Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပုစွန် စမ်းသပ် မွေးမြူရေးလုပ်ငန်း အောင်မြင်သည့် အတွက် တိုးချဲ့ လုပ်ကိုင်မည်

မွန်ပြည်နယ်  ချောင်းဆုံမြို့နယ်  ခရိုက်နှီးဟု ကျေးရွာအုပ်စု တော်ပကောက်ကွင်း၌ ဘီလူးကျွန်းဒေသဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီ (မလေးရှား)တို့ ဖက်စပ်လုပ်ကိုင်နေသည့်

ပုစွန်စမ်းသပ် မွေးမြူရေးလုပ်ငန်း အောင်မြင် သည့်အတွက် တိုးချဲ့လုပ်ကိုင်သွားရန်ရှိကြောင်း သိရသည်။

 

''၂ဝ၁၈ ခုနှစ် မတ်၊ ဧပြီလလောက်မှာ ကဏန်းနဲ့ပုစွန်တွေ စမ်းသပ်မွေးမြူနိုင်ဖို့ လုပ်ငန်းလုပ်ကွက်တွေ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့တယ်။

 

လက်ရှိအခြေအနေမှာ ဧက ၂ဝ အတွင်း   ကန်ခြောက်ကန် တူးဖော်ပြီး     ပုစွန်စမ်းသပ်မွေးမြူခဲ့ရာ အောင်မြင်မှုတွေရှိတဲ့အတွက်    ကုမ္ပဏီကဝယ်ယူထားပြီးဖြစ်တဲ့  ဧက  ၂ဝဝ လုံးကို  လုပ်ငန်းတိုးချဲ့ လုပ်ကိုင်သွားမယ်''ဟု ဘီလူးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက် မန်နေးဂျင်း ဒါရိုက် တာ ဦးတင်ထွဋ်ကပြောသည်။

 

စမ်းသပ်မွေးမြူထားသော  ပုစွန်များကို ယခုရက်များတွင်ဖမ်းယူပြီး     ဈေးကွက်သို့တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း၊    ၂ ဧက ကျော်ရှိ ကန်တစ်ကန်ကို ပုစွန်အလေးချိန် လေးတန်ခွဲ၊ ငါးတန်အထိရရှိသည်။

 

ယခုအခါ   ပုစွန်များကို   ရန်ကုန်နှင့် မော်လမြိုင်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ်  ၁ဝ၅ဝဝ ရရှိကြောင်း သိရသည်။   

 

Source: Myawaddy

Read times Last modified on Saturday, 16 February 2019 13:58
Rate this item
(1 Vote)