Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘေးကင်းပြီး အာဟာရအပြည့်ပါတဲ့ UHT နွားနို့ ထုတ်ကုန်များကို Tetra Pak က ယူဆောင်လာ

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက် - ယခုနှစ် နိုဝင်ဘာလက ဘန်ကောက်တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ

အဖွဲ့ဝင်လေးနိုင်ငံ တွေ့ဆုံပွဲအပြီးတွင် ထုတ်ပြန်လိုက်သည့် အစီအရင်ခံစာအရ အာရှပစိဖိတ်ဒေသ ကလေးငယ်အများစုသည် ဘေးကင်းသည့် အစားအစာနှင့် ရေတို့ကို အလွယ်တကူ မရရှိခြင်းမှာ အာဟာရချို့တဲ့မှုပြဿနာ၏ ရင်းမြစ်တစ်ခုဖြစ်လျှက်ရှိနေပါတယ်။

 

ဒေသတွင်းက အဓိက စိန်ခေါ်မှုတစ်ခုကို ဖြေရှင်းနိုင်ရန် စားသောက်ကုန် ထုတ်လုပ်မှုနှင့် ထုတ်ပိုးမှု ကဏ္ဍတွင် ဦးဆောင်နေသည့် Tetra Pak ကုမ္ပဏီသည် ဘေးကင်းစိတ်ချရသော၊ ဈေးသင့်တင့်သော ကတ်ထူစက္ကူဘူး ထုတ်ပိုးမှုများမှ တစ်ဆင့် အစားအသောက်နှင့် လူများကို ကာကွယ်စောင့်ရှောက်ရန် ကတိကဝတ်ပေးအပ်ထားပါတယ်။

 
မြန်မာမိသားစုများနှင့် ကလေးငယ်များအတွက် ဘေးကင်းသည့် အစားအသောက်များ ရရှိစေရန် မှန်ကန်သည့် ရင်းမြစ်များမှ မှန်ကန်သည့် အစား၊ အသောက်ကို ရွေးချယ်၍ အာဟာရချို့တဲ့မှုကို တိုက်ဖျက်ကြရန် UN အဖွဲ့ဝင်များက ကြာရှည်ခံသည့် အစာစနစ်၏ အကျိုးဆက်နှင့် ဆေးကြောခြင်း (ရေ၊ လက်သန့်စင်ဆေးနှင့် တစ်ကိုယ်ရေ သန့်စင်ခြင်း) ၏ တိုးတက်မှုကို ထောက်ပြခဲ့ကြပါတယ်။

 

ယင်းအချက်ကြောင့် Tetra Pak နှင့် UHT (Ultra-High Temperature) တို့သည် နို့ထွက်ပစ္စည်းများကို ကတ်ထူစက္ကူများဖြင့် ထုတ်ပိုးရခြင်း ဖြစ်ပါတယ်။

 
UHT နွားနို့ထုတ်ကုန်များက ကလေးများ၏ အာဟာရကို အခြေခံကျကျ ပံ့ပိုးပေးနိုင်ပြီး ဗီတာမင်များစွာတို့က ကယ်လ်ဆီယမ်ချိုတဲ့မှုကို ကာကွယ်ပေးရုံသာမက အရိုးပါ ဖွံဖြိုး၊ သန်မာစေအောင် ကူညီပေးထားပါတယ်။

 

နွားနို့က မှန်ကန်သည့်အပူချိန်တွင် ထည့်သွင်းထားပြီး ထုတ်ပိုးမှုအဆင့်ဆင့်ကို စနစ်တကျ လုပ်ဆောင်ထားသော ဘေးကင်းပြီး အာဟာပြည့်ဝမှုကို ပံပိုးပေးလျက်ရှိပါတယ်။

 

Ultra-High Temperature နည်းပညာကို  အသုံးပြုပြီး ထုတ်လုပ်ထုပ်ပိုးထားသော နွားနို့ထုတ်ကုန်များက  တာရှည်ခံဆေးပါဝင်ခြင်းမရှိဘဲ အာဟာရအားလုံးကို ထိန်းသိမ်းထားနိုင်ပြီး ရာနှုန်းပြည့် ဘက်တီးရီးယား ကင်းစင်စေသည့် နည်းပညာကို အသုံးပြုထားပါတယ်။

