Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပျိုးခင်းမလိုသည့် စပါးပျိုးထောင်နည်းသစ်အကြောင်း သိကောင်းစရာ

Unicode ဖြင့်ဖတ်ရန်

 

ပျိုးခင်းမလိုသည့် စပါးပျိုးထောင်နည်းသစ်အကြောင်း သိကောင်းစရာ


တောင်သူများအနေဖြင့် ရေကြီးရေလွှမ်းဒေသတွင် စပါးခင်းများ ရေနစ်မြုပ်ပျက်စီးပြီး ပျိုးထောင်ရန် ပျိုးခင်းလယ်မြေလည်း ရေနစ်မြုပ်ဆဲဖြစ်ပါက စပါးအချိန်မီ ပြန်လည်စိုက်ပျိုးရေးအတွက် ပျိုးအမြန် လိုအပ်မှာဖြစ်ပါတယ်။

 

အခုလိုကြုံတွေ့နေရတဲ့ တောင်သူများအတွက် ပျိုးခင်းမလိုတဲ့ ပျိုးထောင်နည်းသစ်ကို ဖော်ပြပေးလိုက်ပါတယ်။ ၎င်းပျိုးထောင်နည်းသစ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

ISO Certificate Training Classes ISO လက္မွတ္ရ သင္တန္းေပါင္း ၃ ခုကိုရွာရန္ႏွိပ္ပါ။

 

- အိမ် (သို့မဟုတ်) လယ်တဲဝန်းကျင်ရှိ ကုန်းမြင့်မြေဟာ ပျိုးထောင်ရန်နေရာ ဖြစ်ပါတယ်။

 

- ၎င်းမြေသားပေါ်မှာ ပလပ်စတစ်စ (သို့မဟုတ်) ငှက်ပျောရွက်ခင်း၊ သစ်သား (သို့မဟုတ်) ဝါးခြမ်းဖြင့် တစ်ပေ၊ တစ်ပေခွဲခန့် အကန်ငယ်များဖြစ်ပေါ်အောင် ဘောင်ခတ်ရပါမယ်။

 

- မြေမှုန့် (၇၀) မှ (၈၀) ရာခိုင်နှုန်း၊ ကောင်းစွာဆွေးမြေ့နေတဲ့ မြေဆွေး (၁၅) မှ (၂၀) ရာခိုင်နှုန်း၊ စပါးခွံ (သို့မဟုတ်) ဖွဲပြာ (၅) မှ (၁၀) ရာခိုင်နှုန်းအရောကို အကန့်ငယ်များအတွင်း ဖြည့်တင်းရပါမယ်။

 

- ပြီးနောက် (၂၄) နာရီ ရေစိမ်၊ (၂၄) နာရီ မျိုးအုပ်ထားတဲ့ အညှောင့်ဖောက် စပါးမျိုးစေ့များကို မြေဆီလွှာအရောပေါ် ပါးပါးကြဲ၊ မြေမှုန့်အခြောက်ဖြင့် ခတ်ပါးပါးဖုံး၊ စိုစွတ်ရုံ ရေလောင်းကာ ပျိုးထောင်ရန်ဖြစ်ပါတယ်။

 

နောက်ရက်များမှာတော့ ရေလောင်း၊ လိုအပ်သလို ပြုစုဂရုစိုက်ရန် လိုအပ်ပါတယ်။

 

၎င်းနောက် ပျိုးသက် (၁၅) မှ (၂၀) ရက်သားတွင် ဖျာငယ်သဖွယ် ပျိုးချပ်များကို သယ်ယူကာ စိုက်ခင်းတွင် ကောက်စိုက်နိုင်မှာဖြစ်ပါတယ်။

 

ဒီနည်းဟာ လုပ်အား လိုအပ်မှုနည်းပါတယ်။ ဒါ့ပြင် ပျိုးပင်အမြစ်များ မထိခိုက် မပျက်စီးတဲ့အပြင် အလွယ်တကူ ဆောင်ရွက်နိုင်တဲ့ နည်းစနစ်ဖြစ်ပါတယ်။

 

Read More >>>>>  ေထာပတ္သီး စိုက္ပ်ဳိးသူမ်ား ဝင္ေငြေကာင္း

 

ဖျာငယ်သဖွယ် ပျိုးချပ်များကို ရရှိစေတဲ့ ပျိုးထောင်နည်းသစ် ဖြစ်တဲ့အတွက် Modified Mat Nursery လို့ အသိများပါတယ်။

 

 

ပ်ိဳးခင္းမလိုသည့္ စပါးပ်ိဳးေထာင္နည္းသစ္အေၾကာင္း သိေကာင္းစရာ

 

