Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဗီယက်နမ်ထုတ်အဖြစ်တံဆိပ်ကပ်သည့် တရုတ်ကုန်ပစ္စည်းများ သိမ်းဆည်းမည်

တရုတ်နိုင်ငံတွင်ထုတ်လုပ်သော်လည်း ဗီယက်နမ်တွင်ထုတ်လုပ်သည်ဟု တရားမဝင် တံဆိပ်ကပ်ထားသည့်ပစ္စည်းများကို သိမ်းဆည်းမည်ဖြစ်ပြီး ယင်းပစ္စည်းထုတ်လုပ်သူများကို နှိမ်နင်းမည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးရက သတိပေးလိုက်ပြီဖြစ်သည်။

 

 အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အစိုးရက တရုတ်၏ ဒေါ်လာ ၂၀ဝ ဘီလီယံတန်ဖိုးရှိ ပို့ကုန်များအပေါ် သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံခြင်းကို ရှောင်ရှားနိုင်ရန်အတွက် ပို့ကုန်လုပ်ငန်းရှင် များသည် ထုတ်လုပ်ရေးကို တရုတ်မှ ဗီယက်နမ်သို့ပြောင်းလဲရန် ကြိုးပမ်းလာနေပြီဖြစ်သည်။

 

အထည်အလိပ်၊ ပင်လယ်စာနှင့် စိုက်ပျိုးထွက်ကုန်များအပါအဝင် ကုန်ပစ္စည်းများကို တရုတ်နိုင်ငံမှထုတ်လုပ်ခြင်းဖြစ်သော်လည်း ဗီယက်နမ်မှဖြစ်သည်ဟု တံဆိပ်ကပ်နေသည့် လုပ်ငန်းရှင်များရှိနေကြောင်း ဗီယက်နမ်အစိုးရက ပြောဆိုခဲ့သည်။ ယင်းကြောင့် ဗီယက် နမ်စီးပွားရေးနှင့်ကုန်ပစ္စည်းများ၏ဂုဏ်သတင်းကို ထိခိုက်စေကြောင်း ဗီယက်နမ်ဒုတိယ ဝန်ကြီးချုပ် ဖမ်ဘင်မင်က ပြောဆိုခဲ့သည်။

 

အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် ဂျပန် တို့သို့ တင်ပို့သည့်ပစ္စည်းများတွင် ဗီယက်နမ်တံဆိပ်ကပ်ထားသည်ကို ဗီယက်နမ်အကောက် ခွန်အရာရှိများ စစ်ဆေးတွေ့ရှိခဲ့ပြီးဖြစ်သည်။

 

ယခုနှစ်ပထမသုံးလပတ်အတွင်း အမေ ရိကန်သို့ ဗီယက်နမ်မှ ပို့ကုန်တန်ဖိုးသည် ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ရာခိုင်နှုန်း ၄၀ တိုးမြင့်လာပြီး ဒေါ်လာ ၁၆ ဘီလီယံအထိရှိခဲ့ကြောင်း အမေရိကန်ကုန် သွယ်ရေးမှတ်တမ်းများအရ သိရသည်။

 

တရုတ်၌လုပ်ငန်းလည်ပတ်နေသည့် အမေရိကန် ကုမ္ပဏီထက်ဝက်ခန့်သည် ကမ္ဘာ့စက်ရုံကြီးဟုအမည်ရသည့် တရုတ်နိုင်ငံမှ အခြားအာရှ နိုင်ငံများသို့ရွှေ့ပြောင်းရန် စဉ်းစားနေပြီဖြစ်ကြောင်း တရုတ်ရှိ အမေရိကန်ကုန်သည် ကြီးများအသင်း၏စစ်တမ်းအရ သိရသည်။

 

Source: Myanmar Time

Read times Last modified on Thursday, 13 June 2019 15:39
Rate this item
(1 Vote)