင့်အတန်းမြင့်လာမယ်" ဟု  ပြောကြားခဲ့ပါတယ်။

 

ယင်းဌာနတွင် B.E(Chemical, M.E(Chemical), Diploma in Food Technology, Ph.D (Chemical) ဘွဲ့ သင်တန်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရပါတယ်။

 

Source:  Democracy

Read times Last modified on Tuesday, 18 June 2019 09:18
Rate this item
(1 Vote)