 

ဖွင့်မဖောက်ခင် ရေခဲသေတ္တာထဲထည့်ရန် မလိုအပ်သဖြင့် မိခင်များအနေဖြင့် နေအိမ်တွင် နွားနို့ကို အလွယ်တကူ ထား၍ဖြစ်စေ၊ ကလေးငယ်များ၏ နေ့လည်စာ ထမင်းဘူးနှင့်အတူဖြစ်စေ ထည့်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။


Tetra Pak Myanmar Limited မှ Key Account Director ဖြစ်သူ Mr. CheeChoy Tang က “မှန်ကန်တဲ့ ရင်းမြစ်ကနေ ထုတ်ယူထားတဲ့ နွားနို့ထွက်ကုန်တွေက  အပူပေးတဲ့အချိန်၊ အလင်းရောင်၊ အောက်စီဂျင်တို့နဲ့ အလွယ်တကူ ဓာတ်ပြုနိုင်လို့ ကျွန်တော်တို့က စားသုံးသူတွေရဲ့ ကျန်းမာရေးနဲ့ နွားနို့ထဲက အာဟာရတွေကို စောင့်ရှောက်ဖို့ အတွက် ထုတ်လုပ်မှုနဲ့ ထုတ်ပိုးမှုအဆင့်အဆင့်မှာ သေချာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

 

Tetra Pak ရဲ့  ပိုးသတ်ထားတဲ့ ကတ်ထူစက္ကူဘူးနဲ့ ထုတ်ပိုးထားတဲ့ UHT နွားနို့ထုတ်ကုန်တွေက နွားနို့ကို ထည့်နေတဲ့ အချိန်တိုလေးအတွင်းမှာ အမြင့်ဆုံးအပူချိန်မှာ ပေါင်းခံသန့်စင်ထားပေးလို့ ၆လကနေ ၉  လအတွင်း ရေခဲသေတ္တာထဲမှာ သိမ်းဆည်းစရာမလိုဘဲ အသုံးပြုနိုင်တဲ့အပြင် ပေးရတာထက် ထိုက်တန်တဲ့တန်ဖိုးကို ပြန်လည် ရရှိမှာဖြစ်ပြီး ဘယ်အချိန်မှာပဲ သုံးသုံး စိတ်ချရမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။


မြန်မာအပါအဝင် အာရှပစိဖိတ်ဒေသတစ်ခွင်တွင် ၎င်းတို့၏ ဆင်းရဲမွဲတေမှု ကျဆင်းလာခြင်းနှင့် စီးပွားရေမှာ အရှိန်ပြင်းပြင်းဖြင့် ဦးမော့လာနေပြီး ကုလသမဂ္ဂအစီရင်ခံစာတွင် အစာငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုပုံစံအားလုံးကို လျော့ချရတွင်မူ တိုးတက်မှု နှောင့်နှေးလျက်ရှိသည်ကို မီးမောင်းထိုးပြနိုင်ခဲ့သည်။ အဆိုပါဒေသများတွင် ပြင်းထန်စွာ အာဟာရချို့တဲ့ခြင်းနှင့် အဝလွန်ခြင်း အစရှိသည့် ကမ္ဘာ့အာဟာရချို့တဲ့နေသည့် ကလေးငယ်များ ထက်ဝက်ကျော် တည်ရှိလျက်ရှိနေပါတယ်။

 

အစီရင်ခံစာ၏အဆိုအရ အာဟာရချို့တဲ့ ဆင်းရဲမွဲတေမှုသည် ဘေးဥပါဒ်မဖြစ်စေသည့် ရေ၊ အစားအစာ၊ နှင့် ကျန်းမာရေးဝန်ဆောင်မှူများ အသိပညာဗဟုသုတများ နှင့် အစာအာဟာရ၊ ကျန်းမာရေး၊ ရေ နှင့် ကျန်းမာအောင်နေထိုင်ခြင်း တို့ကဲ့သို့ အလေ့အကျင့်များကို လက်လှမ်းမမှီခြင်းခြင်း အစရှိသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် ဖြစ်ပေါ်နေရခြင်းဖြစ်ပါတယ်။

