Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲစင်းငုံအသစ်ပေါ်ချိန် ပြီးခဲ့သည့်နှစ်ထက် ဈေးနှုန်းထက်ဝက်ကျော်ကျ၍ တောင်သူများအခက်တွေ့

ပဲစင်းငုံအသစ်ပေါ်ချိန် ပြီးခဲ့သည့်နှစ်ထက် ဈေးနှုန်းထက်ဝက်ကျော်ကျ၍ တောင်သူများအခက်တွေ့ google.com

ပဲစင်းငုံအသစ်ပေါ်ချိန် တွင် ယခင်နှစ်ထက် ဈေးနှုန်း ၅၀ ရာခိုင်နှုန်းကျော် လျော့ကျသဖြင့်

စိုက်ပျိုးထုတ်လုပ်သည့် တောင် သူများ ငွေကြေးအခက်ကြုံရ ကြောင်း ပြည်တွင်းပဲကုန်သည် အချို့က ပြောသည်။ 

 

ပြီးခဲ့သည့် ၂၀၁၆ မိုးရာသီ စိုက် ပဲစင်းငုံအသစ်ပေါ်ချိန်တွင် တစ်တန်လျှင် ကျပ်ခုနစ်သိန်းရှစ် သောင်းခန့်ရှိပြီး ၂၀၁၇ ပဲအသစ် ပေါ်ချိန်တွင် ကျပ်သုံးသိန်းရှစ် သောင်းခန့် ဈေးရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အ သင်းအတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။ 

 

ယခုနှစ် မိုးရာသီစိုက် ပဲစင်း ငုံတစ်အိတ် ကျပ် နှစ်သောင်းခန့် ကုန်ကျခြင်းကြောင့် လက်ရှိဈေးကွက်ပေါက်ဈေးဖြစ်သည့် တစ်တင်းလျှင် ကျပ် ၁၃,၈၀၀ က တောင်သူလယ်သမားများအနေ ဖြင့် အရင်းအနှီးငွေကြေးများ ဆုံးရှုံးရသည်ဟု ပခုက္ကူမြို့နယ်မှ ပဲစင်းငုံစိုက်တောင်သူ ဦးမြင့်ကြူ က ပြောသည်။ 

 

‘‘တောင်သူတွေအတွက်က တော့ ဒီနှစ်ပဲ လုံးဝကို အဆင်မပြေဘူး။ ဈေးမရတော့ စိုက်ပျိုးစရိတ် ရှုံးတယ်’’ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ လက်ရှိ ပဲစင်းငုံပေါက်ဈေးအရ ပိဿာ ၂၀ တစ်အိတ် လျှင် ကျပ် ၇,၀၀၀ ခန့် အရှုံးပေါ် နေသည်ဟု ပွင့်ဖြူမြို့နယ်မှ လယ် သမားတစ်ဦးက ပြောသည်။ 

 

ပြည်တွင်း ပဲဈေးသည် တောင်သူလယ်သမားများ စိုက် ပျိုးစရိတ်အောက်ကျဆင်းပါက အစိုးရက ရန်ပုံငွေကျပ် ၁၅ ဘီလီ ယံ အသုံးပြု၍ ဈေးနှုန်းသတ်မှတ် ဝယ်ယူပေးရန် စီစဉ်ထားသည်။ လက်ရှိ ပြည်တွင်းပဲဈေးသည် တောင်သူလယ်သမားများ၏ စိုက်ပျိုးစရိတ်ကုန်ကျမှုထက်များနေ သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြသဖြင့် အစိုးရက စောင့်ကြည့်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်း ဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

 

‘‘ကျွန်တော်တို့ဘက်က တော့ ပြင်ဆင်ထားပါတယ်။ စိုက် ပျိုးရေးက ပေးတဲ့ စာရင်းအရဆို ရင်လက်ရှိပေါက်ဈေးက တောင် သူစိုက်ပျိုးစရိတ်ထက် များနေ တော့ စောင့်ကြည့်နေပါတယ်’’ ဟု ဦးခင်မောင်လွင်က ပြောသည်။အိန္ဒိယနိုင်ငံမှ သြဂုတ်တွင်  ပဲတင်သွင်းမှုကန့်သတ်ပြီးနောက် မြန်မာပြည်မှ စိုက်ပျိုးထုတ်လုပ် သည့်မတ်ပဲနှင့် ပဲစင်းငုံတစ်တန် ဈေးနှုန်း တစ်ဝက်ခန့် ကျဆင်းခဲ့ သည်။ 

 

ထိုအခြေအနေကို ကုစားရန် အစိုးရက ပြည်တွင်းပဲစားသုံးမှု မြှင့်တင်ရေး ကြိုးစားလာသည့် အပြင် ပြည်ပဈေးကွက်အတွက် အိန္ဒိယအပြင် တရုတ်နှင့် အခြားသော နိုင်ငံများသို့ မတ်ပဲနှင့် ပဲစင်းငုံတင်ပို့ရောင်းချနိုင်ရန် စီစဉ်ပေးမှုများ ရှိသည်ဟု ဦးခင်မောင်လွင် က ပြောသည်။ 

 

အိန္ဒိယနိုင်ငံကဲ့သို့ တန်ချိန် များစွာ တင်ပို့နိုင်ခြင်း မရှိသော် လည်း မြန်မာ၊ တရုတ်နယ်စပ်မှ ယူနန်ပြည်နယ်သို့ မတ်ပဲနှင့် ပဲ စင်းငုံတင်ပို့မှုများရှိနေကြောင်း ၎င်းက ဆိုသည်။ 

 

အိန္ဒိယက ပဲတင်သွင်းမှုကန့် သတ်ပြီးချိန်မှ ၂၀၁၇ ဒီဇင်ဘာ ၁၅ ရက်အထိ မတ်ပဲတန်ချိန် ၁ ဒသမ ၅ သိန်း၊ ပဲစင်းငုံတန်ချိန် ငါးသောင်းခန့် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:28
Rate this item
(1 Vote)