Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယူကရိန်း ကောက်နှံစေ့များ ဖွံ့ဖြိုးဆဲကမ္ဘာသို့ မရောက်ဘဲ ဥရောပသို့ ပေးပို့နေဟု ပူတင် ဝေဖန်

ယူကရိန်း ကောက်နှံစေ့များ ဖွံ့ဖြိုးဆဲကမ္ဘာသို့ မရောက်ဘဲ ဥရောပသို့ ပေးပို့နေဟု ပူတင် ဝေဖန်

 

ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းကို ဖြစ်စေသော ပိတ်ဆို့ ထားမှုကို ဖွင့်ပေးလိုက်ပြီး ယူကရိန်း ဆိပ်ကမ်းများမှ ဂျုံစေ့များအပါအဝင် ကောက်နှံစေ့များကို သင်္ဘောများဖြင့် ပို့ဆောင်လျက် ရှိရာတွင်  ဖွံ့ဖြိုးဆဲနိုင်ငံများထံသို့ မရောက်ရှိဘဲ  ဥရောပ သို့ ရောက်ရှိ နေသည်ဖြစ်ရာ သဘောတူညီချက်မှ ရရှိသည့် အကျိုးကျေးဇူးများမှာ ဥရောပအတွက် ဖြစ်နေသည်ဟု  ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့သည်။

 

 ရုရှားနှင့် ယူကရိန်းတို့အကြား ကုလသမဂ္ဂနှင့် တူရကီတို့က ကြားဝင်စေ့စပ်ပေးခဲ့ပြီး ယူကရိန်းမှ ကောက်နှံစေ့များကို သင်္ဘောများဖြင့် တင်ပို့ခွင့် ရရှိခဲ့သည်။ 

ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို လျှော့ချလိုက်ခြင်းဟု ကုလသမဂ္ဂက ချီးကျူးခဲ့သည်။

ယခုအခါ သဘောတူညီချက်ကို မည်သို့ ကျင့်သုံးနေသည်ကို ရုရှားက မေးခွန်းထုတ်နေသည်။ 

သဘောတူညီချက်ကို ပြင်ဆင်ချက်ပြုခဲ့ရာ ကောက်နှံစေ့အပြင် ဓာတ်မြေဩဇာကိုပါ တင်ပို့ခွင့် ခွင့်ပြုပေးခဲ့သည်။ 

 

“ယူကရိန်းကနေ တင်ပို့တဲ့ ကော်နှံစေ့တွေ အားလုံးနီးပါးကို အဆင်းရဲဆုံး ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ မပို့ဘဲ အီးယူနိုင်ငံတွေဆီကို ပို့နေတယ်" ဟု ပူတင်က ပြောကြားသည်။

 

ယူကရိန်းနှင့် ရုရှား နှစ်နိုင်ငံစလုံးသည် ဂျုံနှင့် အခြားကောက်နှံစေ့များ အများဆုံး တင်ပို့သည့် နိုင်ငံများဖြစ်သည်။

 

ပူတင်သည် ဥရောပနိုင်ငံများကို "ကိုလိုနီဝါဒီများ" အဖြစ် စွပ်စွဲပြီး "ဖွံ့ဖြိုးဆဲနိုင်ငံများကို  းရှင်းရှင်းလေး တစ်ဖန် လှည့်စားပြန်ခြင်း" ဟု ပြောကြားခဲ့သည်။

 

"ဒီလမ်းကြောင်းတလျှောက် ကောက်နှံစေ့နဲ့ တခြားထွက်ကုန်တွေ တင်ပို့မှုကို ကန့်သတ်ဖို့ စဉ်းစားသင့်တယ်" ပူတင်က ပြောသည်။

 

ဇူလိုင်လ သဘောတူညီချက်သည် ရက်ပေါင်း ၁၂၀ သက်တမ်းရှိပြီး နောက်ထပ်ညှိနှိုင်းမှုမရှိဘဲ အလိုအလျောက်သက်တမ်းတိုးနိုင်သည်။ သို့သော် သက်တမ်းတိုးရန်အတွက် ရုရှားနှင့် ယူကရိန်း ၂ နိုင်ငံစလုံးက လက်မှတ်ရေးထိုးဖို့ လိုအပ်သည်။ 

 

အစ္စတန်ဘူလ်မြို့ရှိ သဘောတူညီချက်အပေါ် အကောင်အထည်ဖော်မှုကို စောင့်ကြည့်လေ့လာသည့် ပူးပေါင်းဗဟိုဌာနမှ စုဆောင်းရရှိသည့် တရားဝင်အချက်အလက်များအရ  ယူကရိန်းမှ တင်ပို့သည့် ကောက်နှံစေ့များ၏ ၃၀ ရာခိုင်နှုန်းသည် "နိမ့်ပါးသော ဝင်ငွေ နိုင်ငံများနှင့် အလယ်အလတ် ဝင်ငွေနိုင်ငံများ" သို့ ရောက်ရှိနေကြောင်း သိကြရသည်။ 

 

တူရကီနိုင်ငံက ၂၀% ရယူနေသည်။ စပိန်က ၁၅% ရယူနေသည်။ အီဂျစ်က ၁၀% ရယူနေသည်။ 

ပို့ဆောင်လိုက်သည့် ကောက်နှံစေ့များကို တစ်ဆင့် ပြန်ရောင်းချနေကြသည်။ သို့ဖြစ်ရာ တကယ်ရောက်ရှိသွားသည့် ခရီးဆုံးနိုင်ငံကို သိဖိုခဲ့ယဉ်းနေသည်။  ပူးပေါင်းဗဟိုဌာနအနေဖြင့် မသိရပေ။ 

ယူကရိန်းက ဂျုံစေ့အဖြစ်ဖြင့် တင်ပို့သည် ဖြစ်ရာ ကြားခံနိုင်ငံတွင် ဂျုံကြိတ်ပြီး ဂျုံအချောကို ပြန်လည်တင်ပို့ခြင်းများလည်း ဖြစ်ပေါ်နေသည်။ 

"အခြေအနေက တစ်နည်းတစ်ဖုံ တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်" ဟု ပူတင်က ပြောကြားသည်။ 

Source: bangkopost

#MyanmarFoodIndustryGuide

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)