Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းနည်းပညာဖြင့် ရေချိုပုစွန်သားပေါက် မွေးမြူဖြန့်ဖြူးမည်ဟု သိရ

ထိုင်းနည်းပညာဖြင့် ရေချိုပုစွန်သားပေါက် မွေးမြူဖြန့်ဖြူးမည်ဟု သိရ google.com

ထိုင်းနိုင်ငံမှ ပညာရှင်များနျင့် ပြည်တွင်းပညာရှင်များ ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင်

ဧကပေါင်း ၂၀၀ ကျော်ဖြင့် ရေချိုပုစွန်သားပေါက်များကို ထုတ်လုပ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

၎င်းသားပေါက်ထုတ်လုပ်ခြင်းကို ထိုင်းနိုင်ငံမှ Bio Tech ကုမဏီနှင့် မြန်မာနိုင်ငံမှ Shooting Star ကုမဏီတို့ ပူးပေါင်းကာ ကျပ်သိန်းတစ်ထောင်ခန့် ရင်းနှီးမြှုပ်နှံပြီး ထိုင်းနိုင်ငံမှ သားဖောက်နည်းနစ်ဖြင့် တွံတေးမြို့နယ်ရှိ ဧကပေါင်း ၂၀၀ ကျော်ပေါ်တွင် တစ်လလျှင် ရေချိုပုစွန်သားပေါက်အကောင်ရေ သိန်းလေးဆယ်ကျော်ဖြင့် လစဉ်ထုတ်လုပ်ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း လာမည့် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလတွင် လုပ်ငန်းစတင်နိုင်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဒု တိယတိုင်းဦးစီးမှူး ဦးလှဌေးထံ မှ သိရပါတယ်။

 

လက်ရှိပြည်တွင်းပုဂလိက မွေးမြူရေးစခန်းများတွင် ရေငန်ပုစွန်သားဖောက်စခန်းမှာလည်း သုံးခုခန့်သာ ကျန်ရှိပြီး ပုဂလိက မွေးမြူရေးစခန်းများရှိ ပုစွန်သားပေါက်များသည် ၂၀၁၃ ခုနှစ်မှ စကာ သုံးနှစ်ဆက်တိုက် သေဆုံး လျက်ရှိသောကြောင့် ပြည်ပသို့ ပုစွန်ပို့ကုန်များလည်း လျော့ကျကာ ပြည်တွင်းတွင် ပုစွန်သားပေါက် မထုတ်လုပ်နိုင်၍ ထိုင်းနိုင်ငံမှ ပုစွန်သားပေါက်များကိုသာ အားထားမွေးမြူနေရကြောင်း မြန်မာနိုင်ငံ ပုစွန်မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရပါတယ်။

 

မြန်မာ့မျိုးရင်း ရေချိုပုစွန်များကို သားဖောက်မွေးမြူနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေချို မြန်မာ့မျိုးရင်း ပုစွန်များမှာယူထားပြီး သားပေါက်ထုတ်လုပ်ပြီးပါက လာရောက်ဝယ်ယူနိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနက ကြေညာပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

Source: Voice

Read times Last modified on Wednesday, 19 September 2018 11:28
Rate this item
(1 Vote)