 
"အန္တရာယ်ကင်းသောအစားအသောက်" နှင့်ပတ်သက်၍ နားလည်သဘောပေါက်မှု အားနည်းနေခြင်းက ကလေးငယ်များအတွက် ဘေးဥပါဒ်မဖြစ်စေသည့် အစားအသောက်များ သေချာစွာ ရွေးချယ် စားသုံးရေးအတွက် မိသားစုများ ရင်ဆိုင်နေရသည့် ကြီးမားသော စိန်ခေါ်မှုများထဲမှ တစ်ခု ဖြစ်နေသည်။ အန္တရာယ်ရှိသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များ၊ ကပ်ပါးကောင်းများ သို့မဟုတ် ဓာတုဆေးဝါးများပါဝင်နေသည့် ဘေးဥပါဒ်ဖြစ်စေသော အစားအသောက်တို့တွင် ဝမ်းလျှောခြင်းမှ ကင်ဆာရောဂါအထိ ရောဂါပေါင်း ၂၀၀ အထိဖြစ်ပွားစေနိုင်ပြီး ယင်းကြောင့် နှစ်စဉ်တိုင်း လူဦးရေ ၄၂၀၀၀၀ မှာ သေဆုံးမှုဖြစ်ပွားလျက်ရှိနေကြောင်း WHO က ထုတ်ပြန်ထားပါတယ်။

 

ဆွီဒင်နိုင်ငံမှ မူလဆင်းသက်လာသော Tetra Pak သည် မြန်မာနိုင်ငံတွင် အန္တရာယ်ကင်းသောအစားအသောက်နှင့် ပတ်သက်၍ နားလည်သဘောပေါက်မှု မြင့်တက်လာစေရန် နှစ်ပေါင်းများစွာ ရင်းနှီးမြုပ်နှံထားပြီး  စိတ်ချရပြီး အရည်အသွေးမြင့်မားသည့် စားသောက်ကုန်များနှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းလမ်းများကို မြန်မာနိုင်ငံတွင် ပံ့ပိုးပေးလျက်ရှိနေကာ ထုတ်ကုန်အတွင်း၌ ပါရှိသော အာဟာရ တန်ဖိုးနှင့် အရသာ၊ အရည်အသွေး နှစ်ခုလုံးကို ကာကွယ်ရန် များစွာသော ယုံကြည်စိတ်ချရသည့် UHT နို့ထွက်ကုန်များကို ကတ်ထူစက္ကူများဖြင့် ထုတ်ပိုးပေးလျက်ရှိပါတယ်။

 

၂၀၁၆ ခုနှစ်တွင် ရန်ကုန်မြို့ ၌ ရုံးခန်းစတင်ဖွင့်လှစ်ခဲ့သော Tetra Pak သည် မြန်မာနိုင်ငံရှိ UHT နို့ထွက်ပစ္စည်းများကို ၂၀၁၈ ဇန်နဝါရ်ီလကုန်တွင် ပထမဆုံး ဖြန့်ချီသောဖောက်သည်များ၏ စီးပွားရေးလုပ်ငန်းများ အကျိုးအဖြစ် ရည်ရွယ်ပါတယ်။  ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ၂၀၂၀ ခုနှစ်အတွင်း ပိုးမွှားကင်းစင်သည့် ကတ်ထူစက္ကူဖြင့် ထုတ်ပိုးမှုကို  သန်း ၃၀၀ အထိထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပါတယ်။

 

Tetra Pak ၏ ကတ်ထူစက္ကူ ထုတ်ပိုးမှုများအား အသုံးပြုသည့် အမျိုးမျိုးသော UHT နို့ထွက်ကုန်အမှတ်တံဆိပ်များမှာ Vito, MILO, Lactasoy, Dutch Mill, Ovaltine, PEP, Abevia, Alpine, Chokchai, Cow Head, Marigold, Malee, Ceres, Chabaa and Sunquick စသည့် နို့ထွက်ကုန် ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်ပါတယ်။

 

Read times
Rate this item
(1 Vote)