Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ ၀က်သား တင်ပို့

ဗီယက်နမ်နိုင်ငံက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Mavin Group ထံကနေ ပထမအသုတ်အဖြစ် တင်ပို့လိုက်တဲ့

အေးခဲဝက်သားတွေကတော့ ပြီးခဲ့တဲ့ မေလ ကုန်လောက်က မြန်မာနိုင်ငံဆီ ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။


 မြန်မာနိုင်ငံထံ  ယင်း အေးခဲဝက်သား ကနဦးတင်ပို့မှုကိစ္စကို Mavin Group က ထုတ်ပြန်ကြေညာသွားခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်က ဟနွိုင်းမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ အခြားသော ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sojitz နဲ့အကြားလည်း မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။


ပြီးခဲ့တဲ့ မေလကုန်တုန်းက မြန်မာအခြေစိုက် Shwe Yamone Manufacturing Co., ထံကို ၀က်သားတန်ချိန် ၂၆ တန် တင်ပို့ပေးနိုင်ခဲ့တယ်လို့ Mavin Group ရဲ့ ဥက္ကဌ Mr David John Whitehead က ပြောသွားပါတယ်။


 ကုမ္ပဏီကနေ တင်ပို့တဲ့ ထုတ်ကုန်တွေရဲ့ အရည်အသွေးနဲ့ သန့်ရှင်းမှု ပိုင်းနဲ့ပတ်သက်လို့လည်း ယင်းရဲ့ လုပ်ငန်းပူးပေါင်းပါတနာက ကောင်းစွာ အကဲဖြတ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

Read More >>>> အိမ်တွင် ကိုယ်တိုင် ဒိန်ချဉ်ပြုလုပ်နည်း


 "နောက်ထပ် ပို့ကုန် ကွန်တိန်နာတွေ ထပ်မံ ပေးပို့နိုင်ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ကျွန်တော်တို့ ပြင်ဆင်နေပါပြီ။ တစ်လချင်းစီကို ကျွန်တော်တို့ဘက်က ၀က်သား ပေ ၄၀ ကွန်တိန်နာ တစ်စီးစာ အနည်းဆုံးတော့ မြန်မာနိုင်ငံထံ တင်ပို့သွားမှာဖြစ်ပါတယ်" ဆိုပြီး Mr Whitehead က ပြောသွားပါတယ်။


 Mavin ကတော့ ပြည်ပနိုင်ငံတွေဆီ အေးခဲဝက်သား ပထမဆုံး တရားဝင်တင်ပို့တဲ့ ဗီယက်နမ် ကုမ္ပဏီဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။


ထို့အတူ Mavin အနေနဲ့ ယခုနှစ်ကုန်ပိုင်း သို့မဟုတ် လာမယ့်နှစ် အစောပိုင်းလောက်မှာလည်း မြန်မာနိုင်ငံဆီ ဘဲသား တင်ပို့နိုင်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။


Source: SFJ

Read times Last modified on Tuesday, 18 September 2018 11:52
Rate this item
(4 votes)