Food & Livestock
ကသာဒေသထွက် မန်ကျည်းသီးများ ၀ယ်လိုအားမြင့်တက်
စစ်ကိုင်းတိုင်းဒေသကြီး ကသာဒေသထွက် မန်ကျည်းသီးများ
နွေရာသီကာလအတွင်း အသုံးပြုရန် ၀ယ်ယူကြခြင်းကြောင့် ၀ယ်လိုအားကောင်းလာကြောင်း ကသာမြို့ သီရိခေမာဈေးကုန်စိမ်းဈေးကွက်မှ သိရပါတယ်။
ကသာဒေသထွက်မန်ကျည်းသီးများမှာ ကသာမြို့ပေါ်ရပ်ကွက်အချို့နှင့် တုန်းပေါ၊ ၀ဲကြီးကျေးရွာတို့မှ အများဆုံး ထွက်ရှိပြီး မန္တလေး၊ မြစ်ကြီးနားမြို့တို့သို့လည်း မှာကုန်အဖြစ် တင်ပို့ရောင်းချနေရကြောင်း သိရပါတယ်။
ကသာဒေသထွက် မန်ကျည်းသီးမှည့်များကို ဧပြီလဆန်းပိုင်းတွင် စတင်ခူးဆွတ်ကြပြီး သိုလှောင်သူများက ၀ယ်ယူသော အချိန်ဖြစ်ကာ ရပ်ဝေးမှာကုန်အဖြစ် တင်ပို့ရသောကာလလည်းဖြစ်ကြောင်း သိရပါတယ်။
ဒေသထွက်မန်ကျည်းသီးများမှာ ကုန်စိမ်းဒိုင်သွင်းဈေးတစ်ပိဿာ ၇၀၀ ကျပ်၊ လက်ကားဈေး ၈၀၀ ကျပ်၊ လက်လီရောင်းဈေး ၉၀၀ ကျပ်နှင့် ၁၀၀၀ ကြား အစေ့လွတ်အခြောက်တစ်ပိဿာလျှင် ၂၀၀၀ ကျပ်နှင့် အစို ၁၅၀၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရပါတယ်။