Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှ တစ်နှစ်  အမေရိကန်ဒေါ်လာ  သန်း  ၁၅၀  ရရှိရန် ဧရာဝတီတိုင်း  ငါးတန်မွေးမြူရေးစီမံကိန်း တင်ပို့မည်

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ရှိ မြေဧက ၉၀ဝ ကျော်တွင် အကောင်အထည် ဖော်ဆောင်မည့် ငါးတန်မွေးမြူရေးစီမံကိန်းမှ တစ်နှစ်လျှင်

အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဝန်းကျင် ပြည်ပသို့ တင်ပို့နိုင်ရန် ထုတ်လုပ်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဌေးမြင့်က ပြောဆိုသည်။

 

သားဖောက်မည်
"ကျွန်တော်တို့ ဧက ၉၀ဝ ပေါ်မှာ စမ်းသပ် ပြီးတော့ စတင်လုပ်ကိုင်နေပါပြီ။ ရင်းနှီးမြှုပ်နှံမှု အနေနဲ့ သန်း၂၀ဝ ကနဦးရင်းနှီးမြှုပ်နှံဖို့ စီစဉ် ထားပါတယ်။ တစ်နှစ်ကို ပို့ကုန်ဒေါ်လာ သန်း ၁၅၀ ရနိုင်ဖို့ ကုန်ကြမ်းတန်ချိန် တစ်သိန်း ငါးသောင်းမွေးမြူနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။

(အပေါ်ယာပုံ)ဒီလိုမွေးမြူနိုင်ဖို့အတွက် ကျွန်တော်တို့ လောလောဆယ် မျိုးငါးတွေ ဆောင်ရွက်နေပါတယ်။ ဘီတာအကောင်ရေ တစ်သိန်းစုဆောင်းတာ ရာခိုင်နှုန်း ၆၀ ရရှိပြီး ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံးသားပေါက်ဖောက် နိုင်ဖို့အတွက်လည်း လုပ်ဆောင်နေပါပြီ"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဌေး မြင့်က ပြောဆိုသည်။

 

ခွင့်ပြုချက်ရရှိ
ငါးတန်မွေးမြူရေးစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်မည့် မြေနေရာကို သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုရှိမရှိြှုဃ အဖွဲ့ကိုယ်စား သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲ တမ်းအတွင်းဝန်အပါအဝင် တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ပြီး MIC ဥက္ကဋ္ဌသို့ အစီ ရင်ခံတင်ပြခဲ့ခြင်းကြောင့် ၂၀၁၉ နှစ်ဆန်းပိုင်း တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ဖိတ်ခေါ်မည်

အဆိုပါစီမံကိန်းနှင့်အတူ အစာစက်ရုံများ၊ အအေးခန်းစက်ရုံများကိုလည်း တွဲဖက်လုပ် ဆောင်သွားမည်ဖြစ်ပြီး လက်ရှိတွင် စက်ရုံများ တည်ဆောက်နေပြီဖြစ်၍ ရုပ်လုံးပုံပေါ်လာမှ သာ စိတ်ဝင်စားသော လုပ်ငန်းရှင်များ၊ ပြည်သူ များကို ရှယ်ယာဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းကဲ့သို့ အစုရှယ်ယာများ ခေါ်ယူရာ၌ လည်း ကုမ္ပဏီ၏လုပ်ငန်းထဲတွင် ရှယ်ယာ တန်ဖိုး သတ်မှတ်ရောင်းချခြင်း၊ လူကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ရန်အတွက် ရှယ်ယာများ ဖိတ်ခေါ်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်းအပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

Read More >>>>>  စင်ကာပူနိုင်ငံမှ ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်များ နေ့စဉ် နှစ်တန်မှာယူမှုရှိသော်လည်း တန်ဝက်သာ တင်ပို့နိုင်

"အလုပ်အကိုင်အခွင့်အလမ်းကတော့ သောင်းနဲ့ချီပြီးပေးနိုင်မယ်။ စက်ရုံတွေ၊ ကန် တွေ အပြည့်အစုံဖြစ်မယ်ဆိုရင် ရှစ်လလောက် အချိန်ယူရမယ်။ ဒီနှစ်ထဲမှာ အကုန်လုံးပြည့်စုံ သွားပြီးတော့ စပြီးထုတ်နိုင်မယ်လို့ မှန်းပါ တယ်။ ဒါပေမဲ့ Production ရောင်းရမှာတော့ နောက်နှစ်လောက်မှာ ရောင်းရမယ်"ဟု မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောဆိုသည်။

 

ရှယ်ယာခေါ်မည်

သို့သော် လက်ရှိတွင် အစုရှယ်ယာရှင်များ ဖိတ်ခေါ်ရန်အတွက် ရှယ်ယာတန်ဖိုးများကို သတ်မှတ်နိုင်ခြင်းမရှိသေးဘဲ ယင်းစီမံကိန်း အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်း ၂၀ဝ မှန်းထားသော်လည်း ကုန်ကျစရိတ်ပေါ်မူတည်၍ ရှယ်ယာသတ်မှတ် ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရင်းနှီးမြှုပ်နှံမည်

ယင်းမွေးမြူရေးစီမံကိန်းကို မည်သူမဆို ပါဝင်နိုင်ရန်လည်း Global Earth Public Co.,Ltd.  ဖွဲ့စည်းတည်ထောင်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ကနဦးရင်းနှီးမြှုပ်နှံသွားမည်ဖြစ် သည်။

 

Source: MM Time

Read times Last modified on Tuesday, 05 March 2019 16:07
Rate this item
(1 Vote)