Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သီရိလင်္ကာမှ မြန်မာ့ဆန်ဝယ်ယူဖို့ ကမ်းလှမ်း

သီရိလင်္ကာမှ မြန်မာ့ဆန်ဝယ်ယူဖို့ ကမ်းလှမ်း g

သီရိလင်္ကာနိုင်ငံအနေနဲ့ မြန်မာ့ဆန်ကို အစိုးရအချင်းချင်း G to G စနစ်နဲ့ ဝယ်ယူဖို့ကမ်းလှမ်းထားတယ်လို့

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။


သီရိလင်္ကာနိုင်ငံအနေနဲ့ ဒီနှစ်ထဲမှာ ရာသီဥတုဖောက်ပြန်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလထဲကပဲ ပြည်ပကနေ ဆန်တွေကိုတင်ဒါစ နစ်နဲ့ ဝယ်ယူဖို့တင်ဒါခေါ်ယူခဲ့တာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ကတော့ ဒီတင်ဒါခေါ်ယူမှုနဲ့ ပတ်သက်ပြီးဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိသေးပဲ သီရိလင်္ကာနိုင်ငံကနေ ကမ်းလှမ်းထားတဲ့ G to G စနစ်နဲ့ ဝယ်ယူဖို့ ကမ်းလှမ်းချက်အပေါ်မှာပဲ နှစ်နိုင်ငံဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

 

အစိုးရအနေနဲ့ အခုလိုသီရိလင်္ကာနိုင်ငံသို့ ဆန်တင်ပို့ရာမှာတင်ဒါစနစ်နဲ့ ရောင်းချတာက အရည်အသွေးပိုင်းမှာ ပြဿနာမရှိပေမဲ့ ဈေးနှုန်းပိုင်းမှာအခက်အခဲရှိနိုင်တာကြောင့် G to G စနစ်နဲ့ရောင်းချနိုင်ရေးကိုပိုပြီး အလေးပေးဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

လက်ရှိမှာတော့ မြန်မာနိုင်ငံအနေနဲ့ ပြည်ပသို့ဆန်တင်ပို့ရာမှာ G to G စနစ်နဲ့တင်ပို့တဲ့နိုင်ငံမရှိသေးပဲ ပုဂ္ဂလိကကဏ္ဍကနေသာ တင်ပို့နေတာဖြစ်ပါတယ်။

 

လက်ရှိဘဏ္ဍာနှစ်ပြည်ပသို့ဆန်တင်ပို့မှုဟာ ပြည်ပနိုင်ငံပေါင်း ၅၀ ကျော်နဲ့ကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပြီး အများဆုံးတင်ပို့နေတာက တရုတ်နိုင်ငံဖြစ်ပါတယ်။ ဒုတိယအများဆုံးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်ပါတယ်။

 

လက်ရှိမှာ မြန်မာ့ဆန်ကို ပြည်ပသို့တင်ပို့နိုင်မှုပိုမိုမြင့်တက်နေတယ်ဆိုပေမဲ့လည်း အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ တစ်နှစ်ကို ဆန်တန်ချိန် ၁၀ သန်းကျော်တင်ပို့နိုင် နေတာကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒီထက်ပိုမိုတင်ပို့နိုင်ဖို့များစွာ လိုအပ်နေသေးကြောင်း သိရပါတယ်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေနဲ့ကတော့ လက်ရှိမှာ ဆန်တင်ပို့မှုတိုးတက်လာစေဖို့အတွက် အရည်အသွေးနဲ့အရေအတွက် ဈေးကွက်တွေကို ဆန်စပါးအမျိုးအစားအလိုက် ထုတ်လုပ်တင်ပို့နိုင်ရေးဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

 

Source: Kumudra

Read times Last modified on Tuesday, 18 September 2018 15:44
Rate this item
(1 Vote)