Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ကွဲသုံးပုံတစ်ပုံကို မူဆယ်ဈေးကွက်သို့ တင်ပို့

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဝင်ရောက်လာတဲ့ ဆန်ကွဲများအနက်မှ သုံးပုံတစ်ပုံကို မူဆယ်ဈေးကွက်ဆီ တင်ပို့နေပြီး ကျန်ဆန်ကွဲများကို ပင်လယ်ရေကြောင်းမှတဆင့် ပြည်ပနိုင်ငံများကို တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးသန်းဦးထံမှ သိရပါတယ်။


တင်ပို့တဲ့အခါ စက်မှုကုန်ကြမ်းအဖြစ် လိုင်စင်နဲ့ တင်ပို့နေခြင်းအပြင် ကြိုက်ဈေးဖြင့် ဝယ်ယူစုဆောင်းမှုများလည်း ရှိနေပါတယ်။

 


ဘုရင့်နောင်ကုန်စည်ဒိုင်ကို ဇွန်လ (၂၄) ရက်က ဆန်ကွဲအိတ်ရေ နှစ်သောင်းဝန်းကျင် ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းလည်း မြင့်တက်လျက်ရှိကြောင်း သိရပါတယ်။

 


Read More >>>>>  အီးယူကို မွေးမြူရေးငါးများ လက်ရှိအချိန်အထိ တင်ပို့နိုင်ခြင်းမရှိသေး

 


အခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း တရုတ်နိုင်ငံနဲ့ Border Trade နိုင်ငံများ၊ ဥရောပသမဂ္ဂနိုင်ငံများ၊ အာဖရိကနိုင်ငံများအပါအဝင် တခြားနိုင်ငံပေါင်း (၂၈) နိုင်ငံကို ပင်လယ်ရေကြောင်းမှတဆင့် ဆန်ကွဲတန်ချိန် (၃ဝ၆၉၉၈.၂၆ဝ) ကို ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

 

Source: Myawady

Read times
Rate this item
(1 Vote)