Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဝယ်လက်များလာမှုကြောင့် ပဲစင်းငုံအသစ်များ ရက်ပိုင်းအတွင်း ဆက်တိုက်ဈေးမြင့်လာ

ဝယ်လက်များလာမှုကြောင့် ပဲစင်းငုံအသစ်များ ရက်ပိုင်းအတွင်း ဆက်တိုက်ဈေးမြင့်လာ google.com

ဇန်နဝါရီလလယ်ပိုင်းတွင် စတင်ပေါ်ထွက်လာသည့် ပဲစင်းငုံအသစ်များ မန္တလေးဈေးကွက်သို့ အဖွင့်ဈေး ကျဆင်းစွာ ဝင်ရောက်လာသော်လည်း ဖေဖော်ဝါရီ ၁ ရက်တွင် ဝယ်လက်များလာမှုကြောင့် ဈေးပြန်လည် မြင့်တက်လာကြောင်း မန္တလေးဈေးကွက်မှ သိရသည်။

 

အိန္ဒိယနိုင်ငံမှ အဝယ်ရပ်နားထားသဖြင့် ဈေးကျင်းနေသော ပဲစင်းငုံသည် ယခုနှစ်ထွက်ပေါ်ချိန်တွင်လည်း သုံးတင်းဝင်တစ်အိတ် လျှင် ငွေကျပ် ၃၃၀၀၀ နှုန်းဖြင့် ဖွင့်ဈေးကျဆင်းကာ ဝင်ရောက်လာသော်လည်း ယခု ဖေဖော်ဝါရီ ၃ ရက်တွင် ကျပ် ၄၀၀၀၀ ထိ မြင့်တက်လာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့် (စိုးဝင်းမြင့်ပွဲရုံ) က ပြောသည်။

 

“ အားလုံးစိတ်ဝင်စားနေတဲ့ ပဲစင်းငုံဈေးတက်ရတဲ့အကြောင်းက မနှစ်က အရှုံးနဲ့ ကြုံတွေ့ခဲ့ရတဲ့ လှောင်သမားတွေ အချင်းချင်း ဈေးညှိပြီး ဝယ်ကြတယ်၊ နောက်တစ်ချက်က အိန္ဒိယမှာလည်း မနှစ်ကလို အထွက်နှုန်းမကောင်းဘူးလို့ ကြားရတဲ့အတွက် ကြိုတင်ဝယ်ယူမှုတွေနဲ့အတူ တခြားနိုင်ငံတွေကလည်း ဝယ်ယူမှုတွေရှိလာတော့ ဈေးတက်လာတပါ။

 

ဒီအတိုင်းဆို အရှုံးပေါ်လို့ စိတ်ဓါတ်ကျပြီး ပဲစိတ်ကုန်လို့ အမည်ပြောင်ပေးထားတဲ့ ပဲစင်းငုံသီးနှံကတော့ တောင်သူနဲ့ ကုန်သည်တွေအတွက် အဓိက အားထားရတဲ့ သီးနှံပြန်ဖြစ်လာဖို့ မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီလို့ ဆိုနိုင်ပါတယ် ” ဟု ၄င်းက ပြောသည်။

 

ပဲစင်းငုံသည် ရာသီဥတုဒဏ်ခံနိုင်ပြီး စိုက်ပျိုးရန်လွယ်ကူသည့် သီးနှံဖြစ်သည့်အပြင် ပိုးသတ်ဈေးနှင့် ဓာတ်မြေသြဇာ သုံးစွဲမှုစရိတ်သက်သာသောကြောင့် အိန္ဒိယမှ အဝယ်ရပ်နားထားသော်လည်း မြန်မာတောင်သူများအနေဖြင့် စိုက်ပျိုးမှုကို လျှော့ချခြင်းမရှိကြောင်း သိရသည်။

Source: TheMirrorDaily

Read times Last modified on Tuesday, 18 September 2018 15:48
Rate this item
(1 Vote)