Food & Livestock
၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွက် စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း
၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွက် စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း
အီတလီနိုင်ငံ၊ ရောမမြို့အခြေစိုက် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့( Food and Agriculture Organization- FAO) မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွက် စာနပ်ရိက္ခာဈေးနှုန်း ညွှန်းကိန်း (FAO Food price Index-FFPI) သည် ၁.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ပျမ်းမျှ ၁၃၈.၀ မှတ်ရှိခဲ့ရာ ငါးလဆက်တိုက် ကျဆင်းခဲ့မှုအဖြစ် မှတ်တမ်းဝင်ကြောင်း၊
FFPI ညွန်းကိန်းခွဲ(၅) ရပ်တွင်လည်း အသင့်အတင့် ကျဆင်းခဲ့ကြောင်း၊ နှံစားသီးနှံဈေးနှုန်းညွှန်းကိန်း (Cereal Price Index) မှာ ဩဂုတ်လတွင် ပျမ်းမျှ ၁၄၅.၂ မှတ်ရှိခဲ့ပြီး ဇူလိုင်လထက် ၂.၀ မှတ် (၁.၄ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊
အလားတူ ကမ္ဘာ့ဂျုံဈေးနှုန်းသည်လည်း သုံးလဆက်တိုက်ကျဆင်းခဲ့ရာ ၅.၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ အထူးသဖြင့် ကနေဒါ၊ အမေရိကန်နှင့် ရုရှားနိုင်ငံတို့တွင် ထုတ်လုပ်မှုတိုးတက်ကောင်းမွန်လာမှု၊ မြောက်ကမ္ဘာခြမ်းနိုင်ငံများတွင် ရာသီပေါ်သီးနှံများဖြစ် ထွန်းမှုနှင့် ယူကရိန်းနိုင်ငံ ပင်လယ်နက်ဆိပ်ကမ်းမှ သီးနှံများတင်ပို့မှုကို ပြန်လည်စတင်နိုင်မှု အခြေအနေတို့နှင့် ဆက်စပ်နေကြောင်း၊
သို့သော်လည်း ကမ္ဘာ့ဂျုံဈေးနှုန်းမှာ ယခင်နှစ်ကထက် ၁၀.၆ ရာခိုင်နှုန်း မြင့်တက်ဆဲဖြစ်ကြောင်း၊
ကမ္ဘာ့ဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်းမှာ ၀.၂ ရာခိုင် နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ဥရောပနှင့် အမေရိကန်နိုင်ငံတို့တွင် ရာသီဥတုပူပြင်းခြောက်သွေ့ပြီး ပြောင်းသီးနှံအထွက် လျှော့နည်းခဲ့မှုကြောင့် ကမ္ဘာ့ပြောင်းဆံဈေးနှုန်းမှာ ၁.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊
ဟင်းသီးဟင်းရွက်ဆီဈေးနှုန်းညွှန်းကိန်း(Vegetable Oil Price Index) မှာ ဇူလိုင်လတွင် ပျမ်းမျှ ၁၇၁.၁ မှတ်ရှိခဲ့ပြီး၊ ယင်းသည် ဇွန်လအောက် ၄၀.၇ မှတ် (၁၉.၂ ရာခိုင်နှုန်း)ကျဆင်းခဲ့ကြောင်း၊
နို့ထွက်ပစ္စည်းများ၏ ဈေးနှုန်း ညွှန်းကိန်း (Dairy Price Index) မှာ ဩဂုတ်လတွင် ပျမ်းမျှ ၁၆၃.၃ မှတ်ရှိခဲ့ပြီး ၃.၃ ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ကြောင်း၊
ယင်းသို့ ညွှန်းကိန်းဆက်တိုင်ကျဆင်းမှုသည် ကမ္ဘာ့ဈေးကွက်တွင် စားအုန်းဆီ၊ နေကြာဆီ၊ မုန်ညှင်းဆီနှင့် ပဲပိစပ်ဆီဈေးနှုန်းများ ကျဆင်းခဲ့မှု တို့ကြောင့်ဖြစ်ကြောင်း၊
