Food & Livestock



ကမ္ဘောဒီးယားဆန် တန်ချိန် ၂ သိန်းခွဲ အင်ဒိုနီးရှား ဝယ်ယူရန် သဘောတူညီမှု ရရှိ

ကမ္ဘောဒီးယားဆန် တန်ချိန် ၂ သိန်းခွဲ အင်ဒိုနီးရှား ဝယ်ယူရန် သဘောတူညီမှု ရရှိ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

အင်ဒိုနီးရှားနိုင်ငံသည် တစ်နှစ်လျှင် ဆန်တန်ချိန် ၂၅၀,၀၀၀ ဝယ်ယူရန် ကမ္ဘောဒီးယားအစိုးရထံမှ သဘောတူညီမှုရရှိခဲ့ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက တနင်္လာနေ့(စက်တင်ဘာ ၄)တွင် ပြောကြားခဲ့သည်။

 

အိန္ဒိယသည် ပြည်တွင်း  စားနပ်ရိက္ခာဖူလုံရေးမူဝါဒ၏ ဆောင်ရွက်ချက်အနေဖြင့် အင်ဒိုနီးရှားသို့ ဆန်တင်ပို့မှုကို ရပ်ဆိုင်းရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်ကြောင့် အင်ဒိုနီးရှားက ကမ္ဘောဒီးယားဆန် ဝယ်ယူရခြင်း ဖြစ်သည်။

 

“ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဆီကနေ ဆန်တန်ချိန် ၂၅၀,၀၀၀ တင်သွင်းမယ့် အင်ဒိုနီးရှားရဲ့ ရည်ရွယ်ချက်အပေါ် ကမ္ဘောဒီးယားက အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို ကျေးဇူးတင်မိပါတယ်”ဟု သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားသည်။

 

သမ္မတသည်  ကမ္ဘောဒီးယားဝန်ကြီးချုပ်အသစ် ဟွန်မာနက်နှင့် ဂျကာတာမြို့ရှိ နိုင်ငံတော်နန်းတော်၌ တွေ့ဆုံခဲ့ပြီးနောက် ဆန်ကိစ္စကို အသိပေးပြောကြားခဲ့သည်။

အပြန်အလှန်အားဖြင့် အင်ဒိုနီးရှားသည် ဓာတ်မြေဩဇာကို ကမ္ဘောဒီးယားသို့ တင်ပို့မည် ဖြစ်သည်ဟု သမ္မတက ပြောကြားသည်။

 

ကနဦးတွင် အင်ဒိုနီးရှားသည် အိန္ဒိယမှ ဆန်တန်ချိန် ၁ သန်း တင်သွင်းရန် စီစဉ်ခဲ့သော်လည်း အိန္ဒိယ အစိုးရက ငြင်းပယ်ခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က ပြောကြားခဲ့သည်။

 

Zulkifli က လက်ရှိ ဆန်ထောက်ပံ့မှုမှာ ဖူလုံမှု ရှိနေဆဲဟု ဆိုသည်။ နိုင်ငံပိုင် လုပ်ငန်း Bulog ကို ထိုင်းနှင့် ဗီယက်နမ်တို့ထံမှ ဆန်တန်ချိန် ၂ သန်း ဝယ်ယူရန် တာဝန်ပေးထားကြောင်း ၎င်းက ပြောကြားသည်။

 

အစိုးရ အချက်အလက်များအရ တနင်္လာနေ့အထိ Bulog ၏ ဂိုဒေါင်များတွင် ဆန်သိုလှောင်မှု တန်ချိန် ၁.၆ သန်းနီးပါး ရှိသည်။

ယခုနှစ်အတွင်း ဆန်တန်ချိန် ၄ သိန်း ထပ်မံရောက်ရှိလာမည် ဖြစ်သည်။

 

အယ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သော မိုးခေါင်ရေရှားမှုနှင့် စပါးရိတ်သိမ်းမှုဆိုင်ရာ အနှောင့်အယှက်များအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အင်ဒိုနီးရှား  အစိုးရသည် ရိက္ခာသိုလှောင်မှု တိုးမြှင့်ရန် တက်ကြွစွာ ဆောင်ရွက်လျက် ရှိသည်။

Source Jakarta Globe


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times
Rate this item
(0 votes)