Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


CP ကုမ္ပဏီကို မြန်မာတွင် ဝက်နှင့် ဝက်သားပေါက် မွေးမြူရောင်းချခွင့်ပြု

ထိုင်း CP ကုမ္ပဏီကို မြန်မာနိုင်ငံတွင် ဝက်နှင့်ဝက်သား ပေါက်မွေးမြူရောင်းချခြင်းလုပ် ငန်းများ

လုပ်ကိုင်ခွင့်ကို ဇူလိုင်၂၆ ရက်တွင် စတင်ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတင်းထုတ်ပြန်သည်။

 

အဆိုပါလုပ်ငန်းသည် ရာ ခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဖြစ်ပြီး မှော်ဘီနှင့် လှည်းကူးမြို့ နယ်တွင် မွေးမြူရေးလုပ်ငန်းများ စတင်မည်ဖြစ်သည်။

 

‘‘နိုင်ငံခြားကုမ္ပဏီတွေ စီး ပွားရေးလုပ်ငန်းလုပ်လို့ရအောင် ခွင့်ပြုပေးတာပါ။ မွေးမြူရေးလုပ် ငန်းတွေမှာ နိုင်ငံခြားကုမ္ပဏီတွေ ခွင့်ပြုပေးထားတာရှိပါတယ်။ အခုက ကော်မရှင်ကို ထောက်ခံ ချက်တောင်းလာရင် စိစစ်ပြီး ခွင့် ပြုပေးတာပါ’’ ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန လက်ထောက်အတွင်း ဝန်ဒေါက်တာထွန်းလွင်က ပြော ကြားသည်။

 

အဆိုပါ လုပ်ငန်းအတွက် မှော်ဘီမြို့နယ် ညောင်နှစ်ပင် ကျေးရွာရှိ အထူးဇုန်(၁)၊ အထူးဇုန်(၂)နှင့် လှည်းကူးမြို့ စိုက်ပျိုး မွေးမြူရေးနှင့် စိုက်ပျိုးရေးအထူး ဇုန်တို့တွင် လုပ်ငန်းများစတင်မည် ဖြစ်သည်။

 

အဆိုပါ လုပ်ငန်းသည် ၂၀၁၈ ကြားကာလဘတ်ဂျက်အ တွင်း မွေးမြူရေးကဏ္ဍတွင် ပထမ ဦးဆုံးဝင်ရောက်လာသည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

 

 ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ခြောက်ခုကို ခွင့်ပြုပြီး နိုင်ငံခြား သားရင်းနှီးမြှုပ်နှံမှုရာခိုင်နှုန်းပြည့် နှစ်ခုနှင့် ဖက်စပ်လုပ်ငန်းနှစ်ခုပါ ဝင်သည်။

 

မွေးမြူရေးလုပ်ငန်းတွင် ပြီး ခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ် လာ ၂၇ သန်းဖိုးနှင့် ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၉၆ သန်းဖိုးဝင်ရောက်ထားသည်။

 

CP ကုမ္ပဏီသည် ထိုင်းနိုင်ငံ အခြေစိုက်  ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် မွေးမြူရေးဆိုင်ရာထုတ်ကုန်များနှင့် တိရစ္ဆာန်အစာများ  ထုတ်လုပ်ရောင်းချနေသည်။


Source: 7 days new

Read times Last modified on Tuesday, 18 September 2018 11:39
Rate this item
(4 votes)