ေတာင္သူမ်ားအေနျဖင့္ ေရႀကီးေရလႊမ္းေဒသတြင္ စပါးခင္းမ်ား ေရနစ္ျမဳပ္ပ်က္စီးၿပီး ပ်ိဳးေထာင္ရန္ ပ်ိဳးခင္းလယ္ေျမလည္း ေရနစ္ျမဳပ္ဆဲျဖစ္ပါက စပါးအခ်ိန္မီ ျပန္လည္စိုက္ပ်ိဳးေရးအတြက္ ပ်ိဳးအျမန္ လိုအပ္မွာျဖစ္ပါတယ္။

 

အခုလိုႀကံဳေတြ႔ေနရတဲ့ ေတာင္သူမ်ားအတြက္ ပ်ိဳးခင္းမလုိတဲ့ ပ်ိဳးေထာင္နည္းသစ္ကို ေဖာ္ျပေပးလိုက္ပါတယ္။ ၎ပ်ိဳးေထာင္နည္းသစ္မွာ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

 

- အိမ္ (သို႔မဟုတ္) လယ္တဲဝန္းက်င္ရွိ ကုန္းျမင့္ေျမဟာ ပ်ိဳးေထာင္ရန္ေနရာ ျဖစ္ပါတယ္။

 

- ၎ေျမသားေပၚမွာ ပလပ္စတစ္စ (သို႕မဟုတ္) ငွက္ေပ်ာရြက္ခင္း၊ သစ္သား (သုိ႕မဟုတ္) ဝါးျခမ္းျဖင့္ တစ္ေပ၊ တစ္ေပခြဲခန္႔ အကန္ငယ္မ်ားျဖစ္ေပၚေအာင္ ေဘာင္ခတ္ရပါမယ္။

 

- ေျမမႈန္႔ (၇၀) မွ (၈၀) ရာခိုင္ႏႈန္း၊ ေကာင္းစြာေဆြးေျမ႕ေနတဲ့ ေျမေဆြး (၁၅) မွ (၂၀) ရာခုိင္ႏႈန္း၊ စပါးခြံ (သုိ႕မဟုတ္) ဖြဲျပာ (၅) မွ (၁၀) ရာခိုင္ႏႈန္းအေရာကို အကန္႕ငယ္မ်ားအတြင္း ျဖည့္တင္းရပါမယ္။

 

ISO Certificate Training Classes ISO လက္မွတ္ရ သင္တန္းေပါင္း ၃ ခုကိုရွာရန္ႏွိပ္ပါ။

 

- ၿပီးေနာက္ (၂၄) နာရီ ေရစိမ္၊ (၂၄) နာရီ မ်ိဳးအုပ္ထားတဲ့ အေညွာင့္ေဖာက္ စပါးမ်ိဳးေစ့မ်ားကို ေျမဆီလႊာအေရာေပၚ ပါးပါးၾကဲ၊ ေျမမႈန္႔အေျခာက္ျဖင့္ ခတ္ပါးပါးဖုံး၊ စိုစြတ္ရုံ ေရေလာင္းကာ ပ်ိဳးေထာင္ရန္ျဖစ္ပါတယ္။

 

ေနာက္ရက္မ်ားမွာေတာ့ ေရေလာင္း၊ လိုအပ္သလို ျပဳစုဂရုစုိက္္ရန္ လိုအပ္ပါတယ္။

 

၎ေနာက္ ပ်ိဳးသက္ (၁၅) မွ (၂၀) ရက္သားတြင္ ဖ်ာငယ္သဖြယ္ ပ်ိဳးခ်ပ္္မ်ားကို သယ္ယူကာ စိုက္ခင္းတြင္ ေကာက္စိုက္နိုင္မွာျဖစ္ပါတယ္။

 

ဒီနည္းဟာ လုပ္အား လိုအပ္မွဳနည္းပါတယ္။ ဒါ့ျပင္ ပ်ိဳးပင္အျမစ္မ်ား မထိခိုက္ မပ်က္စီးတဲ့အျပင္ အလြယ္တကူ ေဆာင္ရြက္နုိုင္တဲ့ နည္းစနစ္ျဖစ္ပါတယ္။

 

Read More >>>>>  ေထာပတ္သီး စိုက္ပ်ဳိးသူမ်ား ဝင္ေငြေကာင္း

 

ဖ်ာငယ္သဖြယ္ ပ်ိဳးခ်ပ္မ်ားကို ရရွိေစတ့ဲ ပ်ိဳးေထာင္နည္းသစ္ ျဖစ္တဲ့အတြက္ Modified Mat Nursery လို႔ အသိမ်ားပါတယ္။

 

Source: Myanmar Rice Federationy

 

 

 

Read times Last modified on Monday, 17 February 2020 14:55
Rate this item
(0 votes)