စားအုန်းဆီ အဓိကတင်ပို့သည် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီတင်ပို့မှု မြင့်တက်ခဲ့ပြီး၊ တင်ပို့ခွန်ကို လျှော့ပေါ့ပေးမှုနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ရာသီပေါ်ဆီ ထုတ်လုပ်မှုမြင့်မားခဲ့သည့်အတွက် ကမ္ဘာ့စားအုန်းဆီဈေးနှုန်းမှာလည်း ကျဆင်းခဲ့ကြောင်း၊
ယူကရိန်းဆိပ်ကမ်းများမှ တင်ပို့မှုကို ပြန်လည်စတင်နိုင်မှုတို့ကြောင့် ကမ္ဘာ့နေကြာဆီဈေးနှုန်း မှာလည်း ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် ကမ္ဘာ့ပဲဆီဈေးနှုန်းမှာ အမေရိကန်နိုင်ငံတွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဈေးနှုန်းအနည်းငယ်ပြန်လည် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
နို့ထွက်ပစ္စည်းများ၏ ဈေးနှုန်း ညွှန်းကိန်း (Dairy Price Index) မှာ ဩဂုတ်လတွင် ပျမ်းမျှ ၁၄၃.၅ မှတ်ရှိခဲ့ပြီး ဇူလိုင်လထက် ၃.၀ မှတ် (၂.၀ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊
နို့ထွက်ပစ္စည်းများ အဓိကတင်သွင်းသည့်နိုင်ငံများမှ ဝယ်လိုအားနည်းပါးခဲ့ခြင်းနှင့် လက်ငင်းလို အပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်လျက်ရှိသေးခြင်းကြောင့် ကမ္ဘာ့ဈေးကွက်တွင် ထောပတ် နှင့် နို့မှုန့်ဈေးနှုန်းမှာ ကျဆင်းခဲ့ကြောင်း၊
သို့ရာတွင် ခရီးသွားဧည့်သည် လည်ပတ်မှုများပြားသည့် ဥရောပနိုင်ငံများတွင် မြင့်တက်ခဲ့မှုကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်ခဲ့ပြီး ဒိန်ခဲ ဈေးနှုန်းမှာ ကိုးလဆက်တိုက်မြင့်တက်ခဲ့ကြောင်း၊
အသားဈေးနှုန်းညွှန်းကိန်း (Meat Price Index) ဩဂုတ်လတွင် ပျမ်းမျှ ၁၂၂.၇ မှတ်ရှိခဲ့ပြီး ဇူလိုင်လထက် ၁.၈ မှတ် (၁.၅ ရာခိုင်နှုန်း) ကျဆင်းခဲ့ကြောင်း၊
အသားအဓိကတင်သွင်းသည့်နိုင်ငံများမှ ဝယ်လိုအားကျဆင်းခဲ့ခြင်းနှင့် နိုင်ငံအချို့မှ တိုးမြှင့်တင်ပိုနိုင်မှုတို့ကြောင့် ကမ္ဘာ့ဈေးကွက်တွင် ကြက်၊ ဘဲစသည့် အသားဈေးနှုန်း မှာ ကျဆင်းခဲ့ကြောင်း၊
အလားတူ အမဲသားအဓိကတင်ပို့သည့် နိုင်ငံအချို့မှ တင်ပို့မှုမြင့်တက်ခဲ့မှု နှင့် ဩတြေးလျနိုင်ငံမှ အမဲသားပိုမိုတင်ပိုနိုင်ခဲ့မှုကြောင့် အမဲသားဈေးနှုန်းမှာလည်း ကျဆင်းခဲ့ ကြောင်း၊
သို့ရာတွင် ဝက်သားတင်ပို့မှု ဆက်လက်ကျဆင်းခဲ့သည့်အတွက် ဝက်သားဈေးနှုန်းမှာ အတက်ဘက်တွင် ရှိခဲ့ကြောင်း၊
သကြားဈေးနှုန်းညွှန်းကိန်း (Sugar Price Index) မှာ ဩဂုတ်လတွင် စတုတ္ထမြောက်လအနေဖြင့် ဆက်လက်ကျဆင်းခဲ့ပြီး ပျမ်းမျှ ၁၁၀.၄ မှတ်ရှိခဲ့ ကြောင်း၊
အန္ဒိယမှ သကြားတင်ပို့မှုမြင့်တက်ခြင်းနှင့် ဘရာဇီးလ်နိုင်ငံတွင် အီသနောဈေးနှုန်း ကျဆင်းခဲ့သည့်အတွက် ကြံများကို သကြားထုတ်လုပ်သည့်ဘက်တွင် ပိုမိုအသုံးပြုနိုင်မည့် မျှော် လင့်ချက်များ မြင့်တက်လာသည့်အတွက် သကြားဈေးနှုန်းအကျဘက်တွင် ရှိခဲ့ကြောင်း သိရှိရပါသည်။
Source : Market Information Service- DOP- MOALI
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U



